Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

လက်စွယ်ငုပ်တာကိုသွားနဲ့ကိုက်နေတုန်းလား?

  • All Blogs
  • General Health
  • လက်စွယ်ငုပ်တာကိုသွားနဲ့ကိုက်နေတုန်းလား?
  • November 22, 2024 by
    Hsu Pyae Sone
    လက်စွယ်ငုပ်တာကို သွားနဲ့ကိုက်နေတုန်းလား


    လက်စွယ်ခြေစွယ်ငုပ်တဲ့ကိစ္စက အရမ်းနာပြီး ခံရခက်တယ်ဟုတ်?

    ဒါပေမယ့် နာတယ်ဆိုတိုင်းလည်း ပျောက်ရင်ပြီးရောဆိုပြီး သွားနဲ့ကိုက်တာ၊ ညှပ်ထုတ်ပစ်တာတွေ ရမ်းပြီးလုပ်လို့မရပါဘူးနော်။

    အခန့်မသင့်ရင် ပိုးဝင်ပြီး ပိုဆိုးသွားနိုင်လို့ပါ‼️

    လက်စွယ်ခြေစွယ်ငုပ်တာက လက်/ခြေသည်းကုပ်နေတဲ့သူတွေဆီမှာ ပိုအဖြစ်များတတ်ပါတယ်။ အဓိကဖြစ်ရတဲ့ အကြောင်းအရင်းကတော့ လက်/ခြေသည်းတွေကို အသားနဲ့အတိဖြစ်အောင် ညှပ်လိုက်တဲ့အခါ ပြန်ရှည်ထွက်လာတော့ အသားထဲကို စိုက်ဝင်သွားတာမျိုးပါ။

    ဒီအဆင့်လောက်မှာ မစိုးရိမ်ရသေးပေမယ့် ဘာမှမဖြစ်ဘူးဆိုပြီး ပစ်ထားလိုက်ရင်တော့ တဖြည်းဖြည်းနဲ့ အရိုးထဲထိ ရောဂါပိုးဝင်တာ၊ ပြည်တွေတည်တာ၊ ယောင်ကိုင်းတာတွေဖြစ်လာပြီး ခွဲစိတ်ပြီးဖယ်ရှားရတဲ့ အ‌ခြေအနေထိကို ရောက်သွားနိုင်ပါတယ်!

    ဒါဆို လက်စွယ်ခြေစွယ်တွေကို အန္တရာယ်ကင်းကင်း ဘယ်လိုဖယ်ရှားမလဲ

    ♦️ လက်စွယ်ခြေစွယ်ငုပ်‌နေတဲ့နေရာကို 15မိနစ်လောက် ရေနွေး‌စိမ်ပေးပါ

    ♦️ ရေနွေးစိမ်တာကို တစ်နေ့ 2-3ကြိမ် လုပ်ပေးနိုင်ပါတယ်

    ♦️ ရေနွေးစိမ်ပြီးရင်တော့ သေချာခြောက်အောင် ပြန်သုတ်ပေးရပါမယ်

    ♦️ ကြပ်ပူဖွဖွလေးလဲ ထိုးပေးနိုင်ပါတယ်

    ♦️ ခြေစွယ်ငုပ်တာဆိုရင် ရှူးဖိနပ်လို ထိပ်ပိတ်တွေစီးတာ ရှောင်ပေးပါ

    အချို့ လက်စွယ်ခြေစွယ်တွေကတော့ ဒီနည်းလမ်းလေးတွေ လိုက်နာရုံနဲ့ ရက်အနည်းငယ်အတွင်း သူ့ဘာသာပျောက်သွားတတ်ပါတယ်။

    ဒီလိုတော်ရုံမပျောက်ဘဲ ပြည်တည်တာ၊ ယောင်ကိုင်းနေတာတို့လို ရောဂါပိုးဝင်တဲ့ လက္ခဏာတွေ ပြလာပြီဆိုရင်တော့ ဆရာဝန်ပြသင့်ပြီး

    🔸Antibiotics ဆေးလိမ်းရုံနဲ့ ပျောက်မလား

    🔸ထုံဆေးပေးပြီး ဖယ်ရှားရမလား

    ဆိုတာကို ဆုံးဖြတ်ပေးပါလိမ့်မယ်👩‍⚕️

    ဒါကြောင့် ကိုယ်က ခြေစွယ်လက်စွယ် ခဏခဏငုပ်တတ်တဲ့သူဆိုရင် လက်/ခြေသည်းတွေကို တုံးတိကြီးညှပ်မပစ်ဖို့ အရမ်းအရေးကြီးပါတယ်နော်‼️

    ခဏခဏ လက်စွယ်ခြေစွယ်ငုပ်တာနဲ့ ပတ်သက်ပြီး ဆရာဝန်နဲ့တိုင်ပင်ချင်ပေမယ့် ဆေးရုံဆေးခန်းထိသွားဖို့ အချိန်မပေးနိုင်ဖြစ်နေတယ်ဆိုရင် My-Medicine ရဲ့ အွန်လိုင်းဆေးခန်းကိုသာ သတိရလိုက်ပါနော်🩺

    ကျန်းမာရေးပြဿနာမျိုးစုံကို အထူးကုဆရာဝန်ကြီးများ၊ ပါရဂူကြီးများနဲ့ ကိုယ်အဆင်ပြေတဲ့အချိန် ရွေးချယ်ပြီး အွန်လိုင်းကနေ video call နဲ့ ‌ဆွေးနွေးတိုင်ပင်နိုင်နေပြီမလို့ ဆေးခန်းပြဖို့ အိမ်ထဲမှာ ထိုင်ရာကနေ ထစရာ‌တောင် မလိုတော့ဘူးနော်။

    __________________________________________________

    ရောဂါကုသမှုပိုင်းဆိုင်ရာနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက 

    https://mymedicine.com.mm/r/gp တွင်လည်း ဆရာဝန်များနှင့် ကြိုတင်၍ Appointment ယူနိုင်သလိုဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။



    in General Health
    ရက်ရှောင်တဲ့နည်း က တကယ်ပဲ စိတ်ချရလား