Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

ဘဝတခုလုံးကိုဝါးမြိုသွားနိုင်တဲ့ သိမ်ငယ်စိတ်

  • All Blogs
  • Mental Health
  • ဘဝတခုလုံးကိုဝါးမြိုသွားနိုင်တဲ့ သိမ်ငယ်စိတ်
  • December 8, 2024 by
    Hsu Pyae Sone

    လူတွေဟာ ကိုယ်ခန္ဓာကျန်းမာရေးကိုသာ ဂရုစိုက်ကြပေမယ့် မိမိစိတ်ကလေး ဘယ်လိုဖြစ်နေမလဲဆိုတာ အရေးတယူခွဲခြမ်းစိတ်ဖြာကြသူရှားပါတယ်။စိတ်ကလေးနာကျင်နေလား၊စိတ်ကလေး 

    ဒေါသထွက်နေလား၊စိတ်ကလေး အရှက်ရနေလား အစသဖြင့် ဆန်းစစ်မိလို့ တခုခုများဖြစ်နေရင် ကိုယ့်ရဲ့စိတ်က မကျန်းမာတော့ဘူးဆိုပြီး ရှက်ရွံ့တတ်ကြပါတယ်။တကယ်တော့ မိမိစိတ်ကိုမိမိသိဖို့ လွန်စွာမှ အရေးကြီးလှပါတယ်။

    စိတ်ကလေးမကျန်းမာတဲ့အထဲမှာ တခုအပါအဝင်ဖြစ်တဲ့ သိမ်ငယ်စိတ် ဖြစ်ဖူးကြလား။ကျွန်မတော့ သိမ်ငယ်စိတ်ကိုခံစားရဖူးပါတယ်။လောကကြီးမှာ ကိုယ့်ရဲ့ဖြစ်တည်မှု သေးသေးလေးဖြစ်သွားပြီး အမှုန်အစအနလောက်ပဲကျန်တော့တဲ့အထိ ခံစားခဲ့ရဖူးပါတယ်။သိမ်ငယ်စိတ်ဆိုတာ နှစ်မျိုးခွဲခြားနိုင်ပါတယ်။တမျိုးကတော့ တပါးသူတွေက ကိုယ့်ထက်သာတယ်ဆိုတဲ့ အစွဲကြီးကြောင့် သိမ်ငယ်တာဖြစ်ပြီး တမျိုးကတော့ ကိုယ့်ကိုသိမ်ငယ်ခြင်းခံစားရအောင်လို့ တဖက်သားကတမင်ပြုလုပ်ထားတာပဲဖြစ်ပါတယ်။ကျွန်မကတော့ ဒုတိယအမျိုးအစားကို ခံစားခဲ့ရဖူးတာ ဖြစ်ပါတယ်။

    သိမ်ငယ်စိတ်ဖြစ်စေတဲ့အကြောင်းအရင်းတွေကတော့ တခြားသူနဲ့နှိုင်းယှဉ်ခံရခြင်း၊အသိအမှတ်ပြုမခံရခြင်း၊ကိုယ့်ရဲ့ရုပ်ရည်သွင်ပြင်နဲ့ မိသားစုကို လှောင်ပြောင်ခံရခြင်း၊လူမှုရေးပြဿနာများကြောင့် ဖယ်ကြဉ်ခံထားရခြင်း၊ဆွေမျိုးနဲ့သူစိမ်းတွေရဲ့ အနှိမ်ခံရခြင်း၊စိတ်ပိုင်းဆိုင်ရာပြင်းပြင်းထန်ထန်ထိခိုက်ရလောက်တဲ့အထိ ဖြစ်ရပ်များကြုံတွေ့ခဲ့ရခြင်း နဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်ခံရခြင်းတို့ကြောင့် သိမ်ငယ်စိတ်တွေဟာ ဖြစ်မှန်းမသိ ဖြစ်လာတတ်ပါတယ်။

    သိမ်ငယ်စိတ်စဖြစ်ခါစမှာ ခွန်အားအဖြစ်ပြောင်းလဲပြီး ကြိုးစားရင် အောင်မြင်မှုရနိုင်ပေမယ့် နဂိုထဲကစိတ်ထိခိုက်စရာရှိသူဆိုရင် မိမိတန်ဖိုးကိုတောင် မမြင်တော့ဘဲ စိတ်ဓာတ်ကအနက်ဆုံးချောက်ထဲထိ ထိုးကျတတ်ပါတယ်။ဒီလောက်ကြိုးစားပါရက်နဲ့ သူများတွေဆီက အသိအမှတ်ပြုခြင်း မခံရတာ၊ မျှော်လင့်ချက်ကြီးကြီးမားမား ထားသလောက် အလုပ်မဖြစ်တာ၊အမြင့်နေရာမှာ ရောက်နေတဲ့သူတွေနဲ့ အမြဲနှိုင်းယှဉ်ပြီး ကိုယ့်ဘဝကို တွေးရင်း အားငယ်တာတွေကြောင့် အသက်ရှင်နေရတဲ့ နေ့ရက်တိုင်းဟာ အဓိပ္ပါယ်မဲ့နေသလို ခံစားရပြီး အောက်ဆုံးအခြေအနေအထိ စိတ်ဓါတ်ကျသွားနိုင်ပါတယ်။အဆုံးသတ်မှာ ကိုယ့်ရဲ့ ဘဝကို အဆုံးစီရင်လိုက်သည်အထိ ဖြစ်လာနိုင်ပါတယ်။

    တကယ်တော့ ကျွန်မတို့ရဲ့စိတ်ကပဲ ကျွန်မတို့ကို ပြန်တိုက်ခိုက်ခြင်းဖြစ်ပါတယ်။တခြားသူရဲ့အတွေးကို ဂရုမစိုက်ဖို့၊အရာရာကို ကိုယ့်စိတ်နဲ့ မနှိုင်းယှဉ်ဖို့က ဒီနေရာမှာ အရေးကြီးပါတယ်။တခါတလေ ကိုယ်တွေးမိတဲ့အရာတွေက ကိုယ့်ကို ပိုပြီး သိမ်ငယ်စေရပါတယ်။ပတ်ဝန်းကျင်က သိသွားတဲ့အခါ အထင်သေးမှာ၊ ကဲ့ရဲ့ဝေဖန်ကြမှာ ကြောက်ရွံ့တာကြောင့် ကိုယ့်ရဲ့ စိတ်အခြေအနေကို လူတော်တော်များများက ဖွင့်မပြောပဲ ရင်ထဲမှာပဲ မြိုသိပ်ထားလိုက်ကြတယ်။မိမိရဲ့ စိတ်အခြေအနေလေးကနေမကောင်းဖြစ်နေရင်တော့ ရင်းနှီးသူတွေကိုရင်ဖွင့်ပြောပြတာမျိုး၊ဆွေးနွေးပေးသူအတိုင်ပင်ခံနဲ့ ယုံကြည်စွာတိုင်ပင်တာမျိုးတွေလုပ်ပြီး အမှောင်ထုထဲက ပြန်လည်ရုန်းထွက်လာဖို့ အားပေးပါရစေရှင်။

    ဒါ့အပြင် December 31 အထိ စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုများအတွက် 20% off ရှိကြောင်းလေးကိုလည်း လက်တို့လိုက်ပါစေနော်!


    👩‍⚕️ စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီးများနှင့် ဆေးခန်းပြရန် >>> https://mymedicine.com.mm/r/PsychiatristDec

    👩‍⚕️ စိတ်ကုထုံးဆရာဝန်ကြီးများနှင့် ဆေးခန်းပြရန် >>> https://mymedicine.com.mm/r/PsychotherapistDec








    in Mental Health
    Broken family က ကလေးတွေက ပိုပြီးလိမ္မာတတ်တာလား