Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

ဆေးခြောက်ကတကယ်ကျန်းမာရေးအတွက်ကောင်းလား

  • All Blogs
  • Herbal Medicine
  • ဆေးခြောက်ကတကယ်ကျန်းမာရေးအတွက်ကောင်းလား
  • October 30, 2024 by
    Hsu Pyae Sone
    ဆေးခြောက်ကတကယ်ကျန်းမာရေးအတွက်ကောင်းလား


    ဆေးခြောက်ပင်သည် ချဉ်ပေါင်ရွက်နဲ့ အရွက်ပုံစံခပ်ဆင်ဆင်ဖြစ်ပြီး လူကိုမူးယစ်ထုံထိုင်းစေတတ်သော Tetrahydrocannabinol ဓာတုပစ္စည်းပါဝင်ပါတယ်။ဒီဓါတုပစ္စည်းက ပင်မအာရုံကြောစနစ်အပေါ်မှာသက်ရောက်မှုရှိစေတာဖြစ်တဲ့အတွက် အထိန်းအချုပ်မဲ့ လေထဲမှာ မျောနေပြီး စိတ်ဖိစီးမှူလျော့သွားအောင် သုံးကြတာများပါတယ်။ဒါပေမယ့် ဆေးခြောက်ဟာ တရားဝင်သုံးစွဲခွင့်မရှိပါဘူး။

    ဆေးခြောက်ရှူခြင်း၏ အကျိုး သက်ရောက်မှု(အရပ်အခေါ်  ဟိုင်းခြင်း)များကို နာရီဝက် အတွင်း ခံစားရတတ်ပြီး ဆေးအာနိသင်မှာ ၃ နာရီမှ ၆ နာရီထိကြာတတ်ပါတယ်။ဒါပေမယ့် အသုံးပြုတဲ့ပုံစံ၊အသုံးပြုမှုပမာဏပေါ်မူတည်ပြီး ဆေးအစွမ်းက ကြာတာ၊မြန်တာ ရှိတတ်ပါတယ်။ဒါပေမယ့် နေ့စဉ်ရက်ဆက်သုံးတာများတဲ့အခါမှာတော့ ပြင်းထန်သောစိတ်ဝေဒနာ ခံစားရခြင်း၊ ရူးသွပ်ခြင်း၊နဂိုရှိပြီးသားစိတ်ဝေဒနာများကို ပိုဆိုးစေခြင်း ဖြစ်တတ်ပါတယ်။အထူးသဖြင့် ကယောင်ခြောက်ခြားမှုဖြစ်ခြင်းနဲ့အတူ အကယ်၍ ကာလကြာရှည်သုံးပြီးမှ ရုတ်တရက် ရပ်လိုက်ပါကလည်း ဒေါသထွက်ခြင်း၊ရာဇဝတ်မှုကျူးလွန်နိုင်တဲ့အထိ စိတ်မထိန်းနိုင်ခြင်း အစရှိတဲ့ withdrawal effect များ ရရှိစေပါတယ်။

    ဒါပေမယ့် ဆေးခြောက်ဟာ ကျန်းမာရေးအတွက် အများကြီးအကျိုးရှိစေတာကိုလည်း အံ့ဩဖွယ်ရာတွေ့ရှိရပါတယ်။ဥပမာ နာကျင်မှုကို သက်သာစေတဲ့အတွက် ကင်ဆာရောဂါဝေဒနာရှင်များနှင့် မိုင်းထိလူနာများ၊ခြေထောက်ဖြတ်ရသောလူနာများအတွက် အသုံးဝင်ပါတယ်။ကျန်းမာရေးရှူထောင့်အရဆိုရင် ဆေးခြောက်ကိုရှုရှိုက်တာက မျက်စိရေတိမ်ခံစားနေတဲ့သူတွေရဲ့ မျက်လုံးအတွင်းပိုင်းက ဖိအားကိုကျဆင်းစေနိုင်ပြီး အမြင်အာရုံကိုတိုးတက်စေနိုင်ပါတယ်။အာရုံကြောနဲ့ဆိုင်တဲ့နာကျင်မှုဆိုင်ရာရောဂါတွေမှာလည်း ပမာဏတိကျစွာ သုံးစွဲပေးမယ်ဆိုရင် နာတာရှည်ဝေဒနာကို လျော့ပါးသက်သာစေပါတယ်။

    ကင်ဆာရောဂါဝေဒနာရှင်တွေမှာလည်း ကင်ဆာဆဲလ်ပျံ့နှံ့မှုကို ဟန့်တားပေးနိုင်တဲ့အပြင် အစားအသောက်စားချင်စိတ်ကိုပါ တိုးပွါးလာစေပါတယ်။ဆေးခြောက်မှာ neuroprotective အာနိသင်ပါဝင်နေတာကြောင့်ခေါင်းထိခိုက်မှုကြောင့်ဖြစ်တဲ့ ဦးနှောက်ထိခိုက်မှုတွေကိုလည်း ကာကွယ်ပေးပါတယ်။ခန္ဓာကိုယ်ထဲက သွေးတွင်းအဆီဓာတ်ကိုလျော့နည်းစေတဲ့အပြင် အဆုတ်နဲ့ပတ်သက်တဲ့ရောဂါခံစားနေရသူတွေမှာလည်း အဆုတ်ကျန်းမာရေးကို ပိုမိုကောင်းမွန်စေပါတယ်။ဒါပေမယိ့ တန်ဆေး၊လွန်ဘေး ပမာဏရှိလို့ ဆေးခြောက်ကို ကျန်းမာရေးအတွက် သုံးစွဲမယ်ဆိုရင် သိနားလည်သူတွေနဲ့ သေသေချာချာတိုင်ပင်ဆွေးနွေးသင့်ပါတယ်နော်။


    in Herbal Medicine
    စိတ်ဖိစီးမှုတွေအတွက်အသုံးဝင်တဲ့ ထိကရုန်းပင်