Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

လူသိနည်းတဲ့ ဆေးဖက်ဝင်ကံ့ကော်ပန်း

  • All Blogs
  • Herbal Medicine
  • လူသိနည်းတဲ့ ဆေးဖက်ဝင်ကံ့ကော်ပန်း
  • September 10, 2024 by
    Hsu Pyae Sone

    လူသိနည်းတဲ့ ဆေးဖက်ဝင်ကံ့ကော်ပန်း


    ကံ့ကော်ပန်းလို့ ပြောလိုက်တာနဲ့ ငယ်ငယ်တုန်းက သနပ်ခါးနဲ့အတူ အနံ့မွှေးအောင် ကံ့ကော်ဝတ်ဆံလေးတွေ ထည့်သွေးလိမ်းဖူးတာ သတိရသွားကြပြီလား?

    အနံ့မွှေးမွှေးအေးအေးလေးနဲ့ အသားအရေကို စိုပြေစေတဲ့အပြင် အမည်းစက်၊ အမာရွတ်တွေလဲ ပျောက်ကင်းစေတော့ မေမေတို့ ဖွားဖွားတို့ရဲ့ အသည်းစွဲပန်းလေးပါပဲ။

    ဒါပေမယ့် ကံ့ကော်ပန်းက အသားအရေလှဖို့အတွက်ပဲ အသုံးဝင်တယ်လို့ ထင်ထားမိရင်တော့ အမှားကြီးမှားသွားပါလိမ့်မယ်။

    ဘာလို့လဲဆို ကံ့ကော်ပင်ရဲ့ အစိတ်အပိုင်းအားလုံးက ပစ်ရက်စရာမရှိအောင်ကို အသီးသီး ဆေးဖက်ဝင်နေကြလို့ပါ။


    - ကံ့ကော်ပွင့်ခြောက်လေးတွေက အစာအိမ်မကောင်းတာ၊ ချောင်းဆိုချွဲကျပ်နဲ့ ချွေးထွက်လွန်တာတွေအတွက် ဆေးစွမ်းကောင်းတစ်ခုပါ


    - ဝတ်ဆံလေးတွေကိုတော့ အရေပြားပေါ်က အပူဖုနဲ့ ယားနာတွေအတွက် အသုံးပြုနိုင်တဲ့အပြင် မီးယပ်သွေးဆေးဖော်စပ်ရာမှာလည်း သုံးကြပါတယ်


    - အမြစ်နဲ့ အခေါက်တွေကိုလည်း အားဆေးဖော်စပ်ရာမှာ ထည့်သွင်းအသုံးပြုကြပါတယ်


    - ကံ့ကော်စေ့ကရတဲ့ အဆီကိုတော့ ဝဲ၊ ယားနာတို့လို အရေပြားရောဂါတွေအပြင် အဆစ်အမြစ်ရောင်တာတွေအတွက် လိမ်းဆေးအဖြစ်လည်း ဖော်စပ်အသုံးပြုနိုင်ပါသေးတယ်


    ဒီလို အပွင့်၊ ဝတ်ဆံ၊ အစေ့၊ အမြစ်၊ အခေါက်နဲ့ အဆီတွေအားလုံး ဆေးဖက်ဝင်နေတဲ့ ကံ့ကော်ပန်းက အစာခြေစနစ်ကို အားပေးတဲ့အပြင် ရောင်ရမ်းတာတွေ၊ ဆီးအိမ်ကိုက်ခဲတာတွေအတွက်လည်း ‌ဆေးစွမ်းကောင်းတစ်မျိုး ဖြစ်နေပါသေးတယ်။ ဒီအချက်တွေကြောင့်ပဲ တန်ဖိုးကြီးလှပေမယ့် လူသိနည်းနေသေးတဲ့ ကံ့ကော်ပန်းရဲ့ ဆေးဖက်ဝင်အာနိသင်တွေအကြောင်းကို သတိပြုမိစေဖို့ My-Medicine မှ ဗဟုသုတအဖြစ် မျှဝေပေးလိုက်ရခြင်းဖြစ်ပါတယ်…

    အားလုံးပဲဆောင်းပါးလေးကိုအဆုံးထိဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။




    in Herbal Medicine
    စောင်းလျားသီးနဲ့ တန်ဆေးလွန်ဘေး