Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

စိတ်ဖိစီးမှု နှင့် အိပ်မပျော်ခြင်း

  • All Blogs
  • Mental Health
  • စိတ်ဖိစီးမှု နှင့် အိပ်မပျော်ခြင်း
  • June 11, 2025 by
    Hsu Pyae Sone

    စိတ်ဖိစီးလို့ အိပ်မပျော်တာလား?

    အိပ်မပျော်လို့ စိတ်ဖိစီးတာပိုဆိုးတာလား?

    ဒီ ၂ ခုဟာ ကြက်မနဲ့ကြက်ဥ ဘယ်ကစဖြစ်သလဲဆိုတဲ့ မေးခွန်းလိုပဲအစရှာမရဖြစ်နေပါပြီ။စာဖတ်သူတွေထဲမှာရော စိတ်အဖိစီးလွန်ပြီး အိပ်မပျော်တတ်တဲ့သူတွေရှိလား??

    စိတ်ဖိစီးမှုနဲ့ အိပ်မပျော်ခြင်း ဟာ အပြန်အလှန်သက်ရောက်မှုကြောင့်ဖြစ်ပြီး လက်တွေ့လေ့လာစမ်းသပ်မှုအရ ပြောရရင် ကျွန်မတို့ စိတ်ဖိစီးစရာ တခုခုဖြစ်လာတဲ့အခါ cortisol လို့ ခေါ်တဲ့ စိတ်ဖိစီးစေတဲ့ဟော်မုန်းတွေ မြင့်တက်လာပါတော့တယ်။ဒီအခါ ဦးနှောက် အသင့်အနေအထားနဲ့ နိုးနိုးကြားကြားဖြစ်အောင် နိုးဆွပြီး အသက်ရှူမြန်ခြင်း၊ရင်တုန်ခြင်း၊သွေးတိုးခြင်းနဲ့ လက်များကတုန်ကယင်ဖြစ်ခြင်းအထိပါ ဖြစ်စေတတ်ပါတယ်။ဒီအခါမှာ တကိုယ်လုံးလန်းဆန်းတက်ကြွလာစေတဲ့အတွက် အိပ်ချင်စိတ်ကို ဖျောက်ဖျက်ပေးသွားပါတယ်။

    ဒါ့အပြင် စိတ်ဖိစီးနေတဲ့အချိန်အတွင်းမှာ ဦးနှောက်က beta လှိုင်းတွေ ထွက်လာပြီး စိတ်တက်ကြွစေပါတယ်။ပုံမှန်အိပ်ရမယ့်အချိန်မှာ ထွက်လာတဲ့ theta နဲ့ delta လှိုင်းတွေဟာ beta ရဲ့ လွှမ်းမိုးခြင်းခံရရင် အလိုလိုပျောက်သွားတတ်ပြန်ပါတယ်။အိပ်မပျော်တဲ့အခါ အတွေးကိုပိုများစေပါတယ်။အတွေးများတဲ့အခါ ဦးနှောက်တခုလုံးက လည်ပတ်နေတဲ့စက်ရုံတရုံအသွင်ပြောင်းလဲပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်ခြင်းမရှိတော့ပြန်ပါဘူး။

    ညဖက်အိပ်စက်တဲ့အခါ အိပ်စက်ခြင်းဟော်မုန်း (Melatonin) ထွက်ပါတယ်။ဒါပေမယ့် မှောင်တဲ့အချိန်၊စိတ်အေးလက်အေးနဲ့ အိပ်မယ်ဆုံးဖြတ်လိုက်တဲ့အချိန်၊အိပ်ရာပေါ်ရောက်ချိန်မှာမှ ထုတ်ပေးတာပါ။စိတ်ဖိစီးတဲ့သူတစ်ယောက်ဟာ cortisol hormone ထွက်တာများတဲ့အတွက် melatonin ထွက်တာကို တားဆီးထားသလို ဖြစ်လို့ အိပ်ဖို့ခက်တာ၊အိပ်ရေးမဝတာတွေလည်း ဖြစ်လာရပြန်ပါတယ်။

    ဒီပြဿနာကို ဖြေရှင်းဖို့ ဆရာဝန်နဲ့တိုင်ပင်လို့ ရပေမယ့် ကိုယ်တိုင်လုပ်ဆောင်နိုင်တဲ့ အလေ့အထတွေအနေနဲ့လည်း အိပ်ခါနီး screen time လျှော့တာ၊စိတ်ဖိစီးမှုသက်သာဖို့ အားကစားလုပ်တာမျိုးနဲ့ စိတ်ညစ်နေတာကို journaling လုပ်ပြီး ချရေးတာမျိုး က အကောင်းဆုံးဖြစ်ပါလိမ့်မယ်။အားလုံးပဲ စိတ်ဖိစီးမှုကင်းဝေးပြီး ပြည့်ပြည့်ဝတအိပ်နိုင်ကြပါစေ။


    in Mental Health
    အစားစားရင်မြည်တဲ့အသံတွေကို သည်းမခံနိုင်တဲ့ရောဂါ