Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

သင်ကဇာက်ကြောခဏခဏချိုးတတ်တဲ့သူလား

  • All Blogs
  • General Health
  • သင်ကဇာက်ကြောခဏခဏချိုးတတ်တဲ့သူလား
  • December 16, 2024 by
    Hsu Pyae Sone

    “အမလေး ညောင်းလိုက်တာ……ဂျွတ်”

    "တနေကုန် စာဖတ်ရတာ ပင်ပန်းလိုက်တာ….ဂျွတ်”

    ကိုယ့်ပတ်ဝန်းကျင်မှာပဲ ဖြစ်ဖြစ်၊ကိုယ်ကိုယ်တိုင်ပဲ ဖြစ်ဖြစ် ညောင်းလာပြီ၊ပင်ပန်းလာပြီ ခံစားရတဲ့အခါ တင်းနေတဲ့ ဇက်ကြောတွေ လျော့သွားအောင် ဆတ်ခနဲ ချိုးလိုက်ကြတဲ့သူတွေ ရှိလား။

    ထိုင်ရတာ ကြာလာတဲ့ လူတွေမှာဆိုရင် ခေါင်းကို အနေအထားတခုထဲမှာပဲ အကြာကြီး ထားထားရတဲ့အတွက်ဇက်ကြောတင်းတာ၊လည်ပင်း ညောင်းတာနဲ့ ကြွက်သားတောင့်တင်းတာမျိုးဖြစ်တတ်ပါတယ်။ဒီလိုအနေအထားမှာဆိုရင် လည်ပင်းကိုတဖက်အမြန်စောင်းငဲ့လှည့်လိုက်ပြီး ဇက်ချိုးလိုက်ရခြင်း က တင်းနေတဲ့အကြောတွေပြေပြီး သက်သာသွားကြသလိုမျိုး ခံစားရတတ်ပါတယ်။

    ဒါပေမယ့် ဒီအလေ့အထ က ကြာလာပြီး အလေ့အကျင့်ဖြစ်လာတဲ့အခါ အရိုးကျီးပေါင်းဖြစ်ခြင်းအပြင်လည်ပင်းမှာရှိတဲ့အရိုးပြားတွေကို ထိခိုက်မိစေပြီး အာရုံကြောများဖိမိခြင်းကြောင့်လက်ထုံကျင်ခြင်းနဲ့ မူးဝေခြင်းများ ခံစားရတတ်ပါတယ်။တခါတလေ ဇက်ချိုးတာအရမ်းအရှိန်ပြင်းတဲ့အခါမျိုးမှာတော့ သွေးကြောတွေကိုပါ ထိခိုက်မိပြီး လေဖြတ်ခြင်းအထိဖြစ်စေနိုင်ပါတယ်။

    ဇက်ချိုးတဲ့အသံကျယ်လေ ကိုယ့်ကိုယ်ကို ပိုပြီးကျေနပ်အားရလေ ဖြစ်တတ်ကြပေမယ့် တကယ်တမ်းကတော့ လည်ပင်းမှာရှိတဲ့ အရိုးပြားနဲ့ အာရုံကြောမျှင်လေးတွေကိုပျက်စီးစေရုံမျှမက လေဖြတ်နိုင်တဲ့အထိ အန္တရာယ်ရှိတာမို့ ဇက်ချိုးတတ်တဲ့အကျင့်ရှိသူများ သတိပြုနိုင်စေရန်အတွက် ရေးသားဖော်ပြပေးလိုက်ရပါတယ်။



    in General Health
    အတွေ့များတဲ့ မြေပဲနှင့်ဓာတ်မတည့်ခြင်း