Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

လိမ်ပြောတတ်တဲ့ ကလေးလေး မဖြစ်စေဖို့

  • All Blogs
  • Maternity And Child Care
  • လိမ်ပြောတတ်တဲ့ ကလေးလေး မဖြစ်စေဖို့
  • September 10, 2024 by
    Hsu Pyae Sone

    လိမ်ပြောတတ်တဲ့ ကလေးလေး မဖြစ်စေဖို့


    မိဘတိုင်းကတော့ ကိုယ်မွေးထားတဲ့ကလေးတွေကို အဖက်ဖက်ကကောင်းမွန်ပြည့်စုံအောင် ကြိုးပမ်းချင်ကြပေမယ့် ကလေးတစ်ယောက်ဘက်စုံဖွံ့ဖြိုးရေးမှာ ကြီးပြင်းရာဒေသကတဝက်ဆိုင်သလို မိဘဆွေမျိုးတို့ရဲ့ ထိန်းသိမ်းပျိုးထောင်မှုကလည်း တဝက် သက်ဆိုင်နေပါတယ်။

    မြင်သာအောင် ပြောရမယ်ဆိုရင် ကျေးညီနောင်ပုံပြင်ပါ။လေပြင်းမုန်တိုင်းကြောင့် တကွဲတပြားစီဖြစ်ပြီး ရသေ့တို့ရဲ့ ကျောင်းသင်္ခမ်းကို ရောက်သွားတဲ့ ကျေးလေးက လိမ္မာယဉ်ကျေးပေမယ့် ခိုးသားဓားမြတွေလက်ထဲရောက်သွားတဲ့ ကျေးလေးက ဆဲဆိုအော်ဟစ်တတ်နေသလိုပေါ့။ကွန်ဖြူးရှပ်ရဲ့အမေဟာဆိုရင်လည်း ကွန်ဖြူးရှပ်ငယ်စဉ်က နေရာဒေသအသီးသီး ပြောင်းလဲပြီးနေခဲ့ရပါတယ်။ဒါတွေဟာ နေရာဒေသနဲ့ပတ်ဝန်းကျင်ပေါ်မူတည်ပြီး ကလေးတယောက်ရဲ့ အပြုအမူ အကျင့်ဗီဇဟာ ပြောင်းလဲနိုင်ကြောင်း ထင်ရှားတဲ့ သာဓကတွေပါပဲ။

    ကိုယ့်အိမ်သားတွေက လိမ်တတ်နေရင် ကလေးကလည်း လိမ်တတ်နေမှာ ဖြစ်ပါတယ်။ကိုယ့်အိမ်ကလူတွေက မလိမ်တတ်ရင်တောင် ကလေးရဲ့မူကြို၊ကျောင်းနဲ့ ကလေးနဲ့တူတူဆော့တဲ့သူတွေကတဆင့် လိမ်တတ်တဲ့အကျင့်ကို ကူးစက်လာနိုင်ပါတယ်။ပထမဆုံး မိမိရဲ့ ကလေးလိမ်တာ ကြားရင် အုပ်ထိန်းသူအနေနဲ့ ရိုက်ပုတ်ဆူဆဲအပြစ်မတင်ဘဲ တည်တည်ငြိမ်ငြိမ်ဆက်ဆံပါ။ဒုတိယတဆင့်အနေနဲ့ ဘာလို့ လိမ်ရတာလဲ အဖြေရှာပါ။တတိယအဆင့်အနေနဲ့ကတော့ လိမ်တာ မကောင်းတဲ့အလုပ်ဖြစ်ကြောင်း နားဝင်အောင် ရှင်းပြရပါမယ်။

    ကလေးတစ်ယောက် ဘာကြောင့်လိမ်ရသလဲဆိုရင် မိမိကိုယ်မိမိ ယုံကြည်မှုလျော့နည်းပြီး ပြဿနာကို ရင်မဆိုင်ချင်ခြင်းကြောင့် လိမ်ကြခြင်းဖြစ်ပါတယ်။ဒီစာစုမှာဆိုရင် ကလေးတစ်ယောက်မလိမ်အောင် ဘယ်လိုပျိုးထောင်သင့်သလဲဆိုတာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

    (၁) ကလေးကို ရိုးသားမှုရဲ့ တန်ဖိုးကိုရှင်းပြရပါမယ်။

    (၂)မိသားစုတခုချင်းစီမှာရှိတဲ့ လွတ်လပ်ခွင့်နဲ့  စောင့်ထိန်းရမယ့်အရာတွေကို ညှိနှိုင်းရပါမယ်။

    (၃)မိဘ(သို့မဟုတ်)အုပ်ထိန်းသူက စံနမူနာအဖြစ် နေပြရပါမယ်။

    (၄)မိမိကလေးလိမ်တာ ကြားတာနဲ့ သူဖုံးကွယ်ချင်တဲ့အကြောင်းရင်းနဲ့ ရှောင်လွဲချင်တဲ့ပြဿနာကို တူတူဖော်ထုတ်ရပါမယ်။

    (၅)ထပ်ခါထပ်ခါလိမ်နေပြီဆိုရင်တော့ နောက်မလုပ်သင့်ကြောင်း သတိပေးထားရပါတော့မယ်။

    (၆)အုပ်ထိန်းသူနဲ့ ကလေးကြား ပွင့်လင်းမြင်သာစွာ ဆွေးနွေးရပါမယ်။

    (၇)လိမ်မယ့်အစား အမှန်ကို ဝန်ခံပြီး ပြဿနာကို ဘယ်လိုအတူတကွဖြေရှင်းကြမလဲဆိုတာ ကလေးကို ပြောပြရပါမယ်။

    လိမ်တယ်ဆိုတာ အခြေအနေတခုကို ဖုံးကွယ်ပြီး အပြစ်ပေါ့အောင် ထွက်ပြေးတဲ့သဘောပဲဖြစ်ပါတယ်။ဒါပေမယ့် လိမ်တာက တဖြည်းဖြည်းနဲ့ သူတပါးထိခိုက်အောင် လုပ်မိနိုင်တဲ့အထိ ဖြစ်လာနိုင်တဲ့အတွက် အုပ်ထိန်းသူတွေအနေနဲ့ မိမိတို့ရဲ့ ကလေး မလိမ်တတ်အောင် ပြုစုပျိုးထောင်ပေးသင့်ပါတယ်။

    ဆောင်းပါးလေးကိုအဆုံးထိဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်။



    in Maternity And Child Care
    မလိုအပ်ရင် ခွဲမမွေးသင့်တဲ့ ကိုယ်ဝန်ဆောင်ကျန်းမာရေး