Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

အနိုင်ကျင့်တတ်တဲ့ကလေးလေး မဖြစ်စေဖို့

တချို့ကျတော့ အာရုံစိုက်ခံရချင်လို့၊ လူအများကြမှာ Popular ဖြစ်ချင်လို့ အနိုင်ကျင့်ကြတာ များပါတယ်။ တချို့ကျတော့လဲ အနိုင်ကျင့်တတ်တဲ့အပြုအမူတွေကို ပုံမှန်လို့ ထင်တတ်ကြပါတယ်။
  • All Blogs
  • Maternity And Child Care
  • အနိုင်ကျင့်တတ်တဲ့ကလေးလေး မဖြစ်စေဖို့
  • February 14, 2023 by
    Dr.Phyo

    မင်္ဂလာပါ ဖေဖေမေမေတို့ရေ…

    ကိုယ့်သားသမီးက အနိုင်ကျင့်ခံရတာမျိုးမဟုတ်ဘဲ အနိုင်ကျင့်တတ်တဲ့သူဖြစ်နေရင် ဘယ်လိုလုပ်မလဲ ?

    ဒါဆိုရင်တော့ မိဘတွေရဲ့ သွန်သင်ဆုံးမမှုက လိုအပ်နေသေးလို့ပဲ ဖြစ်ပါတယ်။ အနိုင်ကျင့်တတ်တဲ့ကလေးလေး ဖြစ်လာရတဲ့ အဓိကအကြောင်းရင်းကတော့ မိဘတွေဆီက အကျင့်ဆိုးတွေ သင်ယူမိလို့ပါပဲ။ ကလေးရှေ့မှာ ရန်ဖြစ်တာ၊ အကြမ်းဖက်တတ်တဲ့ မိဘရှိတာ၊ ကလေးကို ပြစ်တင်ပြောဆိုတတ်တာ၊ မိဘဆီက ဂရုစိုက်မှုမခံရတာတို့အပြင် အကို၊ အမနဲ့ ပတ်ဝန်းကျင်မှ အနိုင်ကျင့်ခံရရင်လည်း ကလေးအချင်းချင်း အနိုင်ပြန်ကျင့်တတ်ကြပါတယ်။ 

    တချို့ကျတော့ အာရုံစိုက်ခံရချင်လို့၊ လူအများကြမှာ Popular ဖြစ်ချင်လို့ အနိုင်ကျင့်ကြတာ များပါတယ်။ တချို့ကျတော့လဲ အနိုင်ကျင့်တတ်တဲ့အပြုအမူတွေကို ပုံမှန်လို့ ထင်တတ်ကြပါတယ်။ အနိုင်ကျင့်လို့ ကျင့်မိနေမှန်း မသိကြပါဘူး။ ပတ်ဝန်းကျင်မှာ မြင်တွေ့နေကြဖြစ်နေရင် သာမာန်လုပ်ရိုးလုပ်စဉ်လို့ပဲ မှတ်ယူတတ်ကြပါတယ်။ 

    ဒီအကျင့်က ကြီးတဲ့ထိပါသွားရင် လူမှုဆက်ဆံရေးမှာ ထိခိုက်လာနိုင်ပါတယ်။ အနိုင်ကျင့်ခံရတဲ့ကလေးမှာလဲ စိတ်ဒဏ်ရာရသွားနိုင်ပါတယ်။ ဒါကြောင့် အနိုင်ကျင့်တတ်တဲ့ ကလေးလေးမဖြစ်ရလေအောင်

    ကလေးကို အချိန်ပေးပါ။ ဂရုစိုက်ပါ။ နွေးနွေးထွေးထွေးပြောဆိုဆက်ဆံပါ။ မောင်နှမတွေ အချင်းချင်း ချစ်ချစ်ခင်ခင်နေသင့်ကြောင်း ဆုံးမပါ။ 
    ကလေးကို လေးလေးစားစားပြောဆိုဆက်ဆံပါ။ အပြစ်မတင်ပါနဲ့။ ဆူစရာရှိရင်တောင် ကလေးနားလည်လွယ်အောင် အေးအေးဆေးဆေးရှင်းပြပါ။ 
    ကလေးရဲ့ အားသာချက်တွေကို ချီးကျူးပါ။ ကလေးပြောပြနေတာတွေကို စိတ်ရှည်ရှည်နားထောင်ပါ။ 
    အနိုင်ကျင့်တတ်တဲ့အပြုအမှုဟာ မကောင်းကြောင်း မလုပ်သင့်ကြောင်း မြင်သာအောင်ပြောပြပါ။ 

    လူကြီးတွေအနေနဲ့လည်း ကလေးတွေရဲ့ရှေ့မှာ အပြောအဆိုဆင်ခြင်ပါ။ တခြားသူတစ်ယောက်ကို မလေးမစားလုပ်တဲ့အပြုအမူတွေ၊ ကြမ်းကြမ်းတမ်းတမ်းပြောဆိုဆက်ဆံတာတွေ၊ လှောင်ပြောင်တာတွေ မလုပ်မိအောင် ဆင်ခြင်ပါ။ ကလေးတွေရဲ့ စံနမူနာက မိဘဖြစ်တာကြောင့် မိဘတွေရဲ့ အကျင့်စရိုက်ကောင်းမွန်နေဖို့ ကလေးရှေ့မှာ ယဉ်ကျေးပျူငှာစွာ ပြောဆိုဆက်ဆံဖို့ အလွန်အရေးကြီးပါတယ်။ 


    in Maternity And Child Care
    ကလေးတက်လျှင်
    တစ်ခါဖျားရင် အကြိမ်ပေါင်းများစွာ တက်တယ်၊ ဖျားတိုင်းလဲ တက်တယ်၊ တခါတလေ မဖျားဘဲလဲ တက်တယ်၊ တက်ပုံတက်နည်းအစုံနဲ့ တက်တယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ ပြသသင့်ပါတယ်။