Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

အိမ်တိုင်းလိုလိုမှာ ရှိတတ်ကြတဲ့ မီးဖိုဆောင်လေးထဲက ဂျင်းရဲ့ အကျိုးပြုပုံ

  • All Blogs
  • Herbal Medicine
  • အိမ်တိုင်းလိုလိုမှာ ရှိတတ်ကြတဲ့ မီးဖိုဆောင်လေးထဲက ဂျင်းရဲ့ အကျိုးပြုပုံ
  • July 29, 2025 by
    Hsu Pyae Sone

    မြန်မာလူမျိုးတို့ရဲ့ မီးဖိုဆောင်လေးထဲမှာ ဟင်းခတ်အမွှေးအကြိုင်အဖြစ်သုံးဖို့ ဂျင်းတက်တစ်တက်တော့ ရှိလေ့ရှိပါတယ်။ ဒီဂျင်းတက်လေးက အချက်အပြုတ်တင်မကဘဲ ဘာတွေအသုံးဝင်လည်း ဆိုတာပြောပြပေးပါမယ်။

     ဂျင်းဟာ အစာခြေအင်ဇိုင်းထွက်တာကို အားပေးတာကြောင့် အစာကြေလွယ်တဲ့ အပြင် အစာအိမ်နဲ့ အူလမ်းကြောင်းရဲ့ လှုပ်ရှားမှုကို မြန်စေတာကြောင့် ဝမ်းမှန်စေပါတယ်။ ဒါ့အပြင် အစာစားပြီး ရင်ပြည့်ရင်ကယ် ဗိုက်ပွ လေးထိုးလေအောင့်ဖြစ်တာကို ကာကွယ်နိုင်ပါတယ်။ အော့အန်ချင်တာကို သက်သာစေပြီး အစာစားချင်စိတ်တိုးတက်စေပါတယ်။

     ကိုယ်ခန္ဓာ ရောင်ရမ်းစေတတ်တဲ့ ဓါတ်တွေကို အထွက်နည်းစေတာကြောင့် ကျီးပေါင်းရောဂါ၊ လေးဘက်နာအဆစ်ရောင်ရောဂါနဲ့ ရာသီလာချိန် ကိုက်ခဲဝေဒနာများကို အထူးသက်သာစေပါတယ်။ အဆစ်နာ ဒူးနာ ခါးနာတွေ အတွက်က ဂျင်းပါတဲ့ ဆေးပူလေး တနေ့ သုံးကြိမ် လက်တစ်ဆစ်ခန့် ပွတ်လိမ်းပေးတာက ရောင်တာာနာတာကို သက်သာစေပြီး ရာသီလာချိန်မှာ ထန်းလျက်ခဲနဲ့ ပြုတ်ထားတဲ့ ဂျင်းပြုတ်ရေတခွက်က menstrual pain ရာသီလာချိန်ကိုက်ခဲနာကျင်တာကို သိသိသာသာသက်သာစေပါတယ်။

     သွေးတွင်းအဆီဓါတ် cholesterol ကျစေတဲ့အပြင် ဝမ်းဗိုက်အဆီလည်း ကျစေတာကြောင့် သွေးတိုး နှလုံးရောဂါကို ကာကွယ်နိုင်တဲ့ အပြင် အဝလွန်တာကိုလည်း ထိန်းနိုင်ပါမယ်။ မုန့်ချိုအိတ် pancreas မှ အင်ဆူလင်ဟော်မုန်း insulin ကို ထွက်အောင်လှုံဆော်တာကြောင့်လည်း ဆီးချိုသွေးချိုရောဂါလူနာတွေ အတွက် သွေးတွင်းသကြားဓါတ်ထိန်းနိုင်အောင် ကူညီပါလိမ့်မယ်။

     ကိုယ်ခံအားကောင်းစေတာကြောင့် ရာသီတုပ်ကွေးရောဂါကို ကာကွယ်နိုင်ပါတယ်။ အအေးမိချိန် ဂျင်းပြုတ်ရည်တစ်ခွက်သောက်မယ်ဆိုရင် ခန္ဓာကိုယ်ကို နွေးထွေးစေပြီး နာလန်ထူ ပိုမြန်စေပါမယ်။ ဗိုက်တာမင် အေ၊ စီ၊ အီ နဲ့ ဘီတာ ကရိုတင်း စတဲ့ antioxidants အင်တီအောက်စီဒင့်များစွာပါဝင်တာကြောင့် အရွယ်တင်ပြီး Alzheimer အယ်ဇိုင်းမား မှတ်ဉာဏ်ကျဆင်းတဲ့ရောဂါဖြစ်မှုလည်း နည်းပါးစေပြီး အချို့သော ကင်ဆာ​ရောဂါများ သားဥအိမ်၊ အူမကြီး၊ မုန့်ချိုအိတ်ကင်ဆာဖြစ်ပွားမှုကိုလည်း လျော့နည်းစေပါတယ်။

     အပေါ်က ကောင်းကျိုးလေးတွေ ရရှိဖို့ မနက်စောစော သို့မဟုတ် နေ့လည်စာစားပြီးတိုင်း လက်ရည်ဇွန်း လေးပုံတစ်ပုံကျိတ်လှီထားပြီး ပမာဏခန့် သကြားနဲ့ဖြစ်ဖြစ် သံပုရာသီးနဲ့ ဖြစ်ဖြစ် ရေနွေးလေးနဲ့ သောက်ပေးပါက ရေဓါတ်ပြည့်ဝစေတဲ့ အပြင် စိတ်ကြည်လင်လန်းဆန်းစေပါတယ်။ လိုတာထပ်ပိုသောက်မိ စားမိပါက ရင်ပူတာ ဝမ်းလျှောတာ လေပူထတာတွေ ခံစားရတတ်ပါတယ်။ ဒီစာလေးဖတ်မိပြီး ကျန်းမာလို့ကိုယ်ခံအားကောင်းတဲ့ သူတယောက်ဖြစ်အောင် ပြုပြင်ကြပါစို့နော်။ 

    in Herbal Medicine
    လိမ္မော်ရည်သောက်ရင် ဘယ်လိုကောင်းကျိုးတွေရနိုင်မလဲ?