Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

မြွေကိုက်ခံရရင်ဘာတွေလုပ်ရမလဲ

  • All Blogs
  • General Health
  • မြွေကိုက်ခံရရင်ဘာတွေလုပ်ရမလဲ
  • September 5, 2024 by
    Hsu Pyae Sone

    မြွေကိုက်ခံရရင် ဘာတွေ လုပ်ရမလဲ


    မိုးရာသီရောက်လာတာနဲ့ အမျှ ရေကြီးတာတွေဖြစ်လာပြီး ရေနဲ့အတူ ငါး၊မြွေနဲ့ ကင်း လို သတ္တဝါတွေပါ အိမ်ထဲဝင်လာတာမျိုးဖြစ်တတ်ပါတယ်။အညာဒေသတွေမှာ နွေရာသီထဲက မြွေအန္တရာယ်ကြောင့် သေဆုံးမှုတွေရှိနေပေမယ့် မြန်မာနိုင်ငံကုန်းတွင်းပိုင်းဒေသတွေမှာ ယခုရေကြီးမှုနဲ့အတူ မြွေကိုက်ခံရခြင်းတွေပါ ဖြစ်ပေါ်လာပါတယ်။

    မြန်မာနိုင်ငံမှာ အဆိပ်ရှိမြွေနဲ့ အဆိပ်မဲ့မြွေဆိုပြီး ရှိတဲ့အနက်မှ အညာဒေသ၊အပူပိုင်းပတ်ဝန်းကျင်မှာ အဆိပ်ရှိမြွေပိုပေါပါတယ်။မြွေကိုက်ခံရပြီဆိုရင်တော့ အရင်ဆုံးမြွေလား၊ကင်းလား၊အခြားအကောင်ကိုက်တာလား ဆိုတာ ခွဲခြားရပါမယ်။ကိုက်တဲ့မြွေကို မြင်လိုက်ဖို့၊ဖမ်းထားဖို့က အဓိကဖြစ်ပြီး အဆိပ်ရှိမြွေလား/အဆိပ်မရှိဘူးလား အဓိက ခွဲခြားရပါမယ်။

    အဆိပ်ရှိမြွေ အကိုက်ခံရတယ်ဆိုရင် ပြင်းထန်မှု အနေအထားကြည့်ရပါမယ်။မြွေကိုက်ခံရတဲ့ အချိန်နဲ့ ကိုက်ခံရတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းပေါ်မှာလည်း မူတည်ပြီး အဆိပ်ပြင်းမှုပမာဏ ကို ပိုင်းခြားလို့ရပါတယ်။ဥပမာ ခြေမနဲ့ပေါင်ရင်းနဲ့ဆိုရင် ပေါင်ရင်းမှာ ကိုက်ခံရတဲ့လူနာက မြွေဆိပ်ပျံ့နှုန်း ပိုများပါတယ်။မြွေကိုက်ခံရပါက အစွယ်ရာပတ်လည်မှာ နီနေခြင်း၊ ရောင်နေခြင်း၊ နာခြင်းတို့ကို ရှေးဦးစွာ မြင်တွေ့ရမှာဖြစ်ပါတယ်။

    မြွေအမျိုးအစားပေါ်မူတည်ပြီး ဘာလက္ခဏာမှ မပြတတ်တာလည်းရှိသလို၊ကျောက်ကပ်ဆိုင်ရာ လက္ခဏာနဲ့အာရုံကြောဆိုင်ရာလက္ခဏာဖောက်ပြန်ခြင်းများရှိနိုင်လားဆိုတာကိုလည်းသတိပြုကြည့်ရပါမယ်။မြွေကိုက်ခံရတဲ့ လူနာကို စိတ်ငြိမ်ငြိမ် ထားခိုင်းပြီး လူနာကို လှုပ်ရှားမှု မပြုလုပ်ဖို့ ပြောရပါမယ်။လူနာ လှုပ်ရှားလေလေအဆိပ်တွေပိုပြီးပျံ့နှံ့လေလေဖြစ်တတ်လို့ပါ။

    လူနာကို နီးစပ်ရာကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်တဲ့နေရာကိုအမြန်ခေါ်ဆောင်နိုင်ဖို့အတွက်ကိုက်ခံရတဲ့ ဒဏ်ရာကို ရေသန့်နဲ့ ဆေးပြီး ပတ်တီးစနဲ့အုပ်ကာ ကိုက်ခံရတဲ့ လက် (သို့) ခြေထောက်ကို မလှုပ်ရှားနိုင်အောင် သစ်သားပြားတစ်ခုခံပြီး အဝတ် (ဒါမှမဟုတ်) ပတ်တီးနဲ့စည်းပေးရပါမယ်။

    မြွေကိုက်ခံရတဲ့ဒဏ်ရာကို ပါးစပ်နဲ့စုပ်တာ၊ ညှစ်တာ၊ ဓားနဲ့ ခွဲထုတ်တာ၊အရွက်အရည်တွေ ညှစ်ထည့်တာမျိုး လုံးဝ ရှောင်ကြဥ်ရပါမယ်။ မဟုတ်ရင် တခြားသောရောဂါပိုးတွေ ဝင်စေတာမျိုးနဲ့ မြွေဆိပ်ကို မြန်မြန်ပျံ့ပြီးအခြေအနေပိုဆိုးနိုင်ပါတယ်။အဓိကကတော့ ဆေးရုံကိုမြန်မြန်ရောက်မှ မြွေဆိပ်ဖြေဆေးထိုးပြီး အသက်ကယ်နိုင်မှာ ဖြစ်တဲ့အတွက်ကြောင့်မို့ ကြားဖူးနားဝမှာ လျှောက်မလုပ်သင့်ကြောင့် ရေးသားလိုက်ရပါတယ်။



    in General Health
    ရှေးဦးသူနာပြုစုခြင်းရဲ့တန်ဖိုး