Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

စပျစ်သီးသန္ဓေ

  • All Blogs
  • Maternity And Child Care
  • စပျစ်သီးသန္ဓေ
  • November 25, 2024 by
    Hsu Pyae Sone

    စပျစ်သီးသန္ဓေ


    ကလေးသန္ဓေတည်ချိန်မှာ ပုံမှန်တိုင်းမဟုတ်ဘဲ သန္ဓေသားက သားအိမ်အပြင်ဘက်ရောက်နေတာ၊ သားအိမ်ပြွန်ထဲရောက်နေတာမျိုးတွေ ကြားဖူးကြမှာပါ။ ဒီလိုထူးထူးဆန်းဆန်း ကိုယ်ဝန်ရှိပုံတွေထဲကမှ အဖြစ်နည်းပေမယ့် ဖြစ်တတ်‌လေ့ရှိတဲ့ စပျစ်သီးသန္ဓေအကြောင်း ပြောပြပါရစေ…

    စပျစ်သီးသန္ဓေဆိုတာ မမျိုးဥအောင်ချိန်မှာ မူမမှန်ခဲ့တာကြောင့် သားအိမ်ထဲမှာ သန္ဓေသားရှိရမယ့်အစား ပုံမှန်မဟုတ်တဲ့ အချင်းထုကြီးကနေ စပျစ်သီးလိုမျိုး ရေအိတ်အလုံးလေးတွေ ဖြစ်လာတာကို ခေါ်တာပါ။


    စပျစ်သီးသန္ဓေက ရှားပါးတဲ့ ဖြစ်ရပ်တစ်မျိုးဆိုပေမယ့်လည်း အောက်ပါအခြေအနေတွေရှိထားရင်တော့ ဖြစ်နိုင်ချေပိုများတာကြောင့် အထူးသတိထားဖို့ လိုပါမယ် -

    ✔️ မိခင်ရဲ့အသက်က 35 နှစ်အထက် (သို့မဟုတ်) 20 နှစ်အောက် ရှိတဲ့အခါ


    ✔️ အရင်က စပျစ်သီးသန္ဓေတည်ဖူးတဲ့အခါ


    ✔️ ယခင်က ကိုယ်ဝန်ပျက်ကျဖူးတဲ့အခါ


    ✔️ မိခင်က ဆေးလိပ်သောက်တတ်တဲ့အခါ


    စပျစ်သီးသန္ဓေရဲ့ လက္ခဏာတွေက အစောပိုင်းမှာတော့ ပုံမှန်ကိုယ်ဝန်ဆောင်ထားသလိုပဲ လက္ခဏာ‌တွေအတူတူ ပြတတ်ပါတယ်။ ပိုပြီး ထူးခြားထင်ရှားစေတဲ့ လက္ခဏာတွေကတော့ -


    ♦️ အစောပိုင်းလတွေမှာ အနီရင့်ရောင်/ အညိုပုပ်ရောင် သွေးဆင်းခြင်း


    ♦️ မူးဝေအော့အန်မှုတွေကို အပြင်းအထန်ခံစားရခြင်း


    ♦️ မိန်းမကိုယ်ထဲမှ သွေးနဲ့အတူ စပျစ်သီးလို အရည်အိတ်လေးများ ဆင်းလာခြင်း


    ♦️ ခါးနဲ့ တင်ပါးဆုံနေရာတွေ ကိုက်ခြင်း/ နာခြင်း


    ♦️ ပုံမှန်ရှိသင့်တဲ့ ကိုယ်ဝန်လထက် ဗိုက်ပိုကြီးနေခြင်း


    ♦️ သွေးပေါင်တက်ခြင်း


    ♦️ ကိုယ်ဝန်ဆိပ်တက်တဲ့ လက္ခဏာ‌များရှိနေခြင်း


    ဒီလိုလက္ခဏာတွေကို သတိထားမိပြီဆိုရင်တော့ နောက်ဆက်တွဲပြဿနာတွေ ဆိုးမလာခင် ဆရာဝန်နဲ့ ချက်ချင်းတိုင်ပင်ပြီး လိုအပ်တဲ့ ကုသမှုတွေ ခံယူရပါမယ်‼️


    နောက်ဆက်တွဲပြဿနာအနေနဲ့ဆိုရင် - 


    👉🏻 စပျစ်သီးသန္ဓေကို ဖယ်ရှားပြီးနောက်မှာတောင် တစ်သျှူးအကြွင်းအကျန်တွေက သားအိမ်ထဲမှာ ကျန်ပြီး ဆက်ကြီးထွားနေတာ


    👉🏻 Choriocarcinoma လို့ခေါ်တဲ့ ကင်ဆာ တစ်မျိုးအဖြစ်ကူးပြောင်းသွားပြီး တခြားကိုယ်အင်္ဂါတွေထိပါ ပျံ့နှံ့သွားတာ မျိုး ကြုံရတတ်ပါတယ် 


    ဒါပေမယ့် ဒီအခြေအနေတွေကို စောစောစီးစီးသိထားရင် ဆေးသွင်းတာ၊ သားအိမ်ထုတ်တာတို့လုပ်ပြီး အရှင်းပျောက်အောင် ကုသလို့ရနိုင်ပါတယ်။


    ဒါကြောင့် မိခင်လောင်းတို့အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ မပေါ့လျော့ဘဲ ဆရာဝန်နဲ့ check-up ပုံမှန်လုပ်ပေးပြီး ခံစားရတဲ့ လက္ခဏာအားလုံးကို သတိထားစောင့်ကြည့်ပေးဖို့ အရေးကြီးပါတယ်နော်!💁🏻‍♀️

    ကိုယ်ဝန်နဲ့ပတ်သက်ပြီး မူမမှန်တာတစ်ခုခု သတိထားမိပေမယ့် ချက်ချင်းဆေးခန်းသွားဖို့ အဆင်မပြေသေးတာမျိုးဆိုရင် My-Medicine မှာ အွန်လိုင်းကနေ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ပြီးတော့ လိုအပ်တဲ့ကုသမှုနဲ့ အကြံပေးချက်တွေကို အချိန်မီအရယူထားနိုင်တယ်နော်။

    __________________________________________

    ဆရာဝန်နှင့် Appointment ယူခြင်း ဝန်ဆောင်မှုပိုင်းဆိုင်ရာနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက 

    My-Medicine ရဲ့ https://mymedicine.com.mm/r/OGNov ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို 📱ဖုန်းနံပါတ်  5588 (သို့မဟုတ်) 09779995588  သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။




    in Maternity And Child Care
    မိဘတိုင်းသိသင့်တဲ့ အော်တစ်ဇင် (ASD)