Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

ကိုယ်ဝန်ဆောင်ချိန်အဖြူဆင်းရင်စိုးရိမ်ရလား

  • All Blogs
  • Maternity And Child Care
  • ကိုယ်ဝန်ဆောင်ချိန်အဖြူဆင်းရင်စိုးရိမ်ရလား
  • November 18, 2024 by
    Hsu Pyae Sone
    ကိုယ်ဝန်ဆောင်ချိန်အဖြူဆင်းရင်စိုးရိမ်ရလား


    တဦးနဲ့တဦး ချစ်ခင်ကြင်နာပြီး အိမ်ထောင်တခုတည်ထောင်လိုက်တာနဲ့ စုံတွဲတော်တော်များများဟာ သားသမီးရတနာလိုချင်ပါတယ်။ဒါပေမယ့် “ယောကျ်ား ဖောင်စီး၊မိန်းမ မီးနေ” ဆိုတဲ့စကားအတိုင်း အမျိုးသမီးတွေရဲ့ဘဝမှာ ကိုယ်ဝန်ဆောင်ချိန်နဲ့ကလေးမွေးကင်းစအချိန်တွေဟာ အထူးသတိပြုပြီး ဂရုစိုက်ပေးရမယ့်ကာလတွေပဲဖြစ်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန် ၉ လကျော်အတွင်း မိမိရဲ့ဝမ်းတွင်းသားအိမ်ထဲမှာ သန္ဓေသားလေးလွယ်ထားရတဲ့ မေမေအလောင်းအလျာတို့ဟာအစားအသောက်၊အနေအထိုင်ကအစ ဆင်ခြင်ပြီး ကလေးလေးကောင်းမွန်စွာကြီးထွားလာရေးကို အလေးပေးလာကြတော့ပါတယ်။ဒီလိုအချိန်မှာ သန္ဓေသားလောင်းလေးသာမကပဲကိုယ်ဝန်ဆောင်မိခင်တွေကိုလည်း ရိုးရိုးသာမန်နှာစေး ချောင်းဆိုးကအစပြုလို့ ခြေထောက်ဖောယောင်တာမျိုးအထိ ပုံမမှန်တာ တခုခုဖြစ်တာနဲ့ ပေါ့ပေါ့ဆဆမနေဖို့ သားဖွားမီးယပ်ဆရာဝန်ကြီးတွေက မှာကြားလေ့ရှိကြပါတယ်။

    ဒါ့အပြင် လရင့်လာတဲ့အခါ မွေးခါနီးလက္ခဏာတွေဖြစ်တဲ့ ခေါင်းချွဲဆင်းတာ၊ရေမြွာပေါက်တာ၊သွေးဆင်းတာတွေကိုပါ သတိထားလာရပါပြီ။ကိုယ်ဝန်ဆောင်လမရင့်သေးဘဲ အကယ်၍ ခေါင်းချွဲဆင်းသလို အဖြူတွေ မိန်းမကိုယ်ကဆင်းလာတဲ့အခါ မေမေလောင်းလေးတွေက ပူပန်လာရပါပြီ။သာမန်အပျိုဘဝမှာ ရာသီမလာခင်နဲ့ လာအပြီးအဖြူဆင်းတာ၊ဆီးပိုးဝင်လို့ အဖြူဆင်းတာတွေတုန်းက သိပ်ဂရုမစိုက်တတ်ခဲ့ကြပေမယ့် ခုလိုကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်ရင်တော့ ဒါဟာ စောမွေးချင်တဲ့လက္ခဏာလား?ဆီးလမ်းကြောင်းပိုးဝင်တာလား?ကလေးလေးကိုရော ထိခိုက်နိုင်သလား ?အစရှိသဖြင့် စိုးရိမ်စိတ်တွေနဲ့ ဆေးခန်းပဲပြရမလို၊အိမ်မှာပဲဆက်စောင့်ကြည့်ရမလို ဖြစ်တတ်ကြပါတယ်။

    ကျွန်မတို့မိန်းကလေးတွေဟာ သာမန်ထက်ကိုယ်ဝန်ဆောင်ချိန်မှာအဖြူဆင်းတာက ပိုများတတ်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့သွေးစီးဆင်းမှုတွေဟာ မိန်းမကိုယ်ကိုရောက်တာ ပိုများပါတယ်။ဒါ့အပြင် ဟော်မုန်းပြောင်းလဲမှုဖြစ်စဉ်အရ အဖြူအရည်ကြည်ဆင်းလေ့ရှိကြပါတယိ။ခပ်ကျဲကျဲ ဒါမှမဟုတ် ခပ်ပျစ်ပျစ် အဖြူရောင်ရှိပြီး မယားယံတတ်ပါဘူး။တကယ်တော့ကိုယ်ဝန်ဆောင်ထားစဉ် အဖြူဆင်းတယ်ဆိုတာ မွေးလမ်းကြောင်းထဲကို မကောင်းတဲ့ ပိုးတွေ ပြင်ပကနေ မဝင်နိုင်အောင် သဘာဝက ဖန်တီးပေးထားတဲ့ ပုံမှန်ဖြစ်စဉ်ပဲဖြစ်ပါတယ်။

    သာမန်အရည်ကြည်ပဲဆိုရင်တော့ ဆင်းတာများလွန်းရင် Panty linerလေး ခံလို့ရပါတယ်။သန့်ရှင်းရေးအတွက် မိန်းမကိုယ်ကို ရေ ဖြင့်ဆေးပေးပါ။စိုးရိမ်လွန်ပြီး မိန်းမကိုယ်သန့်စင်ဆေးရည်အများကြီးသုံးတာနဲ့ဆပ်ပြာနဲ့ ဆေးတာမျိုး မလုပ်သင့်ပါဘူး။ကိုယ့်သဘောနဲ့ကိုယ်ဖြစ်ဖြစ်၊ကြားဖူးနားဝနဲ့ဖြစ်ဖြစ်ပိုးသတ်ဆေးတွေ သောက်တာ၊ မိန်းမကိုယ်ထဲကို ဆေးတောင့်တွေ ထည့်တာ မလုပ်ပါနဲ့။ဒါပေမယ့် အရောင်ရှိလာတာ၊အနံ့နံတာ၊သွေးဆင်းတာနဲ့မိန်းမကိုယ်ယားယံတာတွေ ဖြစ်လာရင်တော့ ဆရာဝန်နဲ့ ပြဖို့ လိုပါတယ်။

    ဒါ့အပြင် My-Medicine မှာ 2024နှစ်ကုန်ထိ သားဖွားမီးယပ်ဆရာဝန်ကြီးများနှင့် ဆွေးနွေးပြသပါက 20% discount ရရှိဦးမှာပဲဖြစ်ပါတယ်။

    သားဖွားမီးယပ်ဆရာဝန်ကြီးများနှင့်ပြသရန် - https://mymedicine.com.mm/r/OGNov


    in Maternity And Child Care
    ကိုယ်ဝန်လနုစဉ်ဆောင်ရန်ရှောင်ရန်များ