Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

ရှီးပဒီးလေးရဲ့ အသုံးဝင်ပုံ

  • All Blogs
  • Herbal Medicine
  • ရှီးပဒီးလေးရဲ့ အသုံးဝင်ပုံ
  • February 19, 2025 by
    Hsu Pyae Sone

    တရုတ်သိုင်းကားတွေမှာဆိုရင် ရေခဲတောင်ထိပ်တက်ပြီး ဆေးဖက်ဝင်သစ်ဥသစ်ဖုတွေ ရှာဖွေတာ ကို မြင်ဖူးကြမှာပေါ့နော်။ဒီလိုရှာဖွေတာမျိုး က ရုပ်ရှင်ကားတွေထဲမှာသာမက ပြင်ပလောကမှာလည်း တကယ်ရှိပါတယ်။အမြင့်ပေတစ်သောင်းကျော်ထိ ခဲရာခဲဆစ်ရှာဖွေရတဲ့ အသက်ရှည်စေသောနတ်ဆေးအဖြစ်  နာမည်ကြီးတဲ့ “ဆောင်းပိုး၊နွေမြက်” ဆိုတဲ့ ဆေးဖက်ဝင်အမြစ်ခြောက်လေးဆိုရင် ဘာကို ပြေးမြင်ကြပါသလဲ??

    ဟုတ်ပါတယ်……ရှီးပဒီးမြစ်လေးဖြစ်ပါတယ်။ရှီးပဒီး ဟာ လွန်ခဲ့သော နှစ်ပေါင်းများစွာတည်းကပေါ်ပေါက်ခဲ့ပြီး လူတွေရဲ့ အသက် ပေါင်း များစွာကို ကယ်တင်ခဲ့သော ဆေးတလက်ပဲဖြစ်ပါတယ်။တရုတ်တိုင်းရင်းဆေးဖော်စပ်ရာမှာ မပါမဖြစ်နာမည်ကြီးတဲ့အပြင် ယခုအခါ အရှေ့တိုင်းနဲ့အနောက်တိုင်းဆေးဝါးတွေမှာပါ ထည့်သွင်းအသုံးပြုကြလာပါပြီ။နတ်ဆေးနွယ်ပင်လို့ တင်စားကြတဲ့ ရှီပဒီးမြစ်ဟာ အရွယ်အစား၊အရောင်၊အရင်းမှအဖျားထိ ညီညာမှုရှိ/မရှိနဲ့ ပုံစံတို့အပေါ်မူတည်ပြီး စျေးကလည်း တော်တော်ကြီးပါတယ်။

    ရှီးပဒီးမြစ်မှာ အသားဓာတ်၊သတ္တုဓာတ်၊ဗိုက်တာမင် ဘီ၊ဗိုက်တာမင် ကေ၊ ဗိုက်တာမင် အီး၊ဘီတာဂလူတန်၊အမိုင်နိုအက်စစ် နဲ့ လင်နိုလန်းနစ်အက်စစ်တို့ ပါဝင်လို့ သက်လုံအားကောင်းစေပြီး အဆုတ်နဲ့ ကျောက်ကပ်ကို အဓိကအထောက်အကူပြုပါတယ်။အစပိုင်းကတော့ ရှီးပဒီးမြစ်အရက်စိမ်နဲ့ ပျားရည်စိမ် ကို အမျိုးသား၊အမျိုးသမီး အိမ်ထောင်ရေးသုခပြည့်ဝစေရန်နဲ့ ကလေးရစေရန်ရည်ရွယ်ချက်အတွက် အသုံးပြုခဲ့ပေမယ့် အခြားသော ကောင်းကျိုးများကိုပါ တဖြည်းဖြည်းနဲ့သိလာကြလို့ စျေးကွက်ထဲမှာ ဝယ်ရခက်တဲ့အထိ ဖြစ်ဖူးပါသေးတယ်။

    ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုတွေပြုလုပ်ရတဲ့အားကစားသမားတွေမှာဆိုရင် အမောခံနိုင်ပြီး ပြိုင်ပွဲယှဉ်ပြိုင်ရာမှာ အထောက်အကူဖြစ်စေပါတယ်။ဒါ့ကြောင့် နာတာရှည်လေပြွန်ရောင်သူများ၊ပန်းနာရင်ကြပ်ရောဂါရှိသူများနဲ့ အဆုတ်လေကျန်ရောဂါရှိသူများအတွက် နတ်ဆေးအလား အသုံးဝင်ပြန်ပါတယ်။သွေးထဲမှာရှိတဲ့ မကောင်းတဲ့အဆီဓာတ်နဲ့ သကြားဓာတ်ကို လျှော့ချပေးလို့ အဝလွန်သူတွေနဲ့ အမျိုးအစား ၂ ဆီးချိုအတွက် စတင်စမ်းသပ်နေကြပါပြီ။ပြန်ရည်ကြောအကျိတ်ကြီးတာကို ဟန့်တားပေးနိုင်ပြီး ခုခံအားတိုးပွါးစေတဲ့အတွက် ကင်ဆာကျိတ်တွေနဲ့ ပြင်ပမှဝင်ရောက်လာတဲ့ရောဂါပိုးများကို တားဆီးနိုင်ပါတယ်။

    ကြွက်တွေမှာ လေ့လာစမ်းသပ်ထားတာအရ နှလုံးရောဂါနဲ့ ကျောက်ကပ်ရောဂါတွေကိုပါ ကုသနိုင်စွမ်းရှိတာကို အံ့ဩဖွယ်တွေ့ရှိရပါတယ်။ရှီးပဒီးမှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြောင့် အိုမင်းရင့်ရော်ခြင်းကို ဟန့်တားပြီးအရွယ်တင်နုပျိုစေတဲ့အပြင် မှတ်ဉာဏ်စွမ်းအားကိုကောင်းစေလို့ အရွယ်မတိုင်ခင်မေ့လျော့တတ်ခြင်းများကိုကြောက်စရာမလိုတော့ပါဘူး။သို့သော်ငြား ရှီးပဒီးနဲ့ ဓာတ်မတည့်တဲ့သူတွေကတော့ မူးဝေပျို့အန်တာကအစပြုလို့ အစာအိမ်သွေးကြောပေါက်တာမျိုးအထိ ဖြစ်တတ်ကြလို့ တိကျတဲ့လမ်းညွှန်မှုတွေနဲ့သာ သုံးစွဲစေချင်ကြောင်း အသိပေးရင်း နတ်ဆေးမြစ်လေးအကြောင်း တင်ပြလိုက်ရပါတော့တယ်။


    in Herbal Medicine
    မင်းကို Good စေတဲ့ မင်းဂွတ်သီး