Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

ဗောက်သီးက ဒီလောက်ကောင်းမှန်းမသိခဲ့ဘူး

  • All Blogs
  • Herbal Medicine
  • ဗောက်သီးက ဒီလောက်ကောင်းမှန်းမသိခဲ့ဘူး
  • December 31, 2024 by
    Hsu Pyae Sone

    ချိုချိုချဉ်ချဉ်နဲ့ ဗောက်သီးလေး စားဖူးကြလား❓

     ဒါဆို gooseberry လို့ခေါ်တဲ့ ဗောက်သီးက စတော်ဘယ်ရီနဲ့ ဘလူးဘယ်ရီတို့လိုပဲ ဘယ်ရီအမျိုးနွယ်ဝင်တစ်မျိုးဆိုတာရော သိပါရဲ့လား❓

    အထူးသဖြင့် အခုလို အစစအရာရာ ကုန်ဈေးနှုန်းတွေ တက်နေချိန်မှာ ဘယ်ရီသီးတွေ ဈေးကြီးနေလို့ ဝအောင်မစားနိုင်ဘူးဆိုတဲ့ ဘယ်ရီသီးကြိုက်သူလေးတွေအတွက် ဗောက်သီးက လုံးဝတန်ဖိုးရှိတဲ့ alternative တစ်ခုပဲနော်…

    အရသာ ချဉ်ချဉ်ဖြုံးဖြုံးလေးကြောင့် ရပ်မရအောင် စားကောင်းတဲ့အပြင် မြန်မာနိုင်ငံမှာ ဈေးချိုချိုနဲ့ ဝယ်ရလွယ်ပြီး ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း အများကြီးရှိနေသေးပြန်ပါတယ်။

    ဗောက်သီးရဲ့ အကျိုးကျေးဇူးတွေ ပြောမပြနိုင်လောက်အောင် အများကြီးရှိတဲ့အထဲက အချို့စိတ်ဝင်စားစရာအချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

    • နှလုံး၊ အသည်းနဲ့ ကျောက်ကပ်ကျန်းမာရေးကို တိုးတက်စေတယ်
    • ဆီးချိုကိုထိန်းပေးတယ်
    • ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးတယ်
    • ဗီတာမင်အေ ကြွယ်ဝတာကြောင့် မျက်လုံးကို ကျန်းမာစေတယ်
    • အမျှင်ဓာတ်လည်းကြွယ်ဝလို့ အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်
    • ကိုယ်အလေးချိန်လျှော့ချပေးတယ်

    ဒီလောက် အရသာလည်းကောင်း၊ အကျိုးကျေးဇူးတွေလည်း အများကြီးရှိနေတဲ့ ဗောက်သီးကို ဘယ်ရီသီးချစ်သူတို့ တစ်ခါလောက် မြည်းစမ်းကြည့်ဖို့ အကြံပေးပါရစေ… ပြီးတော့မှ စောစောစီးစီးက မသိခဲ့ရလေချင်းဆိုပြီး နောင်တရမနေဖို့တော့ လိုမယ်နော်။

    ဗောက်သီးကို သရေစာအဖြစ် အသီးလိုက် ဒီတိုင်းစားနိုင်သလို ဖျော်ရည်အနေနဲ့ရော၊ အချိုပွဲတွေလုပ်တဲ့အခါမှာလည်း အသုံးပြုနိုင်ပါသေးတယ်။

    ‼️ ဒါပေမယ့် အသီးကို မမှည့်သေးဘဲ အစိမ်းလိုက်စားမိရင် ဓာတ်မတည့်မှုတွေ ဖြစ်စေတတ်တာကြောင့် အသီးမှည့်မှ စားသုံးဖို့ အသိပေးလိုက်ပါရစေ‼️


    in Herbal Medicine
    ဆောင်းရာသီ နဲ့ ရှားစောင်းပင်