Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

မီးသွေးခဲ နှင့်သွားတိုက်ဖူးလား?

  • All Blogs
  • General Health
  • မီးသွေးခဲ နှင့်သွားတိုက်ဖူးလား?
  • September 10, 2024 by
    Hsu Pyae Sone

    မီးသွေးခဲနဲ့ သွားတိုက်ဖူးလား


    လူတွေရဲ့ရှေ့မှာ ပြုံးလိုက်ရင် သွားလေးတွေ ညီစီပြီး ဖြူဖွေးနေချင်ကြတာ ရှေးခေတ်ကစပြီး ယနေ့တိုင်အောင် အကုန်လုံးရဲ့ ဆန္ဒတခုပါပဲ။အပြုံးလေးတပွင့်ကလည်း လူတွေကို မှင်သက်ရလောက်တဲ့အထိ ဆွဲအားပြင်းတယ်မဟုတ်လား။ဒါပေမယ့် စကားပြောတဲ့အချိန်၊ပြုံးတဲ့အချိန်မှာ သွားလေးတွေ ဝါနေလို့၊မည်းနေလို့ အပြည့်အဝ မပြုံးရဲတော့တာလည်း ရှိခဲ့ဖူးကြတယ်မို့လား။

    ယနေ့ခေတ်မှာ လေဆာနဲ့ သွားဝါတာတွေ၊ကွမ်းချိုးတွေကို ဖျောက်ကြသလို အရင်ခေတ်ကလည်း မီးသွေးနဲ့သွားတိုက်ကြတာရှိပါတယ်။မီးသွေးက ဘယ်လောက်ထိခေတ်စားလဲဆိုရင် သွားတိုက်ဆေးတချို့မှာတောင် activated charcoal ထည့်သွင်းပြီး formula ထုတ်ထားရလောက်တဲ့အထိ နာမည်ကြီးပါတယ်။ခုလို ပြည်တွင်းပြည်ပ ယုံကြည်စွာ လက်ခံအားပေးနေတဲ့ မီးသွေးနဲ့ သွားတိုက်ခြင်းရဲ့ ကောင်းကျိုးတွေက အများကြီးပဲရှိပါတယ်။

    သွားဆရာဝန်တွေက တနေ့ကို  အနည်းဆုံး၂ ခါ(မနက်နိုးနိုးချင်းတခါ၊ညအိပ်ခါနီးတခါ)တခါတိုက်ရင် အနည်းဆုံး ၂ မိနစ်နှုန်းနဲ့သွားတွေကို သေချာတိုက်သင့်ပြီး သွားကြိုသွားကြားထဲက အစာတွေကို dental floss နဲ့ သေချာရှင်းထုတ်ပစ်ရမယ်လို့ အကြံပေးထားပါတယ်။တနေ့ ၂ ခါသွားတိုက်တဲ့ နေရာမှာ မီးသွေးနဲ့တိုက်တော့ ကြွေလွှာတွေ မပျက်စီးနိုင်ဘူးလား၊သွား က မဲပြီး မကျန်ခဲ့ဘူးလား လို့ မေးချင်စရာပါပဲ။

    ဒီနေရာမှာ သွားဆရာဝန်တွေ ညွှန်ထားတဲ့ မီးသွေးဆိုတာ activated charcoal ကို ဆိုလိုခြင်းဖြစ်ပြီး အိမ်မှာ ဟင်းချက်နေတဲ့ မီးသွေးခဲမဟုတ်ပါဘူး။အိမ်မှာဟင်းချက်တဲ့မီးသွေးခဲဆိုရင်တော့ ဘက်တီးရီးယားပိုးမွှားတွေပါနိုင်တဲ့အပြင် သွားအပေါ်ယံကြွေလွှာတွေလည်း ပျက်စီးနိုင်ပါတယ်။Activated charcoal ကတော့ သွားရဲ့အစွန်းအထင်းတွေကို ရှင်းလင်းပေးပြီး သွားကိုဖြူစေရုံသာမက ပါးစပ်ထဲမှာပေါက်နိုင်တဲ့ပိုးတွေကို ရှင်းထုတ်ပေးလို့ အနံ့အသက်ကိုပါကောင်းစေတဲ့အထိ ကောင်းကျိုးတွေအများကြီးရှိပါတယ်။

    ကဲ….အိမ်ကမီးသွေးခဲတုံးကြီး ယူပြီး သွားတိုက်ဖို့ ကြံစည်နေကြပြီလား။ဒီလိုဆို မှားကုန်မယ်နော်။သွားတွေဖြူစင်ဝင်းပပြီး လူကြားထဲမှာ ထင်းခနဲ ပြုံးနိုင်ဖို့ နဲ့ အနံ့အသက်တွေလည်း ကောင်းမွန်ဖို့ဆိုရင်တော့ မီးသွေးတော့ မီးသွေးပဲ။ဒါပေမယ့် activated charcoal ပါတဲ့ သွားတိုက်ဆေးကို ပြောင်းသုံးရမှာဖြစ်တဲ့အကြောင်းလေး နည်းလမ်းကောင်းတခုအနေနဲ့ပြောခဲ့ချင်ပါတယ်။

    ဆောင်းပါးလေးကိုအဆုံးထိဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်။


    ပြီးတော့ ဆေးဝါးများဝယ်ယူရန်ဖြစ်​စေ၊ သွားကျန်းမာရေးနှင့်ပတ်သက်လို့အထူးကုဆရာဝန်​ကြီးများနဲ့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုလျှင်ဖြစ်​စေ https://mymedicine.com.mm/r/Dentalကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။


    in General Health
    သေချာဖြေရှင်းသားအိမ်အလုံးတည်ခြင်း