Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

ဆောင်းရာသီ နဲ့ ရှားစောင်းပင်

  • All Blogs
  • Herbal Medicine
  • ဆောင်းရာသီ နဲ့ ရှားစောင်းပင်
  • December 29, 2024 by
    Hsu Pyae Sone

    နှစ်တနှစ်ရဲ့ ရာသီစက်ဝန်းဟာ နွေရာသီနဲ့မိုးရာသီကိုဖြတ်သန်းလာပြီး ဆောင်းရာသီကိုရောက်လာချိန်မှာတော့ ကျွန်မတို့ဟာ ပုံမှန်ထက် ရေဓာတ်လျော့နည်းပြီး အရေပြားတင်းခြင်းများ၊အသားခြောကိခြင်းများကို စတင်ခံစားလာရပါတော့တယ်။ဒီအတွက်ကြောင့် အရေပြားယားယံခြင်း၊အနာဖြစ်လွယ်ခြင်းအပါအဝင် အရေပြားပြဿနာများကို စတင်ကြုံတွေ့ကြရပါတော့တယ်။

    ဆောင်းရာသီအတွက် သီးသန့်ထုတ်ထားတဲ့ အစိုဓာတ်ထိန်းခရင်မ်တွေနဲ့ လိုးရှင်းတွေမှာဆိုရင် ပိုပြီး အသားအရည်ချောမွေ့လှပအောင် သုံးထားတာကို တွေ့မြင်ကြရမှာပါ။ဒီထဲမှာမှ နာမည်ကြီး ပါဝင်ပစ္စည်းတခုကတော့ ရှားစောင်းလက်ပတ်ပင်ပဲဖြစ်ပါတယ်။အိမ်သုံးဆေးပင်တွေထဲမှာ ရှေးယခင်ကနေ ခုထိ ဥတု ၃ ပါးလုံးအတွက် နာမည်ကြီးနေတာကတော့ရှားစောင်းပင်ပဲဖြစ်ပါတယ်။အိမ်မှာ စိုက်ရလွယ်ကူပြီး ခေါငိးအစ ခြေအဆုံးအတွက် အလှအပကို တာဝန်ယူပေးနိုင်တဲ့အထိ အစွမ်းထက်လှပါတယ်။

    ဆောင်းတွင်းမှာရေသောက်နည်းလာကြတဲ့အပြင် စိုစွတ်မှုကျဆင်းလာတဲ့အတွက် အသားအရည်တွေဟာ ပိုမိုခြောက်သွေ့လာရပါတော့တယ်။တချို့အလှကုန်ပစ္စည်းများဟာ ဓာတ်မတည့်မှုဖြစ်နိုင်ပေမယ့် ဆံသားကနေ ခြေဖျားအထိ လိမ်းနိုင်တဲ့ ရှားစောင်းလက်ပတ်ကတော့ အစိုဓာတ်ထိန်းပေးတဲ့နေရာမှာ နံပါတ်(၁)ကနေ ရပ်တည်နေဆဲပဲဖြစ်ပါတယ်။ရှားစောင်းလက်ပတ်ရဲ့ အနှစ်က အရေပြားကို အေးမြစေပြီး နုပျိုကျန်းမာစေတဲ့ ဗီတာမင်စီ၊ဗီတာမင်အီး၊ဗီတာမင်အေ အပြင် antioxidant ဓါတ်ပေါင်းများစွာ ပါဝင်ပါတယ်။

    အသားအရေကို အစိုဓါတ်ထိန်းပေးတဲ့အပြင် လိမ်းပြီးလို့ အရေပြား ချွဲကျိယားယံနေတာမျိုး လုံးဝမဖြစ်စေပါဘူး။နီရဲခြောက်သွေ့တဲ့နေရာ အရေပြားမှ ရှိရင်တောင် သက်သာစေတဲ့အထိ အစွမ်းထက်တဲ့ နတ်ဆေးတလက်ဖြစ်လို့ မတူညီတဲ့ အသားအရေပုံစံတိုင်းအတွက် စိတ်ချလက်ချအသုံးပြုနိုင်ပါတယ်။အရေပြားဆဲလ်တွေ ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပြီးအသားအရေကို နူးညံ့ချောမွေ့ကာ အနာကျက်မြန်စေဖို့ တာဝန်ယူပေးပါတယ်။ဒီလို ကောင်းမွန်လှတဲ့ ရှားစောင်းလက်ပတ်ပင်ကို အလှအပရေးရာနဲ့ အရေပြားကျန်းမာရေးအတွက် တပင်လောက် အိမ်မှာစိုက်ထားသင့်ပြီနော်။


    in Herbal Medicine
    ချောင်းဆိုးပျောက်စေတဲ့ ခွေးသေးပန်းပင်