Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

ဝမ်းလျှောမယ်နော် သတိထား

ဝမ်းလျှောတယ်ဆိုတာ ဝမ်းအရည်တွေ တစ်နေ့ကို(၃)ကြိမ်နှင့်အထက် သွားနေမှ ဝမ်းလျှောတယ်လို့ ဆိုလိုတာပါ။
  • All Blogs
  • General Health
  • ဝမ်းလျှောမယ်နော် သတိထား
  • February 6, 2023 by
    Dr.Phyo

    မင်္ဂလာပါ စာဖတ်ပရိတ်သတ်တို့ရေ…

    ဝမ်းမလျှောဖူးတဲ့သူဆိုတာ မရှိပါဘူး။ လူတိုင်းဝမ်းလျှောဖူးပါတယ်။ အခုလိုရာသီအကူးအပြောင်းကာလမှာ ပိုလို့တောင် ဝမ်းလျှောနိုင်ပါတယ်။ မိုးရာသီနဲ့ ဝမ်းလျှောတာက ဒွန်တွဲနေတာကြောင့် ဝမ်းခဏခဏမလျှောရလေအောင် သတိထားဂရုစိုက်နိုင်ဖို့ ရည်ရွယ်ပြီး ဖော်ပြပေးလိုက်ရပါတယ်။ 

    ဝမ်းလျှောတယ်ဆိုတာ ဝမ်းအရည်တွေ တစ်နေ့ကို(၃)ကြိမ်နှင့်အထက် သွားနေမှ ဝမ်းလျှောတယ်လို့ ဆိုလိုတာပါ။ ဝမ်းလျှောတာက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပေမယ့် အများအားဖြင့်တော့ အစားအသောက်မှားတာကနေ ဖြစ်ကြတာများပါတယ်။ သာမန်ဝမ်းလျှောတာလောက်ဆိုရင် တစ်ရက်မှ သုံးရက်လောက်အကြာတွင် သူ့အလိုလို ပျောက်ကင်းသွားတတ်ကြပါတယ်။ 

    ဒါပေမယ့် ဝမ်းနဲ့အတူ ခန္ဓာကိုယ်ထဲက ရေဓာတ်နဲ့ ဆားဓာတ်တွေ ဆုံးရှုံးသွားတာကြောင့် ဝမ်းလျှောပြီဆိုတာနဲ့ ရေ ဒါမှမဟုတ် ဓာတ်ဆားကို များများပြန်သောက်ပေးဖို့ လိုပါတယ်။ အဲ့လိုမှမဟုတ်ရင်တော့ ရေဓာတ်ခန်းခြောက်ပြီး အသက်အန္တရာယ်စိုးရိမ်ရနိုင်ပါတယ်။ 

    ဝမ်းလျှောပြီဆိုတာနဲ့ 

    ဝမ်းအရည်တွေသွားမယ်
    ဗိုက်အောင့်မယ်
    ပျို့အန်မယ်
    အဖျားဝင်မယ်
    ဝမ်းထဲမှာ သွေး ဒါမှမဟုတ် ချွဲတွေပါနေမယ်
    ဝမ်းသွားချင်ရင် မထိန်းနိုင်ဘဲဖြစ်မယ် 

    သတိထားသင့်တဲ့ အချက်များ

    သာမန်ဝမ်းလျှောတာလောက်က ဘာမှတော့မဖြစ်ပေမယ့် 

    နှစ်ရက်လောက်ကြာတဲ့ထိ မသက်သာဘူးဆိုရင် 
    ရေဓာတ်ခမ်းခြောက်လာမယ်ဆိုရင် 
    ပြင်းပြင်းထန်ထန် ဗိုက်နာနေမယ်ဆိုရင် 
    အမည်းရောင်ဝမ်းတွေ သွားနေမယ်ဆိုရင် 
    အဖျားကြီးနေမယ်ဆိုရင်တော့ စိုးရိမ်ရတဲ့အတွက် ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။ 

    ဘယ်သူမဆို ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်တယ်ဆိုပေမယ် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးမကောင်းတဲ့ ရောဂါအခံရှိတဲ့သူတွေကတော့ မကြာခဏအဖြစ်များနိုင်ပါတယ်။ 

    ကမ္ဘာတစ်ဝှမ်းတွင် နှစ်စဉ်အသက် (၅)နှစ်အောက် ကလေးငယ်များ သေဆုံးမှုရဲ့ ဒုတိယမြောက် အကြောင်းအရင်းမှာ ဝမ်းလျှောပြီး ရေဓာတ်ခမ်းခြောက်ကြလို့ပဲ ဖြစ်တာကြောင့် မေမေတို့ရေ ဘေဘီလေးတို့ ဝမ်းလျှောပြီဆိုတာနဲ့ ဆေးခန်းသာ တန်းပြကြပါ။ 

    ဝမ်းလျှောတာနဲ့ ပတ်သတ်ပြီး အွန်လိုင်းမှတစ်ဆင့် ဆေးခန်းပြသလိုပါက 

    in General Health
    အရက်နာကျတယ်ဆိုတာ ဘာလဲ
    တစ်ခွက်တည်း သောက်တာနဲ့တင် အရက်နာကျတဲ့ သူတွေလည်း ရှိသလို အလွန်အကျွံသောက်တာတောင် ဘာလက္ခဏာမှ မပြတဲ့ သူတွေလည်း ရှိပါတယ်။