Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

နေအပူဒဏ်ကြောင့်ကလေးငယ်များအစားအသောက်မပျက်စေလို

  • All Blogs
  • General Health
  • နေအပူဒဏ်ကြောင့်ကလေးငယ်များအစားအသောက်မပျက်စေလို
  • September 5, 2024 by
    Hsu Pyae Sone

    နေအပူဒဏ်ကြောင့်ကလေးငယ်များအစားအသောက်မပျက်စေလို


    နွေနေပူလာတာ ပြင်းထန်တာနဲ့အမျှ လူကြီးတွေသာမက ကလေးတွေကိုပါ ပင်ပန်းနွမ်းနွယ်ပြီး အစားအသောက်ပျက်စေပါတယ်။အမြဲတမ်းပြေးလွှားဆော့ကစားပြီး တဇွတ်ဇွတ်စားနေတဲ့ ဘေဘီလေး က ရုတ်တရက်ကြီး အစားမစားတော့ဘူးဆိုတော့ ဖေဖေ မေမေတို့အတွက် စိတ်ပူစရာတွေ ဖြစ်လာတာ အမှန်ပါပဲ။

    ဒါပေမယ့် စိတ်မပူပါနဲ့။အပူရှိန်မြင့်တက်လာတာနဲ့အမျှ ဦးနှောက်မှာရှိတဲ့ အစာစားချင်စိတ်ကို သက်ရောက်ပြီး သားသားမီးမီးလေးတွေဟာ ရုတ်တရက်အစားအသောက်ပျက်လာကြပါတယ်။ဒီလိုမျိုး ရက်ပိုင်းလောက် အစားအသောက်ပျက်နေရင် စိတ်ပူစရာမလိုပါဘူး။ကျွန်မတို့က ကလေးတွေရဲ့စားသောက်တဲ့ပုံစံပမာဏ ကို တပတ်တာနဲ့ကြည့်ရှုတာဖြစ်ပါတယ်။

    ဒါပေမယ့် ဖေဖေ မေမေတို့ အနေနဲ့ ဘေဘီလေးတို့ကို အစားစားချင်လာအောင် ပြုလုပ်လို့ရမယ့်နည်းလမ်းများကို ပြောပြပေးချင်ပါတယ်။နေပူရတဲ့အပြင် မီးပျက်ချိန်တွေများတာ မှန်ပေမယ့် ပထမဦးစွာ ကလေးသက်တောင့်သက်သာဖြစ်အောင် လေဝင်လေထွက်ရှိတဲ့နေရာ၊အေးတဲ့နေရာတွေမှာထားပြီး ချည်သားအဝတ်အစားတွေပဲဝတ်ဆင်ပေးပါ။

    ကလေး က နို့စို့အရွယ်ဆိုရင် ယခင်ထက်ပိုပြီး အကြိမ်ရေတွက်များများ နို့တိုက်ပေးပါ။ပုံမှန်အစားအသောက်စားတဲ့အရွယ်ဆိုရင် snack time မှာ အသီးဖျော်ရည်များများတိုက်ပေးပါ။ကလေးကို ရေဓာတ်များနေပါစေ။ဒါပေမယ့် Gas ပါတဲ့ဖျော်ရည်နဲ့ အားဖြည့်အချိုရည်များမတိုက်ပါနဲ့နော်။အသီးစင်စစ်ဖျော်ရည်သာတိုက်ပေးပါ။ထမင်းကို အတင်းကျွေးမယ့်အစား အစားအသောက်ပုံစံကိုပြောင်းလဲပြီး ခေါက်ဆွဲ၊အရွက်နဲ့ အသီးများကို ခဏခဏနဲ့ အကြိမ်အရေအတွက်များများကျွေးပေးပါ။

    ကလေးကို ငြိမ်ငြိမ်လေးမထားဘဲနဲ့ သူ့သဘာဝအရဆော့ကစားနေပါစေ။လှုပ်ရှားမှုများမှသာ ကလေးရဲ့အစာခြေနှုန်းမြန်ပြီး အစားစားချင်စိတ်ဖြစ်မှာ ဖြစ်ပါတယ်။ဒါပေမယ့် ကလေး က အစားအသောက်ပျက်တာအပြင် ကိုယ်ပူခြင်း၊ဝမ်းလျှောခြင်းနှင့် အော့အန်ခြင်းများဖြစ်ပါက My-Medicine က ကလေးဆရာဝန်များနဲ့ပြသလို့ရပါတယ်ရှင်။

    ဆေးခန်းပြသရန်  https://mymedicine.com.mm/r/child ကိုနှိပ်၍ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။

    ဆောင်းပါးလေးကိုအဆုံးထိဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်ရှင်။


    in General Health
    နာတာရှည်ရောဂါများကို စီမံခြင်း