Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

စိတ်ဖိစီးမှုလျှော့ချဖို့ နေ့စဉ်လုပ်ဆောင်သင့်တဲ့ အလေ့အထများ

  • All Blogs
  • Mental Health
  • စိတ်ဖိစီးမှုလျှော့ချဖို့ နေ့စဉ်လုပ်ဆောင်သင့်တဲ့ အလေ့အထများ
  • July 29, 2025 by
    Hsu Pyae Sone

    အခုလို အပြိုင်အဆိုင်များပြီး social media လူမှုကွန်ရက်သုံးစွဲသူများတဲ့ အချိန်ကာလမှာ စိတ်ဖိစီးမှု ရဖို့ဆိုတာ အလွန်ကို လွယ်ကူလွန်းပါတယ်။ လူမှုကွန်ရက်တွေပေါ်မှာ  သဘာဝဘေးအန္တရာယ်နဲ့ အခြားသောကပ်ဘေးအမျိုးမျိုးကို များပြားစွာတွေ့နေရပါတယ်။ ဒါ့အပြင် စာဖတ်သူတို့ သိကိုသိထားရမယ့် အဓိက အချက်က လူတယောက်အနေနဲ့ သူတို့ ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်ပြီး  ဘယ်သူကမှ ကိုယ့်ရဲ့ မကောင်းတဲ့ လူသိမခံဝင့်တဲ့ အကြောင်းတွေကို Facebook , Instagram, Twitter စတဲ့ social media တွေမှာ မတင်ဘူးဆိုတာပါပဲ။

     စိတ်မကြည်နေဘူး ဖုန်းလေးဖွင့်လိုက်တယ် Facebook ဖေ့စ်ဘွတ် ဖွင့်လိုက်ပြီဆိုရင်ပဲ စိတ်မထားတတ်တဲ့ သူဆိုရင် အလွန်ပင် ပင်ပန်းစေပါလိမ့်မယ်။ အရင်ဆုံးကတော့ မိမိကို စိတ်ဖိစီးစေတဲ့ အချက်က ဘာလည်းဆိုတာ အရင်ဆုံးသုံးသပ်ပါ။ အဲ့ဒီအချက်ကို ဖယ်လိုက်ဖို့က အဓိကကျပါတယ်။ ပြီးတော့ တက်တက်ကြွကြွနေပါ။ လေ့ကျင့်ခန်းလုပ်တာက အခြားအတွေးများနေတာကို လျော့နည်းစေပါတယ်။ မိသားစု မိတ်ဆွေ သူငယ်ချင်းတွေနဲ့  ခံစားရတာတွေကို  ဖွင့်ထုတ်ပြောပြပြီး အကြံကောင်းတွေ ရယူပါ။

     အတွေ့အကြုံအသစ် ( ဘာသာစကားလေ့လာတာ၊ တူရိယာတစ်ခုခု အတီးအမှုတ်သင်တာ၊ အားကစား စတဲ့ ) တစ်ခုခုကို စလုပ်ပါ။ အသေးအမွှားကအစ တိုးတက်မှုလေးတွေ ရှိရင် စိတ်ပျော်ရွှင်လာစေပါတယ်။ ဒါ့အပြင် ကိုယ်မရှိရင် မဖြစ်ဘူးဆိုတဲ့ အတွေးကိုဖယ်ပါ။ ခွဲပေးလို့ရတဲ့ တာဝန်ကို ခွဲပေးပါ။  “me time” လို့ခေါ်တဲ့ ကိုယ်ပိုင် အချိန်ရအောင်လုပ်ပါ။ အလုပ်တာဝန်တွေကနေ လုံးဝဖယ်ခွါပြီး ကိုယ်နှစ်သက်တဲ့ သီချင်းနားထောင်တာ စာအုပ်ဖတ်တာ မိသားစု မိတ်ဆွေအပေါင်းအသင်းတွေနဲ့ တွေ့ဆုံတာ အပြင်စာလေးတွေ ထွက်စားတာမျိုးကိုလည်း ရံဖန်ရံခါလုပ်ပေးတာက စိတ်ဖိစီးမှုကို အတော်အတန်လျော့စေပါတယ်။

     နောက်တစ်ခုက Be yourself ကိုယ့်ပုံစံအတိုင်းနေပါ။ သူများအကြိုက်တွေ အတိုင်းကိုယ့်ကိုယ်ကို ပြောင်းလဲဖို့ မကြိုးစားပါနဲ့။ ကိုယ်ပိုင်အတွေးအခေါ် ခံစားချက်တွေကို ရိုးသားစွာ ပြောပြပါ။ မဖြစ်နိုင်တာကို No မဖြစ်နိုင် မလုပ်နိုင်ကြောင်း ငြင်းဆိုနိုင်ရပါမယ်။ ဒါ့အပြင် ကိုယ့်ကိုယ်ကို သူများနဲ့ မနှိုင်းယှဉ်ပဲ ကိုယ်လုပ်နိုင်တာပဲ အကောင်းဆုံးဖြစ်အောင် လုပ်ပါ။

     လိုအပ်သူကို ကိစ္စသေးသေးလေးက အစ ကိုယ်တတ်နိုင်သလောက် ဘာမျှော်လင့်ချက်မှ မထားပဲ ကူညီပေးပါ။ နောက်တခုက ပစ္စုပ္ပန်တည့်တည့် ရှုမြင်ပါ။ mindfulness သတိပဌာန်တရားကို ပွားများပါ။ ဝင်လေထွက်လေလေးမှတ်တာ၊ သတိကို ကိုယ့်ခန္ဓာမှာတတ်နိုင်သရွေ့ အာရုံထားတာမျိုး လုပ်ပေးပါ။ စိတ်ဖိစီးလို့ဆိုပြီး အရက် ဆေးလိပ်နဲ့ ကော်ဖီသောက်တာတွေကို ရှောင်သင့်ပါတယ်။ နောက်ဆုံးအချက်ကတော့ နေ့တနေ့ပြီးတိုင်း ကိုယ်ကောင်းကောင်းလုပ်နိုင်လိုက်တဲ့ အချက် သို့မဟုတ် ကျေးဇူးတင်မိတဲ့ အချက်လေးတွေ အနည်းဆုံး (၃) ခုလောက်ချရေးပါ။ ခုလိုမျိုးလေးတွေ နေ့စဉ်လုပ်ဆောင်ပြီး နေ့တနေ့ကို စိတ်ဖိစီးမှု ကင်းကင်းဖြတ်ကျော်နိုင်အောင် ကြိုးစားကြရအောင်နော်။

    in Mental Health
    စိတ်ဖိစီးမှု နှင့် အိပ်မပျော်ခြင်း