Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

နားကြပ်အကြာကြီးတပ်ခြင်းနဲ့ နားကျန်းမာရေး

  • All Blogs
  • General Health
  • နားကြပ်အကြာကြီးတပ်ခြင်းနဲ့ နားကျန်းမာရေး
  • October 23, 2024 by
    Hsu Pyae Sone

    နားကြပ်အကြာကြီးတပ်ခြင်းနဲ့ နားကျန်းမာရေး


    သင်က မနက်ခင်း အိမ်ကထွက်လာတာနဲ့ နားကြပ်ကို နားမှာ တစ်နေကုန်တပ်ထားတတ်တဲ့သူမျိုးလား❓

    ဒီလို နားကြပ်ကို တစ်နေကုန် မချွတ်ဘဲ တပ်ထားတာမျိုး မလုပ်ရပါဘူးနော်.....

    ‼️နားကြပ်အကြာကြီး မရပ်မနားတပ်ထားတာက နားမှာ ပိုးဝင်တာ၊ အကြားအာရုံကို ထိခိုက်စေတာနဲ့ နားအူတာတွေကို ဖြစ်စေတတ်ပါတယ်‼️

    အထူးသဖြင့် နားပေါ်မှာတင်ရုံလေး headphones တွေလိုမဟုတ်ဘဲ နားထဲထိ ထည့်ရတဲ့ နားကြပ်မျိုးတွေပေါ့။

    အချို့လူတွေဆို နားကြပ်တပ်ထားရင် မူးဝေသလိုလို ကားမူးသလိုလိုတွေပါ ခံစားရတတ်ပါ‌သေးတယ်။

    ဒါမျိုးကတော့ Active noise canceling (ANC) ပါတဲ့ နားကြပ်မျိုးတွေမှာ ပိုအဖြစ်များပါတယ်… ပြင်ပဆူညံသံတွေ ဘာမှမကြားရအောင် လုပ်လိုက်တာကြောင့် နားကိုလှည့်စားလိုက်သလို ဖြစ်သွားပါ ဦးနှောက်ကို ရှုပ်ထွေးစေတာကြောင့်ပါ။

    ဒါကြောင့် နားကျန်းမာရေးကို မထိခိုက်စေဘဲ နားကြပ်တပ်နိုင်ဖို့ဆိုရင် ဒီအချက်လေးတွေကို လိုက်နာဖို့ အရေးကြီးတယ်နော်။


    •  နားကြပ် (သို့) headphones အသစ်တွေဝယ်ပြီဆို အသုံးမပြုခင် အရင်ဆုံး သန့်ရှင်းရေးလုပ်ပေးပါ


    • နားကြပ်အားလုံးကို အနည်းဆုံး တစ်ပတ်တစ်ခါ (သို့) ချွေးထွက်များတဲ့အလုပ်လုပ်ပြီးချိန်တိုင်း သန့်ရှင်းပေးပါ


    • သူများနဲ့ မျှဝေသုံးတာကို ရှောင်ပါ၊ မဖြစ်မနေဆိုရင်တော့ သူများဆီ မပေးခင်နဲ့ ပြန်ယူပြီးတိုင်း သန့်ရှင်းရေးသေချာပြန်လုပ်ပါ


    • နားကြပ်တပ်ထားချိန်မှာ volume ကို အပြည့်မသုံးလဲ 60% လောက်ထိပဲ အများဆုံး သုံးပေးပါ


    • အကောင်းဆုံးအသုံးပြုနည်းကတော့ 60/60 rule ကို လိုက်နာတာပါပဲ — volume ကို 60% ထိထားပြီး မိနစ် 60နားထောင်ပါ။ ပြီးရင် မိနစ် 30လောက် နားကို အနားပေးပြီးမှ နားကြပ်ကို ပြန်သုံးပေးပါ


    နားနဲ့ပတ်သက်ပြီး ပုံမှန်မဟုတ်တာတစ်ခုခု ခံစားနေရပြီဆိုရင်လဲ ပိုးမဝင်ခင် အချိန်မီကုသနိုင်အောင် My-Medicine က နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်ကြီးတွေနဲ့ အွန်လိုင်းကနေ တိုက်ရိုက်ဆွေးနွေးနိုင်ပါတယ်နော်။

    ဆရာဝန်နှင့် Appointment ယူခြင်း ဝန်ဆောင်မှုပိုင်းဆိုင်ရာနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက https://mymedicine.com.mm/r/ENT ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ်  5588 (သို့မဟုတ်) 09779995588  သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

    ဆောင်းပါးလေးကိုအဆုံးထိဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။




    in General Health
    အသည်းလေးကို ဂရုစိုက်ဖြစ်ရဲ့လား