Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

ကျားဟော်မုန်းထိုးဆေးများအကြောင်း သိကောင်းစရာ

  • All Blogs
  • Men Health
  • ကျားဟော်မုန်းထိုးဆေးများအကြောင်း သိကောင်းစရာ
  • December 29, 2024 by
    Hsu Pyae Sone

    ခုနောက်ပိုင်း ကျားဟော်မုန်းထိုးဆေး တွေ ဟာ စျေးကွက်ထဲမှာ တွင်တွင်ကျယ်ကျယ်ရေပန်းစားလာကြပါတယ်။ကြွက်သားထုကြီးချင်တဲ့အားကစားသမားတွေကအစပြုလို့ လိင်ပြောင်းအမျိုးသားလေးတွေအထိ ဟော်မုန်းဆေးထိုးချင်စိတ်ပေါ်အောင် ဆွဲဆောင်ခြင်းခံရတဲ့အရာပဲဖြစ်ပါတယ်။ဒါပေမယ့် ဆေးမထိုးခင် ဆေးရဲ့ကောင်းကျိုး၊ဆိုးကျိုးလေးတွေတော့ သိထားဖို့ လိုအပ်ပါတယ်။

    ထိုးဆေးထဲမှာ နာမည်ကြီးထဲ တက်စထရိုစတီရုန်း လို့ ခေါ်တဲ့ဆေးဟာ ကြွက်သားထု တက်လာခြင်း နဲ့ အမျိုးသားတစ်ယောက်ရဲ့ ရုပ်သွင်လက္ခဏာပီပီသသဖြစ်ခြင်းတို့ကြောင့် တပတ်ကနေ လေးပတ်ခြားပြီး ထိုးလေ့ရှိကြပါတယ်။ကောင်းကျိုးတွေအနေနဲ့  ကြွက်သားတွေကို တောင့်တင်းခိုင်မာဖွင့်ဖြိုးလာစေခြင်း၊အမျိုးသားလိင်စိတ်နှိုးဆွမှုပေးခြင်း၊စိတ််တက်ကြွလွယ်ခြင်း၊အရိုးများ သန်မာလာခြင်း နဲ့ သက်လုံအားကောင်းစေခြင်းတို့ကြောင့် နာမည်ကြီးပါတယ်။

    ဒါပေမယ့် ဒီဆေးဟာ စိတ်ကြွလွယ်သလို စိတ်ကျလည်း လွယ်တဲ့အတွက် မိမိကိုယ်ကိုသတ်သေတဲ့အထိလည်း ဖြစ်နိုင်ပါတယ်။သွေးဆူလွယ်ပြီး အမြဲလိုလို ပတ်ဝန်းကျင်ကလူတွေနဲ့ ပြဿနာတက်နေနိုင်ပါတယ်။လိင်စိတ်ပြည့်ဝမှုဖြစ်စေတာ မှန်ပေမယ့်လည်း ကလေးမရဘဲမြုံနိုင်တဲ့အထိ ခက်ခဲတတ်ပါတယ်။နှလုံးညှစ်အားကို ထိခိုက်စေလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ နှလုံးသွေးကြောကျဉ်းရောဂါ၊နှလုံးရောဂါတွေကိုပါ ခံစားရနိုင်ပါတယ်။အသည်းဟာ အဆိပ်အတောက်တွေကို စွန့်ပေးတဲ့နေရာဖြစ်တဲ့အတွက် ဟော်မုန်းဆေး ဆိုးကျိုးကြောင့် အသည်းပျက်စီးနိုင်ပါသေးတယ်။

    ဒါပေမယ့် တချို့ အသက်(၁၈) နှစ် မပြည့်သေးတဲ့ ကလေးအရွယ်မှာတောင် တပါးသူကို အားကျတဲ့စိတ်နဲ့ Transman တစ်ယောက်ဖြစ်ချင်လို့ ဆေးထိုးဖို့ တက်ကြွနေသူတွေတပုံကြီးပါ။တကယ်ပဲ သူများတွေလို manly type ဖြစ်သွားမှာလား။ဆေးထိုးလိုက် နားလိုက်လုပ်ပါများတဲ့အခါ ခန္ဓာကိုယ်ကြီးထွားရမယ့်အစား အကျဖက်ပိုရောက်မလားဆိုတာ တွေးစရာတွေပဲ ဖြစ်ပါတယ်။ဒါကြောင့်မို့ ကျားဟော်မုန်းဆေးထိုးမယ်ဆိုရင် တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ တိုင်ပင်ပြီး ရေရှည်အထိဆက်သွားနိုင်မှ ထိုးစေချင်ပါတယ်။

    ဆောင်းပါးလေးကို အဆုံးထိဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်။



    in Men Health
    သုတ်ရည်မှာ ပရိုတင်းဓာတ်တွေ တကယ်ပဲ ပါဝင်နေတာလား