Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

နွေအပူရှိန်နဲ့အရက်ဘီယာ

  • All Blogs
  • General Health
  • နွေအပူရှိန်နဲ့အရက်ဘီယာ
  • September 5, 2024 by
    Hsu Pyae Sone

    နွေအပူရှိန်နဲ့အရက်ဘီယာ


    ပွင့်လင်းရာသီဖြစ်တဲ့ နွေရောက်လာနဲ့အမျှ ပွဲတော်တွေ ပေါလာသလို ကမ်းခြေမှာ အပန်းဖြေရမယ့်အချိန်လဲ ရောက်လာပါပြီ။ နွေရာသီရဲ့ outdoor activities တွေမှာ မပါမဖြစ်ကတော့ အရက်ဘီယာတို့ပဲပေါ့။

    အပန်းဖြေအနားယူနေတဲ့အချိန်မှာ အရက်ဘီယာလေး နည်းနည်းလောက် ပါတာ ဘာမှမဖြစ်ပလောက်ဘူး ဆိုပေမယ့်လည်း အရက်နဲ့ နွေရာသီက အန္တရာယ်ရှိတဲ့ ပေါင်းစပ်မှုဆိုတာကိုတော့ သတိပြုထားဖို့ လိုပါတယ်။  

    နွေအပူချိန်တက်လာတာနဲ့အမျှ ခန္ဓာကိုယ်က ပြန်ပြီးအေးမြဖို့အတွက် ကိုယ်တွင်းအပူချိန်ကို သူ့အလိုလို ပြန်လည်ချိန်ညှိပေးပါတယ်။ ဒါပေမယ့် အရက်က ဒီလုပ်ငန်းစဉ်ကို အနှောင့်အယှက်ဖြစ်စေတာကြောင့် အပူရှိန်ထဲ ခန္ဒာကိုယ်အပူချိန် မထိန်းနိုင်တဲ့အခါ အောက်ပါအကျိုးဆက်တွေ ဆက်လက်ဖြစ်ပွားစေတာမလို့ အရမ်းပူနေတဲ့အချိန်တွေမှာ အရက်သောက်တာကို သတိထားသင့်ပါတယ်။


    ရေဓာတ်ခန်းခြောက်ခြင်း - အရက်ဘီယာတွေမှာ diuretic လို့ခေါ်တဲ့ ‌ဆီးရွှင်စေတဲ့ ဂုဏ်သတ္တိရှိတာကြောင့် ဆီးထွက်များပြီး ရေဓာတ်ခန်းခြောက်စေပါတယ်။ ဒီအချက်ကို နွေရာသီမှာ ချွေးထွက်များတာနဲ့ ပေါင်းလိုက်တဲ့အခါ ရေဓာတ်ခန်းခြောက်တာ ပိုမြန်သွားတာကြောင့် ကျောက်ကပ်ကိုလည်း ထိခိုက်စေပါတယ်။


    အားအင်ယုတ်လျော့ခြင်း - အပေါ်မှာ ပြောခဲ့တဲ့အတိုင်း အရက်က ခန္ဓာကိုယ်အပူချိန် ထိန်းညှိနိုင်စွမ်းကို ထိခိုက်စေတာကြောင့် heat exhaustion လို့ခေါ်တဲ့

    အပူဒဏ်ကြောင့် အားအင်ယုတ်လျော့ပြီး ပင်ပန်းနွမ်းနယ်တာမျိုးကို ဖြစ်စေပါတယ်။ Heat exhaustion ကနေ ချွေးအလွန်အကျွံထွက်တာ၊ အားနည်းတာ၊ မူးဝေတာ၊ ပျို့အန်တာနဲ့ ခေါင်းကိုက်တာတို့ဖြစ်စေတဲ့အပြင် မကုသဘဲထားရင် အသက်အန္တရာယ်ရှိတဲ့ heat stroke (အပူရှပ်ပြီး သတိလစ်မေ့မြောခြင်း) အထိ ခံစားရနိုင်ပါတယ်။


    နေလောင်ခြင်း - အရက်က အရေပြားမှာရှိတဲ့ သွေးကြောတွေကို ကျယ်စေတာကြောင့် အသားအရေကို ပိုပြီးနေလောင်စေပါတယ်။ နေလောင်တဲ့အခါ အသားတွေ နီရဲပြီး နာကျင်တာကနေ ရေရှည်မှာ အရေပြားပျက်စီးပြီး အရေပြားကင်ဆာ ဖြစ်နိုင်ခြေကို တိုးစေပါတယ်။


    အပေါ်က အန္တရာယ်တွေအပြင် အားလုံးသိကြတဲ့အတိုင်း အရက်နည်းနည်း ဝင်သွားတာနဲ့ အသိစိတ်ပျောက်ပြီး ကိုယ်တကယ်မရည်ရွယ်ဘဲ ဆုံးဖြတ်ချက်အမှားတွေ လုပ်တတ်ကြပါတယ်။ နွေရာသီမှာ အဖြစ်အများဆုံးကတော့ အရက်မူးပြီး နေရောင်အောက်မှာ ဘာအကာအကွယ်မှမရှိဘဲ အကြာကြီး ထိုင်/ရပ်နေတာ၊ အရက်မူးနေချိန် ရေကူးတာ၊ ကားမောင်းတာ စ‌တဲ့ အသက်အန္တရာယ်ပါ ထိခိုက်စေနိုင်တဲ့ အရာတွေပါ။


    နွေအပူရှိန်အောက်မှာ ဒီလိုအန္တရာယ်တွေကနေ ရှောင်ရှားဖို့အတွက် အရက်ဘီယာကို ထိန်းထိန်းသိမ်းသိမ်းသောက်ဖို့ အရေးကြီးပါတယ်။ ဒါ့အပြင်…


    • ရေဓာတ်ပြည့်ဝနေဖို့ ရေပုံမှန်သောက်ပေးတာ
    • အရက်ပမာဏကို သင့်တော်သလောက်ပဲ ထိန်းပြီးသောက်တာ
    • အရက်မသောက်ခင် အစာစားပေးတာ
    • ကိုယ်သောက်နိင်သလောက် limit ထက်ကျော်ပြီး မသောက်တာ
    • နေပူထဲ အရမ်းမထွက်တာ

    စတဲ့ အချက်လေးတွေကို လိုက်နာပြီးတော့လဲ နွေအပူနဲ့ အရက်ဘီယာရဲ့ အန္တရာယ်ကနေ ကာကွယ်နိုင်ပါတယ်။

    အရက်မသောက်ဘဲ နွေရာသီရဲ့အရသာကို ခံစားချင်တယ်ဆိုရင်တော့ အရသာရှိပြီး လန်းဆန်းစေမယ့် အခြားရွေးချယ်စရာတွေ အများကြီးရှိပါတယ်။ လတ်ဆတ်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို အသုံးပြုပြီး အယ်လ်ကိုဟောမပါဝင်တောင် အလားတူအရသာပေးနိုင်မယ့် homemade mocktails နဲ့ iced tea တို့ လုပ်သောက်တာက အန္တရာယ်ကင်းတဲ့အပြင် ကျန်းမာရေးနဲ့ ပိုပြီးညီညွတ်တဲ့ နည်းလမ်းတစ်ခုဖြစ်တာကြောင့် အရက်သောက်မယ့်အစား ဒီလိုနည်းလမ်း‌လေးတွေ စမ်းလုပ်ကြည့်ဖို့ အကြံပြုရင်း ဒီနေ့ဆောင်းပါးလေးကို အဆုံးသတ်လိုက်ပါတယ်။






    in General Health
    ဒီလိုလေး ကိုယ်ခံအားမြှင့်ကြမယ်