Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

ဆီးချိုရှိသူတို့အတွက် ပျားမြီးရွက်

  • All Blogs
  • Herbal Medicine
  • ဆီးချိုရှိသူတို့အတွက် ပျားမြီးရွက်
  • November 18, 2024 by
    Hsu Pyae Sone
    ဆီးချိုရှိသူတို့အတွက် ပျားမြီးရွက်


    ဆီးချိုသွေးချိုရောဂါဆိုတာ သွေးတွင်းသကြားဓာတ်များတဲ့ရောဂါတခုဖြစ်ပြီး ရောဂါဖြစ်တဲ့ သက်တမ်းကြာလာတာနဲ့အမျှ သွေးထဲသာမက ဆီးထဲမှာပါ သကြားဓာတ်ပါဝင်မှုနှုန်းကိုပါ တိုင်းတာလို့ရနေပါတယ်။ဆီးချိုရောဂါကို သောက်ဆေး၊ အင်ဆူလင်ထိုးဆေး တို့နဲ့ စနစ်တကျ ကုသရတဲ့အပြင် စားသောက်ပုံစနစ်ကလည်း အရေးကြီးလှပါတယ်။ဒါကြောင့်မို့ အာဖရိက၊တရုတ်နဲ့ အရှေ့တောင်အာရှတွေမှာတွေ့ရများတဲ့ ပျားမြီးရွက်ဟာ ထင်ရှားလာပါတော့တယ်။

    ပျားမြီးရွက်ဟာ ဆီးချိုရောဂါကို သက်သာစေနိုင်တဲ့ ဆေးဖက်ဝင်အပင် ဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာလည်း အိမ်တွင်းအပင်အဖြစိ အလွယ်တကူ စိုက်ပျိုးဖြစ်ထွန်းနိုင်တဲ့ အပင်ဖြစ်ပါတယ်။သူ့မှာ ဖလေဗိုနွိုက် အပြင် အာဟာရဓာတ်များစွာပါဝင်နေတာကြောင့် သွေးတွင်းသကြားဓာတ်ပမာဏကို လျော့ကျစေနိုင်ပြီး ခန္ဓာကိုယ်တွင်းရှိ ကိုလက်စထရော မြင့်မားမှုကို တိုက်ဖျက်ပေးနိုင်တဲ့အစွမ်းရှိပါတယ်။ဒါ့အပြင် ပန်ကရိယကနေ အင်ဆူလင်ကို ထွက်ရှိအောင် လှုံ့ဆော်ပေးပြီး အမျှင်ဓာတ်နဲ့ ရေဓာတ်ပါဝင်မှုမြင့်မားတာကြောင့် ဂလူးကို့စ်ကိုလည်း လျှော့ချပေးနိုင်ပါတယ်။အင်ဆူလင်ခံနိုင်ရည်ရှိတဲ့ နိုက်ထရိတ်ဓာတ်လည်းပါဝငိနေပါသေးတယ်။

    ဆီးချိုရောဂါဟာသေချာ မကုသရင်တော့ ဆီးချိုနောက်ဆက်တွဲ လက္ခဏာတွေဖြစ်တဲ့ အမြင်အာရုံထိခိုက်ခြင်း၊ခြေလက်ထုံကျဉ်ခြင်း တို့အပြင် ကျောက်ကပ်နဲ့နှလုံးသွေးကြောကျဉ်းရောဂါများပါ ဖြစ်တတ်တဲ့အတွက် အထူးဂရုပြုပြီး သေချာစားသောက်နေထိုင်သင့်ပါတယ်။ပျားမြီးရွက်ဟာ ဆီးချိုရောဂါအတွက် နောက်ဆက်တွဲအန္တရာယ်ဖြစ်စေနိုင်တဲ့ ရောင်ရမ်းမှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။ဒါပေမယ့် ဆီးချိုရှိသူတွေအနေနဲ့တော့ သွေးတွင်းသကြားဓာတ် အလွန်အကျွံ ကျဆင်းသွားနိုင်သွားတဲ့အတွက် ဆီးချိုဆေးနဲ့ အတူ တွဲသောက်တာမျိုး မလုပ်သင့်ပါဘူး။ 

    ပျားမြီးရွက်ကို ဆီးချိုရောဂါအတွက် အရွက်စိမ်းအတိုင်း သို့မဟုတ် အရွက်ကိုညှစ်ပြီး သောက်သုံးလေ့ရှိကြပါတယ်။ဒါမှမဟုတ် အခြောက်လှန်းရေနွေးစိမ်ပြီး ရေနွေးကြမ်းအနေနဲ့ သောက်သုံးလေ့ရှိကြပါတယ်။အစာဓာတ်မတည့်သူများရှိရငိတော့ ပျားမြီးရွက်ကို သတိထားပြီးစားသုံးသင့်ပါတယ်။ဒီလိုမျိုး ဆီးချိုရောဂါအတွက် တဖက်တလမ်းကနေ အသုံးဝင်တဲ့ပျားမြီးရွက်ကို မြန်မာဆေးအနေနဲ့ သုံးစွဲလို့ရနိုငိကြောင်း ဗဟုသုတအနေနဲ့ ဖော်ပြလိုက်ရပါတော့တယ်။


    in Herbal Medicine
    အဖျားကျစေတဲ့ ဗောဓိညောင်ပင်