Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

သွေးနီဥတွေများအောင် ဘယ်လိုစားသောက်သင့်လဲ

  • All Blogs
  • Hematological Disorders
  • သွေးနီဥတွေများအောင် ဘယ်လိုစားသောက်သင့်လဲ
  • November 18, 2024 by
    Hsu Pyae Sone
    သွေးနီဥတွေများအောင် ဘယ်လိုစားသောက်သင့်လဲ


    သံဓာတ်နည်းခြင်း၊မျိုးရိုးလိုက်သောသာလာစီးမီးယားရောဂါရှိခြင်း၊သံကောင်ရောဂါရှိခြင်းနဲ့ ကင်ဆာရောဂါရောဂါဝေဒနာခံစားရသူတွေမှာ သွေးအားနည်းရောဂါ တနည်းအားဖြင့် သွေးနီဥနည်းနေခြင်းကို ခံစားရတတ်ပါတယိ။သွေးနီဥနည်းပါးခြင်းကြောင့် ဖြူဖတ်ဖြူလျော်ဖြစ်ခြင်း၊ရင်တုန်ခြင်း အစရှိတဲ့ လက္ခဏာတွေဖြစ်တတ်တဲ့အပြင် တခါတရံသွေးသွင်းရတဲ့အခြေအနေထိဆိုးဝါးတတ်ပါတယ်။

    သွေးနီဥဆိုတာ ကျွန်မတို့လေထုထဲကရှူရှိူက်လိုက်တဲ့ oxygen တွေကို ခန္ဓာကိုယ်ရဲ့နေရာအသီးသီးသို့ ပို့ဆောင်ပေးတဲ့အလုပ်ကိုလုပ်ပါတယ်။ဤကဲ့သို့ သွေးအားနည်းရောဂါဖြစ်တဲ့အခါ အသက်ရှူမဝခြင်း၊သွေးတွင်း Oxygen ဓာတ်နည်းပါးခြင်းတို့အပြင် အသက်အန္ျရာယ်ကိုပါ စိုးရိမ်ရစေနိုင်ပါတယ်။ဒါကြောင့်မို့ ဒီနေ့မှာတော့ သွေးအားမနည်းအောင် ဘယ်အစားအစာတွေကို ရွေးချယ်စားသောက်ရမလဲဆိုတဲ့အကြောင်းကို မျှဝေပေးချင်ပါတယ်။


    (၁)သံဓာတ်များအောင်စားသောက်ပါ

    သံဓာတ်ဟာ သွေးနီဥထုတ်လုပ်မှုများအောင် တဖက်တလမ်းကလုပ်ဆောင်ပေးပါတယ်။အနီရောင်ရှိ​သော အသား၊ငါး၊ကလီစာ၊ဥအမျိုးမျိုး၊အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များနဲ့ အစေ့အဆန်တွေဟာ သံဓာတ်အားကောင်းစေတဲ့အစားအစာတွေပဲဖြစ်ပါတယ်။


    (၂)Folate ဓာတ်ပြည့်ဝအောင်နေထိုင်ပါ

    Folate ဓာတ်နည်းတဲ့အခါ သွေးနီဥတွေဟာ မလုပ်လုပ်နိုင်တဲ့အရွယ်အစားရောက်တဲ့အထိ သေချာမကြီးထွားလာနိုင်တဲ့အတွက် Vitamin B ဓာတ်ပေါင်းစုတခုဖြစ်တဲ့ Folate ဟာလည်းအရေးပါလှပါတယ်။ဟင်းနုနွယ်၊ပဲကြီး၊နှံစာပြောင်းအမျိုးမျိုး၊နေကြာစေ့နဲ့ ဥအမျိုးမျိုးကိုစားသုံးခြင်းဖြင့် Folate ဓာတ်ပြန်ဖြည့်လို့ရပါတယ်။


    (၃)သံဓာတ်စုပ်ယူမှုအားကောင်းအောင်စားသောက်ပါ

    Vitamin C ပါတဲ့ချဉ်တဲ့အသီးအမျိုးမျိုုး၊Vitamin A ပါဝင်တဲ့ ကန်စွန်းဥ၊ငါးနဲ့ အသည်းတွေက ခန္ဓာကိုယ်တွင်းမှာသံဓာတ်စုပ်ယူမှုအားကောင်းစေပြီး သွေးနီဥများပြားစေပါတယ်။


    (၄)အားဆေးသောက်ပါ

    လိုအပ်လျှင် သံဓာတ်နဲ့ Folate ပါတဲ့ဆေးတွေကို ဆရာဝန်ညွှန်ကြားမှုနဲ့ အညီသောက်သုံးသင့်ပါတယ်။


    (၅)သောက်စရာရွေးချယ်ပါ

    အရက်သောက်ခြင်းကသွေးနီဥကိုနည်းစေတဲ့အတွက် ဟင်းနုနွယ်ရွက်ဖျော်ရည်၊သဘာဝဆီးသီးဖျော်ရည်နဲ့ သကြားမုန်လာဖျော်ရည်တို့ကိုသောက်ခြင်းအားဖြင့် သွေးအားပြန်တက်စေနိုင်ပါတယ်။


    ဒီလောက်ဆိုရင်တော့ သွေးအားနည်းတဲ့သူလေးတွေလည်း သွေးအားကောင်းအောင်ဘယ်လိုရွေးချယ်စားသောက်ရမလဲဆိုတာ သိရှိကြပြီလို့မျှော်လင့်ပါတယ်။ဒါပေမယ့် အရွက်တွေကြော်တဲ့အခါ မဲသွားအောင်ကြော်ရင် အရွက်ရဲ့အာဟာရတန်ဖိုးကျသွားစေနိုင်တဲ့အတွက် စိမ်းစိမ်းစိုစိုလေးဖြစ်အောင် ချက်ပြုတ်စားသောက်ကြဖို့ထပ်မံတိုက်တွန်းလိုက်ပါရစေ။


    in Hematological Disorders
    အနှုတ်သွေးသမားဆိုရင်ဘာတွေသိထားရမလဲ