Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

အုန်းရည်သောက်ခြင်းရဲ့ကောင်းကျိုးများ

  • All Blogs
  • Herbal Medicine
  • အုန်းရည်သောက်ခြင်းရဲ့ကောင်းကျိုးများ
  • February 26, 2025 by
    Hsu Pyae Sone

    သဘာဝမှ လက်ဆောင်ပေးသော သစ်သီးဝလံ၊စားစရာများ အနက်မှ အုန်းရည်ဟာလည်း လူကြိုက်များရေပန်းစားတဲ့အထဲမှာ ပါဝင်လျက်ရှိပါတယ်။ကမ်းခြေရောက်တာနဲ့ အုန်းရည်သောက်ကိုသောက်ရမယ်ဆိုတဲ့အထိ တွဲမြင်နေကြတဲ့ အုန်းရည်ရဲ့ ကောင်းကျိုးများကို ဖော်ပြချင်ပါတယ်။

    အုန်းရည်၊ထန်းရည်၊ဓနိရည်တို့ဟာ အသီးထဲမှာ အဆင်သင့်အရည်ပါတဲ့အတွက် တခြားရေတို့ သကြားတို့နဲ့ရောစပ်စရာမလိုဘဲ သဘာဝအချိုအရသာရှိတဲ့ အရည်များပဲဖြစ်ကြပါတယ်။အုန်းရည်မှာ သဘာဝအလျောက် အချိုဓာတ် သာမက ရေဓာတ်အပြင်  နေ့စဉ်လိုအပ်တဲ့ ဗိုက်တာမင်နဲ့ သတ္တုဓာတ်တွေများစွာလည်း ပါဝင်ပါသေးတယ်။အုန်းသီးတစ်လုံးမှာ အရည်ဓါတ် ၂၀၀ မီလီလီတာ ကနေ ၁,၀၀၀ မီလီလီတာ အထိပါဝင်ပါတယ်။အုန်းရည်ကို အသီးသီးပြီး ၆လ၊၇ လ ဝန်းကျင်မှာ အများဆုံးရရှိနိုင်ပါတယ်။

    အုန်းရည်မှာ ကယ်လိုရီဓာတ်နည်းတဲ့အပြင် အမိုင်နိုအက်ဆစ်၊ဗီတာမင် ဘီ၊ဗီတာမင် စီ၊ သံဓါတ်၊ ကယ်လ်ဆီယမ်၊ပိုတက်ဆီယမ်၊မဂ္ဂနီဆီယမ်၊၊ဇင့် နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများအပြားပါဝင်နေပါတယ်။ဒါကြောင့်မို့ အားကစားသမား၊ချွေးထွက်လွန်သူတွေ၊အော့အန်ဝမ်းလျှောလူနာတွေမှာဆိုရင် ဓာတ်ဆားရည်အစား အုန်းရည်တိုက်သလို ပိုတက်စီယမ်ဓာတ်နည်းသူများကိုလည်း အုန်းရည်များများသောက်စေခြင်းအားဖြင့် သတ္တုဓာတ်ကို ပြန်လည်ဖြည့်တင်းခိုင်းတတ်ပါတယ်။

    အုန်းရည်မှာ အဆီပါဝင်မှုနှုန်းနည်းလို့ ဝိတ်တက်မှာပူစရာမလိုတဲ့အပြင် အစာစားချင်စိတ်ကိုထိန်းချုပ်ပေးတာကြောင့် ဗိုက်ဆာခြင်းကိုကာကွယ်ပေးပါတယ်။ဒါ့အပြင် အမျှင်ဓာတ်ပေါကြွယ်ဝလို့ အစာအိမ်နာတာ အစာမကြေလို့ လေထိုးလေအောင့်ဖြစ်တာ၊ဝမ်းချုပ်တာတွေကို ကုစားပေးပါတယ်။အုန်းရည်မှာပါတဲ့ အန်ဇိုင်းဓာတ် က လေထိုးလေအောင့်ဖြစ်ပေါ်စေသော အက်ဆစ်ဓာတ်ထုတ်လွှတ်မှုကိုလည်း လျော့ချပေးပါတယ်။

    အလှအပရေးရာအနေနဲ့လည်း အကျိုးပြုတဲ့အုန်းရည် မှာ ရေဓာတ် ၉၄ ရာခိုင်နှုန်းပါဝင်တဲ့အတွက် ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးရာရောက်သလို အသားအရေအတွက်လည်း အစိုဓာတ်ဖြည့်ပေးနိုင်ပါတယ်။နေလောင်ဒဏ်၊ဝက်ခြံ၊နှင်းခူနဲ့ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အစက်အပြောက်တွေ၊ အရေးအကြောင်းတွေကို လျော့ပါးစေနိုင်ပြီး ဆဲလ်အသစ်တွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

    ဒီလိုမျိုး စျေးကြီးမပေးရတဲ့ သဘာဝလက်ဆောင်မွန် အုန်းရည်ရဲ့ အာဟာရတန်ဖိုးတွေကို သိရှိသွားပြီဆိုတော့ မကြာခင်ရောက်လာတော့မယ့် နွေရာသီမှာ အုန်းရည်များများသောက်ခြင်းဖြင့် ချွေးထွက်လွန်တာ၊သွေးကျတာ၊မူးဝေတာတွေကို ကြိုတင်ကာကွယ်လိုက်ရအောင်နော်။


    in Herbal Medicine
    ကြက်ဟင်းခါးသီးမှာ ဘယ်လိုအာဟာရဓာတ်တွေပါဝင်လဲ