Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

လသားကလေးတွေ ဝမ်းလျှောရင်

  • All Blogs
  • Maternity And Child Care
  • လသားကလေးတွေ ဝမ်းလျှောရင်
  • September 6, 2024 by
    Hsu Pyae Sone

    လသားကလေးတွေ ဝမ်းလျှောရင်


    မိခင်နို့ကလွဲပြီး ရေတောင် တိုက်လို့မရတဲ့ လသားကလေးတွေ ဝမ်းလျှောပြီဆိုရင် ဆေးတိုက်လို့ရပါ့မလားဆိုတာက မိဘတိုင်း ဗြာများရတဲ့ ကိစ္စတစ်ခုပါ။


    နို့တစ်မျိုးတည်းပဲ သောက်နေရတဲ့အတွက် ကလေးတွေမှာ တစ်ခါတစ်လေ ဝမ်းပျော့သွားတာ၊ ဝမ်းလျှောတာဆိုတာ ဖြစ်တတ်တာမလို့ မစိုးရိမ်ဘဲ ပုံမှန်အတိုင်း မိခင်နို့ပဲ ဆက်တိုက်နိုင်ပါတယ်။


    ဝမ်းလျှောစေရတဲ့ အကြောင်းအရင်းအမျိုးမျိုး ရှိနိုင်တာကြောင့် ဒီအချက်လေးတွေကို သတိထားဖို့တော့ လိုမယ်နော်။


        ကလေးကို နို့တိုက်တဲ့နေရာတစ်ဝိုက် သန့်ရှင်းဖို့ အရေးကြီးပါတယ်


       နို့တိုက်တော့မယ်ဆိုရင် နို့သီးခေါင်းတစ်ဝိုက်ကို သေချာသန့်ရှင်းပေးပါ


       နို့ဖျော်တဲ့အခါသုံးတဲ့ ဇွန်း၊ ခွက်၊ နို့ဘူးတို့ကို သေချာဆေးကြောပေးပါ


       နို့တိုက်ကျွေးနေတဲ့ မိခင်ဘက်က ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို ရှောင်ကြဉ်ဖို့လည်း အရေးကြီးပါတယ်


    ဒီလိုအချက်တွေ လိုက်နာနေတဲ့ကြားက ဝမ်းလျှောတာ‌ တော်ရုံမပျောက်တဲ့အပြင် ကလေးမှာ မျက်တွင်းတွေချိုင့်လာတာ၊ ဗိုက်တွေချိုင့်လာတာ တို့လို ရေဓာတ်အားနည်းတဲ့ လက္ခဏာတွေ ပြလာပြီဆိုရင်တော့ ‌ဆေးဝါးအကူအညီ လိုအပ်လာနိုင်ပါတယ်။


    ဒါပေမယ့်လည်း လသားလေးတွေရဲ့ ခန္ဓာကိုယ်က အရမ်းနူးညံ့တဲ့အတွက်ကြောင့် တွေ့ရာဆေးကို တိုက်ပစ်လိုက်မယ်ဆိုပြီးတော့ မလုပ်လိုက်ပါနဲ့နော်‼️

    ဘာဆေးတိုက်ရမလဲ မေးဖို့အတွက်နဲ့ ဆေးခန်းကို တကူးတက သွားမနေရဖို့အတွက် My-Medicine မှာ ကလေးအထူးကုဆရာဝန်ကြီးတွေနဲ့ ဖုန်းထဲကနေပဲ တိုင်ပင်ဆွေးနွေးလို့ ရနေပြီမလို့ပါ။ အင်တာနက်နဲ့ ဖုန်းလေးရှိရုံနဲ့ အပြင်ထွက်စရာမလိုဘဲ အိမ်ထဲကနေ ကလေးအတွက် လိုအပ်တဲ့ ကုသမှုတွေ ခံယူရရှိနိုင်နေပြီမလို့ မိုးရွာကြီးထဲ ဆေးခန်းကိုလာပြီး အလျင်စလို တန်းစီစောင့်ဆိုင်းနေရတာ၊ လူတွေကြားထဲကနေ ကလေးကို ရောဂါပိုးကူးလာမှာတွေ စိုးရိမ်စရာမလိုတော့ပါဘူး။

    ဆေးခန်းပြသလိုပါက https://mymedicine.com.mm/r/child ဒီလင့်ကိုနှိပ်၍ ရက်ချိန်းယူလို့ရသလို့ ဖုန်းနံပါတ် 5588 နှင့် 09-77-999-5588 သို့ ဆက်သွယ်မေးမြန်း စုံစမ်းလို့လဲရပါတယ်။




    in Maternity And Child Care
    လတ်တလော အဖြစ်များနေတဲ့ ကလေး လေပြွန်ရောင် ကူးစက်ရောဂါ