Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

မိုးရာသီနဲ့လမ်းဘေးစာ

  • All Blogs
  • General Health
  • မိုးရာသီနဲ့လမ်းဘေးစာ
  • September 4, 2024 by
    Hsu Pyae Sone

    မိုးရာသီနဲ့လမ်းဘေးစာ


    မိုးလေးဖွဲဖွဲကျတုန်းမှာ တုတ်ထိုးစားချင်စိတ်တွေ ပေါက်လာပြီလား?

    ရာသီဥတုက အေးစိမ့်စိမ့်မှာ လမ်းဘေးစာလေးတွေ ပတ်စားရတဲ့ အရသာက ဘာနဲ့မှလဲလို့မရပါဘူး။

    ဒါပေမယ့် စားလို့ကောင်းတယ်ဆိုတိုင်းလည်း ကျန်းမာရေးကို လျစ်လျူမရှုသင့်ပါဘူးနော်… 

    ဘာလို့ဆို လမ်းဘေးစာအ‌တော်များများက သုံးစွဲတဲ့ ရေ၊ အသုံးအဆောင်နဲ့ ဆီတွေကအစ ဈေးသက်သာမှုကိုပဲ ဦးစားပေးထားတာမလို့ ကျန်းမာရေးနဲ့ ညီညွတ်ဖို့ အားနည်းနေတာ အသေအချာမလို့ပါ‼️

    သန့်ရှင်းရေးကို တကယ်ဂရုစိုက်တဲ့ဆိုင်တွေ ရှိတယ်ဆိုပေမယ့်လည်း အစထဲက သန့်ရှင်းရေးအားနည်းတဲ့ဆိုင်ဆိုရင် အခုလို စိုစိုစိစိနဲ့ မှိုတက်လွယ်တဲ့ မိုးတွင်းမှာ အစားအသောက်တွေရဲ့ သန့်ရှင်းရေးပိုင်း ပိုပြီးအားနည်းတတ်တယ်ဆိုတာကို သတိထားသင့်ပါတယ်…

    ဒါကြောင့် လမ်းဘေးစာတွေကို စားမယ်ဆိုရင် ဒီအချက်လေးတွေကို သတိထားပြီးမှသာ ရွေးချယ်စားသုံးသင့်ပါတယ်နော်။


    - အစားအသောက်တွေကို ချက်ပြုတ်တဲ့နေရာရဲ့ သန့်ရှင်းမှုကိုကြည့်ပါ

    - အစားအသောက်တွေထည့်တဲ့ အိုးခွက်ပန်းကန်‌တွေရော သန့်ရှင်းမှုကို သတိထားပေးပါ

    - ခင်းကျင်းပြထားတဲ့ အစားအသောက်တွေဆို ယင်မနားအောင် အုပ်ထားတာမျိုးကိုသာ ရွေးချယ်ပါ

    - ကျက်အောင်ချက်ထားပြီး ပူနွေးနေတဲ့ အစားအသောက်တွေကိုပဲ စားပါ

    - အသီးအရွက်အစိမ်းစားမယ်ဆို အခွံနွှာပြီးမှစားရတာမျိုးကိုသာ ရွေးပါ

    - အစာမစားခင် လက်ဆေးပေးပါ (သို့) hand sanitizer သုံးပေးပါ


    ဒီအချက်လေးတွေကို လိုက်နာပြီးတော့ လမ်းဘေးစာတွေကြောင့်ဖြစ်တတ်တဲ့ အစာအဆိပ်သင့်တာ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တာတွေကို အတန်အသင့်ထိ ကာကွယ်ပေးနိုင်ပါတယ်။

    ဒါပေမယ့် စားသောက်ပြီးလို့ အခြေအနေမဟန်တော့ဘဲ လက္ခဏာ‌တွေပြနေပြီဆိုရင်‌တော့ ဆရာဝန်ဆီအမြန်ပြေးပြဖို့လိုပြီနော်။

    အထူးသဖြင့် ခရီးထွက်ရင်း ကိုယ်နဲ့မရင်းနှီးတဲ့ဒေသက လမ်းဘေးစားတွေစားပြီး နေထိုင်မကောင်းဖြစ်ရင် ဆေးခန်းရှာဖို့လဲမလွယ်တာကြောင့် ဒုက္ခရောက်ရပါတယ် 

    ဒီလိုပြဿနာ‌တွေကို ဖြေရှင်းပေးဖို့ဆို အင်တာနက်ရှိယုံနဲ့ နေရာမရွေး၊ အချိန်မရွေး အထူးကုဆရာဝန်ကြီးတွေနဲ့ ပြသနိုင်ဖို့ My-Medicine ရှိတာမလို့ ခရီးထွက်နေချိန် ဘယ်ဆေးခန်းလိုက်ရှာရမလဲ တိုင်ပတ်မနေရတော့ဘဲ ဖုန်းထဲကနေပဲ အလွယ်တကူ ကုသမှုခံယူလို့ ရပါပြီနော်။

    __________________________________________

    ဆရာဝန်နှင့် Appointment ယူခြင်း ဝန်ဆောင်မှုပိုင်းဆိုင်ရာနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက 

    https://mymedicine.com.mm/r/gp ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို၊ဖုန်းနံပါတ်  5588 (သို့မဟုတ်) 09779995588  သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

    ဆောင်းပါးလေးကိုအဆုံးထိဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်နော်။



    in General Health
    မိုးရာသီနဲ့ ဝမ်းပျက်ဝမ်းလျှော