Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

ရက်ရှောင်တဲ့နည်း က တကယ်ပဲ စိတ်ချရလား

  • All Blogs
  • General Health
  • ရက်ရှောင်တဲ့နည်း က တကယ်ပဲ စိတ်ချရလား
  • September 4, 2024 by
    Hsu Pyae Sone

    ရက်ရှောင်တဲ့နည်း က တကယ်ပဲ စိတ်ချရလား


    လူရယ်လို့ ဖြစ်လာရင် ချစ်တတ်ကြိုက်တတ်ကြတာ သဘာဝပဲဖြစ်ပါတယ်။ချစ်ကြိုက်ကြပြီး တဦးနဲ့တဦး စုံမက်လို့ လက်ထပ်ကြပြီဖြစ်စေ….ဒါမှမဟုတ် လက်မထပ်ခင်အတူနေမိကြသည်ဖြစ်စေ ကိုယ်ဝန်ဆောင်ရမယ့် ကိစ္စ က ထည့်သွင်းစဉ်းစားစရာ ခေါင်းစဉ်အကြီးကြီး ဖြစ်လို့လာပြန်ပါတယ်။စီးပွါးရေးအဆင်မပြေချိန်၊လက်မထပ်ရသေးချိန် အတူနေမိလို့ မတော်တဆ ကလေးရှိသွားခဲ့ရင်….

    ယနေ့ခေတ်မှာ ကျန်းမာရေးဗဟုသုတတွေကို လက်လှမ်းမှီလာတာနဲ့အမျှ ကိုယ်ဝန်မလိုချင်လို့ အရေးပေါ်တားဆေးအကြိမ်ကြိမ်သောက်တဲ့ ကိစ္စဟာ မကောင်းမှန်းသိလာကြပါပြီ။အရေးပေါ်တားဆေးဆိုတာ အရေးပေါ်ဖြစ်မှ သောက်ရမယ့်ဆေးဖြစ်ပေမယ့် အမြဲအရေးပေါ်နေလို့ ဘယ်ဖြစ်ပါ့မလဲနော်။ဒါ့အပြင် တားဆေး၊ထိုးဆေး၊သောက်ဆေးတွေရဲ့ ဟော်မုန်းကြောင့် ဖြစ်လာမယ့် နောက်ဆက်တွဲတွေကိုလည်း ထည့်သွင်းစဉ်းစားလာကြပြန်ပါတယ်။

    ကဲ….ဒါဆိုရင် ဦးထုပ်ဆောင်းတဲ့အနေနဲ့ ကွန်ဒုံးသုံးကြမလား ဆိုတော့ အလွှာမခြားချင်ဘူးဆိုပြီး ငြင်းဆိုကြတဲ့ ချစ်သူလေးများပဲဖြစ်ကြပါတယ်။ဒီတခါမှာတော့ ဉာဏ်ကြီးရှင်ကိုကို မမတို့က ကလေးမရအောင် ရက်ရှောင်တဲ့နည်း ကို ရှာဖွေတွေ့ရှိလာကြပါတယ်။ရက်ရှောင်တဲ့နည်း က တကယ်ပဲ စိတ်ချရလို့လား။တကယ်ပဲ ကိုယ်ဝန်မရနိုင်တာ သေချာလို့လား။

    ရက်ရှောင်တယ်ဆိုတာ က မိန်းကလေးတစ်ယောက်မျိုးဥကြွေတဲ့အချိန်ကို ခန့်မှန်းပြီး အတူနေတဲ့ရက်ကိုရှောင်ရှားခြင်းဖြစ်ပါတယ်။ဒါပေမယ့် ရက်ရှောင်တဲ့နည်းလမ်း က ရာသီရက်ကို တလနဲ့တလ အတိအကျ ဒီနေ့ဆို ဒီနေ့ ပုံမှန်လာတဲ့သူတွေမှာဆိုရင်တောင်   ၇၅ ရာခိုင်နှုန်းပဲ စိတ်ချရပါတယ်။ရက်ရှောင်တဲ့နည်းလမ်းတခုထဲနဲ့ ကိုယ်ဝန်မရအောင် မပြုလုပ်ပေးနိုင်ပါဘူး။စိတ်လည်းမချရပါဘူး။

    ကိုယ်က ကံကောင်းတဲ့ ၇၅ ရာခိုင်နှုန်းထဲပါရင်တောင် ကလေးမရနိုင်ပေမယ့် ကံဆိုးတဲ့ ၂၅ ရာခိုင်နှုန်းထဲပါသွားရင်တော့ ကိုယ်ဝန်ရှိသွားမှာ အသေအချာပါပဲ။ဒါကြောင့်မို့ ပိုစိတ်ချရအောင် ရက်ရှောင်တဲ့နည်းနဲ့ တခြားသားဆက်ခြားနည်းတွေဖြစ်တဲ့ သောက်ဆေး၊ထိုးဆေး၊လက်မောင်းနဲ့သားအိမ်ထဲ ပစ္စည်းထည့်နည်းများ တွဲပြီးသုံးစွဲပါက ကိုယ်ဝန်ကိစ္စကို ၉၉ ရာခိုင်နှုန်းထိ စိတ်ချလို့ရတယ်ဆိုတဲ့အကြောင်း အသိပေးပါရစေရှင်။

    ပြီးတော့ ဆေးဝါးများဝယ်ယူရန်ဖြစ်​စေ၊ အထူးကုဆရာဝန်​ကြီးများနဲ့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုလျှင်ဖြစ်​စေhttps://mymedicine.com.mm/r/OG  ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။

    ဆောင်းပါးလေးကိုအဆုံးထိဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်။


    in General Health
    မိုးရာသီနဲ့လမ်းဘေးစာ