Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

ကြက်ဟင်းခါးသီးမှာ ဘယ်လိုအာဟာရဓာတ်တွေပါဝင်လဲ

  • All Blogs
  • Herbal Medicine
  • ကြက်ဟင်းခါးသီးမှာ ဘယ်လိုအာဟာရဓာတ်တွေပါဝင်လဲ
  • February 26, 2025 by
    Hsu Pyae Sone

    ကြက်ဟင်းခါးသီး စားရတာ ကြိုက်ကြလားရှင့်။ အစားအသောက်ဖက်ကမဟုတ်ဘဲ ကျန်းမာရေးရှုထောင့်အနေနဲ့ ကြက်ဟင်းခါးသီးဟာ အာဟာရနှင့် ဆေးဖက်ဝင်ဂုဏ်သတ္တိများစွာပါဝင်သော သဘာဝအစားအစာတစ်ခုဖြစ်ပါတယ်။ 

    ကြက်ဟင်းခါးသီး က ရလာတဲ့ သတ္တုရည်ကို သောက်ပေးတာဖြစ်ဖြစ်၊ ပြုတ်ရည်ကိုသောက်တာဖြစ်ဖြစ် လုပ်ပေးမယ်ဆိုရင် သူ့မှာပါတဲ့ ဓာတ်ပေါင်းတွေက သွေးတွင်းသကြားဓာတ်လျှော့ချဖို့ အတွက် အထောက်အကူပြုပါတယ်။ဒါ့အပြင် ခန္ဓာကိုယ်အတွင်း မှာ ရှိတဲ့ အင်ဆူလင်ထုတ်လုပ်မှုကို လည်း မြှင့်တင်ပေးပါတယ်။သွေးသန့်စင်စေသော ဂုဏ်သတ္တိရှိတာကြောင့် ဝက်ခြံ၊ ယားနာ၊ နှင်းခူစသော အရေပြားပြဿနာများကို သက်သာစေတာ အံ့ဩစရာပါပဲ။

    ဗီတာမင် စီ၊ဗီတာမင် ဘီ၊ဘီတာကယ်ရိုတင်းနဲ့ အခြားဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြောင့် ခုခံအားကို တိုးမြင့်ပေးပြီး ရောဂါပိုးမွှားတွေကို တားနိုင်ကာ ကင်ဆာနှင့် နာတာရှည်ရောဂါများဖြစ်နှုန်းကို တိုက်ဖျက်ပေးနိုင်ပါတယ်။သွေးတွင်းမှ မကောင်းတဲ့ကိုလက်စထရောကို လျှော့ချပေးကာ နှလုံးရောဂါအန္တရာယ်ကို ကာကွယ်ပေးရုံသာမက အသည်းက အဆိပ်အတောက်များကိုပါ ကာကွယ်ပေးနိုင်ပါတယ်။အမျှင်ဓာတ်တွေပါလို့ အစာခြေလမ်းကြောင်းကို ကျန်းမာစေကာ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ဒါပေမယ့် သူ့ရဲ့ အရသာက ခါးတာကြောင့် တချို့အစာအိမ်ယောင်ရောဂါရှိသူများနဲ့တော့ မတည့်ပါဘူး။

    မည်သို့ပင်ဆိုစေကာမူ ကြက်ဟင်းခါးသီးကို ဖျော်ရည်လုပ်သောက်ခြင်း၊ ဟင်းချိုချက်သောက်ခြင်း၊ကြော်စားခြင်း သို့မဟုတ် အခြောက်ခံပြုတ်သောက်ခြင်းဖြင့် စားသုံးနိုင်ပါတယ်။ဆီးချိုသမားများ ဆေးနဲ့တွဲဖက်အသုံးပြုရင်တော့ သွေးတွင်းသကြားဓာတ်အဆမတန်ကျဆင်းစေနိုင်လို့ အသက်အန္တရာယ်အတွက် စိုးရိမ်ရပါတယ်။ဒါကြောင့်မို့ ဆေးဘက်ဆိုင်ရာအသုံးပြုမှုတွေအတွက်ဆိုရင်တော့ မိမိရဲ့ရောဂါအခံနဲ့ သက်ဆိုင်ရာဆရာဝန်နဲ့ တိုင်ပင်ပြီးမှ အသုံးပြုသင့်ပါတယ်။


    in Herbal Medicine
    Chia (ချီယာစေ့) က ဝိတ်ကျစေသလား