Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

သွေးတိုးနဲ့ဆီးချိုကအမြဲတွဲနေတတ်တာလား

  • All Blogs
  • General Health
  • သွေးတိုးနဲ့ဆီးချိုကအမြဲတွဲနေတတ်တာလား
  • September 10, 2024 by
    Hsu Pyae Sone
    သွေးတိုးနဲ့ဆီးချို က အမြဲတွဲနေတတ်တာလား


    သွေးတိုးရှိရင် ဆီးချိုဖြစ်တော့မှာလား?ဆီးချိုရှိရင် သွေးတိုးတော့မှာလား?ဆိုပြီး မေးလေ့ရှိကြပါတယ်။မေးလည်းမေးချင်စရာပါပဲ။သွေးတိုးနေတဲ့လူနာမှာ သွေးတွင်းသကြားဓာတ်များနေတာ တွေ့ရသလို ဆီးချိုသမားတွေမှာလည်း သွေးပေါင်တက်နေတာကို အမြဲလိုလို ကြားသိနေရတာပဲဖြစ်ပါတယ်။ဒါဆိုရင် တကယ်ပဲ ဆီးချိုနဲ့ သွေးတိုးက တူတူ တွဲဖြစ်နေတာလား ဆိုတာ အဖြေရှာကြည့်ကြရအောင်။

    ပုံမှန်လူတွေထက်စာရင် ဆီးချိုသမားတွေမှာ သွေးတိုးဖြစ်ဖို့ရာခိုင်နှုန်း 1.5-2% ထိ ပိုမြင့်တက်နိုင်ပါတယ်။ဆီးချိုပဲဖြစ်ဖြစ်၊သွေးတိုးပဲဖြစ်ဖြစ် ရောဂါ ၂ ခုလုံးကို ဖြစ်စေတဲ့အကြောင်းအရာတွေ က တူနေသလို ရောဂါတခုရှိရင် နောက်တခုလိုက်ဖြစ်တတ်တာကို တွေ့ရှိရပါတယ်။ဒါပေမယ့် သွေးမတိုးတဲ့ ဆီးချိုလူနာရှိသလို သွေးတွင်းသကြားဓာတ်ပုံမှန်ဖြစ်နေတဲ့ သွေးတိုးသမားတွေလည်း အများကြီးရှိနေပါသေးတယ်။

    ရောဂါ ၂ ခုကို တူတူဖြစ်စေရတဲ့အကြောင်းရင်းတွေက ဘာတွေများ ဖြစ်မလဲနော်။


    (၁) အဝလွန်ခြင်း

    ပုံမှန်ရှိသင့်တဲ့ အလေးချိန်ထက်ပိုဝနေတဲ့လူတွေဟာ အရင်ဦးဆုံး ဗိုက်ခေါက်အဆီက စပြီးသိသာလာတတ်ကြပါတယ်။ဒါပေမယ့် ဗိုက်ခေါက်အဆီမဖြစ်ခင်မှာ ကိုယ်တွင်းကလီစာတွေမှာလည်း အဆီတွေဖုံးနေသလို သွေးတွင်းအဆီဓာတ်များလာတာကိုလည်း သတိမထားမိကြပါဘူး။တဖြည်းဖြည်းနဲ့ များလာတဲ့ အဆီဓာတ်တွေကြောင့် သွေးတိုး၊ဆီးချိုလိုရောဂါ အပြင် နှလုံးသွေးကြောကျဉ်းရောဂါကိုပါ ဖြစ်စေတာမို့ အဝလွန်ခြင်းကို သတိထားရမှာ ဖြစ်ပါတယ်။


    (၂)လှုပ်ရှားမှုမရှိတဲ့နေ့စဉ်ဘဝ

    အဆီအစိမ့်တွေနဲ့ ready made တာရှည်ခံပစ္စည်းတွေပဲ တစွတ်စွတ်စားနေတတ်တဲ့ ဘဝကြီးက ရောဂါတွေကို ဖိတ်ခေါ်နေသလိုပါပဲ။လေ့ကျင့်ခန်းမလုပ်တဲ့ ခန္ဓာကိုယ်ကြီးက သံချေးတက်နေတဲ့ စက်သွားတွေလိုပဲ ဖြစ်လာပါတော့တယ်။ဒီလိုကနေ အဆီဓာတ်တွေပုံလာတဲ့အခါမှာတော့ အဝလွန်ပြီး ရောဂါတွေ ဖြစ်တော့တာပါပဲ။


    (၃)စိတ်ဖိစီးမှု

    ကာလကြာရှည် စိတ်ဖိစီးမှု ခံစားနေရတဲ့သူတွေဟာ ညအိပ်မပျော်တော့တဲ့အပြင် ခန္ဓာကိုယ်ရဲ့ဟော်မုန်း level တွေကိုပါ မညီမျှဖြစ်စေပါတယ်။စိတ်ဖိစီးရာကနေ ထွက်လာတဲ့ ဟော်မုန်းတမျိုးကြောင့် သွေးပေါင်မကြာခဏတက်စေတဲ့အပြင် ဦးနှောက်သွေးကြောပေါက်တဲ့အထိ ဖြစ်တတ်လို့ အထူးသတိထားသင့်ပါတယ်။


    ဒါ့အပြင် ဆေးလိပ်၊အရက်၊ကွမ်းနဲ့ စိတ်ကြွဆေးများသုံးစွဲခြင်းကလည်း ရောဂါ၂ ခုလုံးဖြစ်အောင် အားပေးသလိုပါပဲ။အဆီများတဲ့အစားအစာ၊အငန်များတဲ့အစားအစာ၊Snack၊အချိုရည်နဲ့ Ready made အစားအစာတွေကို အလွန်အကျွံစားသုံးခြင်းကလည်း သွေးတိုးရော ဆီးချိုရော ရောဂါ ၂ ခုလုံးကို ဖြစ်စေနိုင်တဲ့ အဓိက အချက်တွေပဲ ဖြစ်ပါတယ်။


    ဆီးချိုနဲ့သွေးတိုးရောဂါဖြစ်တာကာကွယ်ဖို့(ဒါမှမဟုတ်)ဖြစ်နေတဲ့သူတွေလည်း ပိုမဆိုးလာဖို့ဆိုရင်

    -လေ့ကျင့်ခန်းပုံမှန်လုပ်ရပါမယ်

    -အိပ်ချိန် ၆-၈ နာရီကြားအိပ်ရပါမယ်

    -စိတ်ဖိစီးမှုလျှော့ချရပါမယ်

    -အရက်၊ဆေးလိပ်နဲ့ ကွမ်းကို ရှောင်ရပါမယ်

    -အဆီဓာတ်လွန်ကဲသော၊အငန်ဓာတ်လွန်ကဲသော၊အချိုများသောအစားအစားများမစားရပါဘူး။

    -ဟင်းသီးဟင်းရွက်နဲ့အသားငါးမျှတအောင်စားပေးရပါမယ်။


    ဆီးချို၊သွေးတိုးရဲ့နောက်ဆက်တွဲအနေနဲ့ ကျောက်ကပ်ပျက်စီးတာ၊ခြေလက်ထုံကျဉ်တာ၊နှလုံးနဲ့ ဦးနှောက်သွေးကြောကျဉ်းတာ၊မျက်လုံးအမြင်ဝါးပြီးဆုံးရှုံးတာတွေ ရှိနိုင်တာမို့ ကြိုကြိုတင်တင်ဆင်ဆင်ခြင်ခြင်နဲ့ ရှောင်စရာရှိတာ ရှောင်ပြီး ကျန်းမာတဲ့ဘဝဖြစ်အောင် ဖန်တီးကြပါစို့။

    ပြီးတော့ ဆေးဝါးများဝယ်ယူရန်ဖြစ်​စေ၊ အထူးကုဆရာဝန်​ကြီးများနဲ့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုလျှင်ဖြစ်​စေ  https://mymedicine.com.mm/r/diabete ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။






    in General Health
    လေထုညစ်ညမ်းခြင်းဆိုတာ