Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

ရေကူးခြင်းက ဘယ်လိုကောင်းကျိုးတွေပေးသလဲ

  • All Blogs
  • General Health
  • ရေကူးခြင်းက ဘယ်လိုကောင်းကျိုးတွေပေးသလဲ
  • July 29, 2025 by
    Hsu Pyae Sone

    နေ့စဉ်ပုံမှန် လေ့ကျင့်ခန်း တမျိုးမျိုးလုပ်ခြင်းက သင့်ရဲ့ စိတ်ကျန်းမာရေးရော ကိုယ်ခန္ဓာကျန်းမာရေးအတွက်ပါ အလွန်ကောင်းတဲ့ အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုက ကိုယ်အလေးချိန်ကို ထိန်းထားနိုင်ပြီး သွေးလည်ပတ်မှုကောင်းမွန်စေတာကြောင့် အဝလွန်တာ အဆီများတာ သွေးတိုးဆီးချိုရောဂါစတာတွေကိုလည်း ကောင်းစွာထိန်းထားနိုင်အောင် ကူညီပေးနိုင်ပါမယ်။ 

    ရေကူးချိန်မှာ ကိုယ်ခန္ဓာရှိ ကြွက်သားအားလုံးကို မျှတအောင် လှုပ်ရှားပေးရတာကြောင့် အကြောများတင်းတောင့်တာ မဖြစ်ပဲ ပေါ့ပါးလန်းဆန်းစေပါတယ်။ ရေကူးနေချိန်မှာ နှလုံးခုံနှုန်းပိုမြန်ပြီး သွေးလည်ပတ်မှုကောင်းစေတာကြောင့် နှလုံးရောဂါ လေဖြတ်လေဖြန်းရောဂါတို့မှလည်း ကာကွယ်ပေးပါတယ်။ ဒါ့အပြင် အဝလွန်ခြင်းရဲ့ နောက်ဆက်တွဲရောဂါတွေဖြစ်တဲ့ အသည်းအဆီဖုံးတာ ဒူးနာ ခါးနာတာတွေပါ သက်သာစေပါတယ်။ အရိုးရဲ့သိပ်သည်းစကို တိုးတက်စေတာကြောင့် သွေးဆုံးပြီးအမျိုးသမီးတွေ အတွက်အလွန်ပင် သင့်တော်တဲ့ လေ့ကျင့်ခန်းတစ်ခုပါ။   

    ရေရဲ့ တွန်းကန်အားပေါ်မှာ ပေါ့ပေါ့ပါးပါး စည်းချက်ညီညီ ကူးခပ်ရတာက စိတ်ပေါ့ပါးစေပြီး စိတ်ဖိစီးမှုလျော့နည်းစေတာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ ရေကူးခြင်းက အသက်ရှုလေ့ကျင့်ခန်းကောင်းတစ်ခုဖြစ်တာကြောင့်လည်း ပန်းနာရင်ကျပ်နဲ့ အခြားသော အဆုတ်ရောဂါ ဝေဒနာသည်များအတွက် အဆုတ်ရဲ့ လုပ်ဆောင်အားကို တိုးတက်စေပါတယ်။ ကလေးငယ်လေးများ ရေကူးပါက ဖွံ့ဖြိုးမှုတွေ ဥပမာ လမ်းလျှောက်တာ စကားပြောတာ ရေတွက်တာ စတာတွေမှာ ပိုပြီးမြန်ဆန်စေပါတယ်။ 

    တနေ့ကို ၁၅မိနစ်မှ မိနစ် ၂၀ လောက်ထိ ရေကူးပါက ကျန်းမာရေးအတွက်ကောင်းကျိုးတွေ အများကြီး ရစေနိုင်ပါတယ်။ မအားတဲ့သူတွေက နှစ်ရက်ကို နာရီဝက်ခန့် ရေကူးပါ။  အရာရာတိုင်းက ကောင်းကျိုးဆိုးကျိုးရှိပါတယ်။ ရေကူးတာက အထပ်ပါကောင်းကျိုးတွေ ရနိုင်သလို ဝမ်းလျှောတာ၊ နားအူတာ၊ နားပိုးဝင်နားပြည်ယိုတာ၊ အရေပြားရောဂါများလည်း ရေမှ တဆင့်ကူးစပ်တာရှိနိုင်တာကြောင့် သေချာဂရုပြုပြီး ကျန်းမာတဲ့ နေ့စဉ်ဘဝလေး ပိုင်ဆိုင်အောင် ရေကူးခြင်းကို ခုပဲ စလိုက်ရအောင်နော်။

    in General Health
    မိုးရာသီမှာ အဆစ်အမြစ်နာတတ်သူတို့ အတွက် သက်သာစေမယ့် နည်းလမ်းများ