Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

အသက်ကယ်ရန် လက်ဆေးပါ

တကယ်တော့ လက်ဆေးတယ်ဆိုတာ ကိုဗစ်ကာလမှ ဆေးသင့်တာမဟုတ်ပါဘူး။ ရောဂါပိုးပေါင်းများစွာက ကိုယ့်ရဲ့လက်တကမ်းမှာတင်ရှိနေတာကြောင့် ကျန်းမာရေးနဲ့ညီညွှတ်ဖို့ဆိုရင် လက်ဆေးတာက အခြေခံအချက်ပါပဲ။
  • All Blogs
  • General Health
  • အသက်ကယ်ရန် လက်ဆေးပါ
  • February 14, 2023 by
    Dr.Phyo

    မင်္ဂလာပါ စာဖတ်ပရိတ်သတ်တို့ရေ…

    ကိုဗစ်ပထမလှိုင်းတုန်းက စနစ်တကျလက်ဆေးနည်းကို တော်တော်များများအသိပေး ပြောခဲ့ကြပေမယ့် အခုဆိုရင် မေ့လောက်ရောပေါ့။ မကြာခဏလက်ဆေးဖို့ကို သတိရပေမယ့်လည်း ပျင်းပြီးတမင်မလုပ်ကြတဲ့သူတွေ ရှိနေတယ်မလား။ 

    တကယ်တော့ လက်ဆေးတယ်ဆိုတာ ကိုဗစ်ကာလမှ ဆေးသင့်တာမဟုတ်ပါဘူး။ ရောဂါပိုးပေါင်းများစွာက ကိုယ့်ရဲ့လက်တကမ်းမှာတင်ရှိနေတာကြောင့် ကျန်းမာရေးနဲ့ညီညွှတ်ဖို့ဆိုရင် လက်ဆေးတာက အခြေခံအချက်ပါပဲ။ များမကြာမှီအချိန်မှာလည်း မိုးတွင်းကာလကို ရောက်လာတော့မှာဆိုတော့ လက်မကြာခဏဆေးခြင်းက မိုးရာသီမှာဖြစ်တတ်တဲ့ 

    ဝမ်းပျက်ဝမ်းလျှောဖြစ်တာကို ကာကွယ်နိုင်မယ်
    ရာသီတုပ်ကွေးဖြစ်နိုင်ခြေကို လျှော့ချနိုင်မယ်
    လက်မှာရောဂါပိုးနည်းသွားတဲ့အတွက် သူများကိုရောဂါကူးစက်နိုင်ချေလည်း နည်းသွားပါမယ်။ 

    လက်ကိုမကြာခဏဆေးဖို့လည်း လိုသလို စနစ်တကျလက်ဆေးဖို့လည်း လိုပါတယ်။ ဒါ့ကြောင့် အားလုံးသိထားပြီးဖြစ်တဲ့ စနစ်တကျလက်ဆေးနည်းကို ထပ်မံသတိပေး ဖော်ပြပါရစေ။

    လက်ကိုရေဖြင့် စိုရွှဲအောင် လောင်းပါ။
    ဆပ်ပြာနဲ့ အမြုပ်ထွက်သည်အထိ ပွတ်ပါ။
    စက္ကန့် (၂၀)လောက် အားထည့်ပြီးပွတ်ပါ။ လက်ဖဝါး၊ လက်ဖမိုး၊ လက်ကောက်ဝတ်၊ လက်ချောင်းကြားနဲ့ လက်သည်းကြားတွေထိ သေချာပွတ်ပါ။
    ရေနဲ့ စင်အောင်ပြန်ဆေးပါ။
    တစ်ရှုးနဲ့ဖြစ်ဖြစ် လက်သုတ်ပုဝါနဲ့ဖြစ်ဖြစ် ခြောက်အောင်သုပ်ပါ။ 

    ဒါ့အပြင် ရေမလိုလက်သန့်ဆေးရည် ဆောင်တဲ့အကျင့်ကို လုပ်ပါ။ ကလေးတွေကိုလည်း လက်မကြာခဏဆေးသင့်ကြောင်း အသိပညာပေးပြောပြပါ။ 

    ကိုဗစ်ကာလမှာ အရေးကြီးဆုံးအသက်ကယ်နည်းဖြစ်တဲ့ လက်သန့်ရှင်းရေးကို တခြားသူတွေလိုက်နာအောင် နည်းပေးလမ်းပြလုပ်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းများထဲမှ သူနာပြုများကို ဒီနေ့ မေလ (၁၂)ရက်နေ့မှာ ကျရောက်တဲ့ “အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့” တွင် My-Medicine မှ လေးစားစွာဖြင့် ဂုဏ်ပြုအပ်ပါတယ်။ 





    in General Health
    မိုးရာသီနှင့် သွေးလွန်တုပ်ကွေး
    သွေးလွန်တုပ်ကွေးကိုဖြစ်စေတဲ့ ဗိုင်းရပ်စ် (၄)မျိုးရှိပါတယ်။ သွေးလွန်တုတ်ကွေးရောဂါကနေ ပြန်ကောင်းလာပြီဆိုရင် သင့်ကိုကူးစက်သွားတဲ့ ဗိုင်းရပ်စ်တစ်မျိုးကို ခုခံနိုင်စွမ်းရှိသွားပေမယ့် နောက်ထက် (၃)မျိုးကျန်သေးတဲ့အတွက်ကြောင့် ထပ်မံကူးစက်နိုင်ပါသေးတယ်။