Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

သားသားမီးမီးတို့ရဲ့ စိတ်လေးကျန်းမာနေအောင်

  • All Blogs
  • Maternity And Child Care
  • သားသားမီးမီးတို့ရဲ့ စိတ်လေးကျန်းမာနေအောင်
  • September 6, 2024 by
    Hsu Pyae Sone
    သားသားမီးမီးတို့ရဲ့ စိတ်လေးကျန်းမာနေအောင်


    စကားမပြောတတ်ခင် မွေးကင်းစအရွယ်ကစလို့ တတောက်တောက်လျှောက်သွားပြီး ဆော့ကစားတဲ့အရွယ်အထိ ကလေးငယ်များအတွက် စိတ်ခံစားချက်အချို့ဆိုတာ အရမ်းစိမ်းနေပါသေးတယ်။

    ပျော်တယ်၊ ၀မ်းနည်းတယ် စတဲ့ စိတ်ခံစားချက်တွေကို ခံစားရတဲ့အခါမှာ သေချာနားလည်ပြီး ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ သိရှိတဲ့ ကလေးငယ်များမှာ စိတ်ကျန်းမာရေးအခြေအနေ ပိုမိုကောင်းမွန်တာကို တွေ့ရပါတယ်။

    ဒီလို စိတ်ခံစားချက်တွေအပေါ် အခြေအနေအလိုက် တုံ့ပြန်နိုင်ဖို့ကလည်း အောက်ပါအချက်တွေအပေါ်မှာ မူတည်နေပါသေးတယ်။

     

    • မွေးကင်းစအရွယ်တည်းက ပုံပြစာအုပ်လေးတွေဖတ်ပြပြီး ဘယ်လိုပုံက ပျော်စရာကောင်းတာ၊ ၀မ်းနည်းစရာကောင်းတာဆိုပြီး ခွဲခြားတတ်အောင် သင်ပေးဖို့ အရမ်းအရေးကြီးပါတယ်
    • မိဘအုပ်ထိန်းသူတွေနဲ့ ချစ်ခင်ယုံကြည်ရတဲ့ ဆက်ဆံရေးရှိတဲ့ ကလေးငယ်တွေမှာ စိတ်ခံစားမှုတွေကို ပိုမိုထိရောက်စွာ တုံ့ပြန်နိုင်တာကို တွေ့ရပါတယ်
    • အပြစ်ပေးတာထက် ချီးကျူးတဲ့ စနစ်ကိုသုံးပြီး သားသားမီးမီးတို့ အမှားလုပ်မိတဲ့အခါ သွန်သင်ဆုံးမပေးပါ
    • ဘယ်အသက်အရွယ်မှာ စိတ်ခံစားမှုတွေအားလုံးကို စနစ်တကျ တုံ့ပြန်နိုင်ရမယ်ဆိုပြီး တသမတ်တည်း သတ်မှတ်လို့်မရနိုင်တာကြောင့် အရမ်းမလောမိစေဖို့လည်း ဖေဖေမေမေတို့ သတိထားပေးရပါမယ်


    သားသားမီးမီးတို့ရဲ့ စိတ်ခံစားမှုနဲ့ စိတ်ကျန်းမာရေးအခြေအနေတို့နဲ့ ပတ်သက်လာရင် ကျွမ်းကျင်တဲ့ professional help ရယူဖို့ကိုလည်း လုံး၀မတွန့်ဆုတ်လိုက်ပါနဲ့နော်။ ဒီလိုအခြေအနေမျိုးတွေဆို သားသားမီးမီးတို့ရဲ့ အခြေအနေတွေကို အကောင်းဆုံးနားလည်ပေးနိုင်မယ့် ကလေးအထူးကုဆရာဝန်ကြီးတွေရဲ့ အကူအညီ‌ကိုရယူတာ အကောင်းဆုံးမလို့ပါ။

    My-Medicine မှာဆို အွန်လိုင်းကနေ teleconsultation လုပ်ပေးဖို့ အတွေ့အကြုံပြည့်ဝတဲ့ ကလေးအထူးကုဆရာဝန်ကြီးတွေ ရှိတာကြောင့် ဆေးခန်းကိုလာပြီး အလျင်စလို တန်းစီစောင့်ဆိုင်းနေရတာမျိုး စိုးရိမ်စရာမလိုတော့ပါဘူး။ အင်တာနက်နဲ့ ဖုန်းလေးရှိရုံနဲ့ အပြင်ထွက်စရာမလိုဘဲ အိမ်ထဲကနေ ကလေးအတွက် လိုအပ်တဲ့ ကုသမှုတွေ ခံယူရရှိနိုင်နေပြီမလို့ သားသားမီးမီးတို့ ကျန်းမာရေးအတွက် ကုသမှုကို လွယ်ကူလျင်မြန်စွာ ခံယူနိုင်မယ့် My-Medicine မှာသာ booking လာလုပ်ထားလိုက်တော့နော်။

    ဆရာဝန်နှင့် Appointment ယူခြင်း ဝန်ဆောင်မှုပိုင်းဆိုင်ရာနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက 

    My-Medicineရဲ့ကိုhttps://mymedicine.com.mm/r/child  နှိပ်၍ ရက်ချိန်းရယူနိုင်သလို 📱ဖုန်းနံပါတ်  5588 (သို့မဟုတ်) 09779995588  သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။   



    in Maternity And Child Care
    သားဦးဘေဘီလေးတွေရဲ့မေမေတို့အတွက်