Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

Zinc: The Gift of Resilience for Your Immune System

  • All Blogs
  • General Health
  • Zinc: The Gift of Resilience for Your Immune System
  • September 10, 2024 by
    Hsu Pyae Sone

    Zinc: The Gift of Resilience for Your Immune System


    Covid ကာလမတိုင်ခင်မှာတော့ မြန်မာနိုင်ငံတွင် ဆေးဝါးထဲမှာ ပါဝင်တဲ့ အကျိုးအကြောင်း အကျိုးဆက်ကို လေ့လာမှတ်သားတဲ့သူတွေဟာ လူနည်းစုပဲဖြစ်ခဲ့ပြီး ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက်ခဲ့ကြပါတယ်။ ဒါပေမယ့် Covid နဲ့ Covid အလွန်ကာလကစပြီးတော့ အရေးပေါ်အိမ်သုံးဆေးဝါးတွေ စတင်ဝယ်ယူလာကြပြီး ဆေးအာနိသင်နဲ့ ကောင်းကျိုးဆိုးကျိုးကို ဂရုတစိုက် စတင်လေ့လာလာကြပါပြီ။

    နေ့စဉ်စားနေကြအစာအာဟာရတွေထဲမှာ ပါဝင်တဲ့ သက်စောင့်ဓာတ်နဲ့ ဗိုက်တာမင်ဓာတ်တွေအများကြီးပါဝင်ပါတယ်။ဒီဓာတ်တွေက ဘာကောင်းကျိုးတွေပေးနိုင်မယ်၊ ဘယ်အခြေအနေမှာ ဘယ်လိုဖြည့်စွက်သောက်ရမယ် ဆိုပြီး စူးစမ်းနေကြတဲ့အထဲမှာ စိတ်ဝင်စားမှု အမြင့်တက်ဆုံးကတော့ Zinc ပဲ ဖြစ်ပါတယ်။Zinc မှာ ခုခံအားကိုတိုးပွါးစေတဲ့ဓာတ်အပြင် ခန္ဓာကိုယ်က အိုမင်းရင့်ရော်မှုဓာတ်ကို ဖယ်ပေးတဲ့ အစွမ်းသတ္တိလည်းရှိပါတယ်။ပဲအမျိုးမျိုး၊အနီရောင်အသား၊ငါး၊ပင်လယ်စာနဲ့ နို့ထွက်ပစ္စည်းတွေမှာ သဘာဝအတိုင်း ပါဝင်တဲ့ Zinc ဓာတ် က ကလေးတွေမှာဆိုရင် ခန္ဓာကိုယ်ကို ကြီးထွားစေပြီး အနာကျက်မြန်သက်သာစေပါတယ်။


    ဒီလောက်ထိ ကောင်းမွန်တဲ့အစွမ်းသတ္တိတွေရှိတဲ့ Zinc ရဲ့ ကောင်းကျိုးတွေကို ပိုမိုသိသာအောင်လို့ ဖော်ပြပေးချင်ပါတယ်။


    (၁)ခုခံအားတိုးပွါးစေခြင်း

    ခန္ဓာကိုယ်ရဲ့ရောဂါကာကွယ်ပေးတဲ့ဓာတ်ကိုမြင့်တင်ပေးပြီး အထူးသဖြင့် အအေးမိတုပ်ကွေးရောဂါနဲ့အဆုတ်ရောင်ရောဂါမှာဆိုရင် လွန်စွာမှ အသုံးဝင်ပါတယ်။


    (၂)ဝမ်းလျှောခြင်းမှ ကာကွယ်ခြင်း

    အာဟာရဓာတ်ချို့တဲ့လို့ ဝမ်းလျှောတာပဲဖြစ်ဖြစ်၊ရောဂါပိုးကြောင့် ဝမ်းလျှောတာပဲဖြစ်ဖြစ် အူလမ်းကြောင်းရဲ့ ခုခံအားစနစ်ကို ကောင်းမွန်စေပြီး ဝမ်းခဏခဏလျှောခြင်းမှ ကာကွယ်ပေးပါတယ်။


    (၃)အနာကျက်မြန်ခြင်း

    ခန္ဓာကိုယ်မှာ Zinc ဓာတ်ချို့တဲ့နေတဲ့သူဟာ ဒဏ်ရာဖြစ်လွယ်ပြီး အနာပြည်တည်တာအထိပါ ဆိုးဝါးစေနိုင်ပါတယ်။ဒါတွေကို ယူပစ်သလို သက်သာကောင်းမွန်လာစေမှာကတော့Zinc ဓာတ်ပဲဖြစ်ပါတယ်။


    (၄)အမြင်အာရုံဆုံးရှုံးခြင်းမှ ကာကွယ်ခြင်း

    အသက်အရွယ်ကြီးမြင့်မှုကြောင့်ဖြစ်တတ်တဲ့ အမြင်အာရုံဝေဝါးမှုတွေမှာ Zinc ဓာတ်က မရှိမဖြစ်ပေါ့။အမြင်အာရုံကို ပိုမဆိုးအောင်ကာကွယ်ပေးပြီး အာရုံကြောစနစ်များအတွက် အစွမ်းထက်လှပါတယ်။


    (၅)အရိုးပွရောဂါဖြစ်နှုန်းကို နှေးစေခြင်း

    သွေးဆုံးသွားတဲ့အမျိုးသမီးတွေနဲ့ ရောဂါကြောင့် သားအိမ်ထုတ်လိုက်ရတဲ့အမျိုးသမီးတွေက အရိုးကျိုးလွယ်တတ်ကြပါတယ်။Zinc ကတော့ အရိုးရဲ့သိပ်သည်းဆကို အားပေးတဲ့အတွက် အရွယ်မတိုင်ခင် အရိုးပွခြင်းမှ တားဆီးပေးပါတယ်။


    (၆)အာရုံကြောပိုင်းဆိုင်ရာအတွက် ဆေးတလက်

    မှတ်ဉာဏ်ယိုယွင်းလာတာတွေ၊ထုံတာကျင်တာတွေအတွက်လည်း Zinc က အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်တာပေါ့။


    ဒါ့အပြင် အသားအရည်နဲ့ဆံပင်လှပဖို့၊ လိင်မှုကိစ္စမှာ ပျော်ရွှင်အောင်မြင်ဖို့နဲ့ အစားစားတဲ့နေရာမှာ ခံတွင်းမြိန်စေဖို့ကိုလည်း Zinc က ကူညီပေးပါတယ်။Zinc ရဲ့အရေးပါမှုကတော့ ကိုယ်ဝန်ဆောင်ဘဝထဲက ဗိုက်ထဲကရင်သွေးလေး ကြီးထွားဖွံဖြိုးတဲ့နေရာမှ စတင်ပြီး အသက်အရွယ်ကြီးသူတွေ အမြင်မှုန်ဝါး၊အစာစားချင်စိတ်မရှိတာကို ပြန်လည်သက်သာအောင် အထောက်အပံ့ဖြစ်တဲ့အထိပါပဲ။ဒါပေမယ့် တန်ဆေး လွန်ဘေး ဆိုသလို အသက် ၁၉ နှစ်အထက် အရွယ်ရောက်ပြီးသူတွေမှာ တနေ့ကို 40 mg ထက်ပိုသောက်မိရင် ကောင်းကျိုးမဖြစ်ဘဲ ဆိုးကျိုးများကိုသာ ဖြစ်စေနိုင်ပါတယ်။

    ခုခံအားမကောင်းတဲ့အခါ ကျွန်မတို့ဟာ ရောဂါအမျိုးမျိုးအလွယ်တကူဖြစ်ပေါ်ပြီး နေ့စဉ်လုပ်ငန်းဆောင်တာများဆောင်ရွက်ဖို့ ပျက်ကွက်ရတဲ့အထိဖြစ်နိုင်ပါတယ်။Zinc ကတော့ ခုခံအားကို တိုးပွါးစေပြီးတဲ့အပြင် အခြားအစွမ်းထက်တဲ့သတ္တိတွေလည်းရှိတာမို့ ခန္ဓာကိူယ်အတွက် အဖိုးတန်လက်ဆောင်မွန်တခုပဲဖြစ်ပါတယ်။ဒါကြောင့်မို့ ကျွန်မတို့ရဲ့ခန္ဓာကိုယ်နဲ့ ကိုယ်စိတ်နှဖြာ ကျန်းမာလှပဖို့ Zinc ကို သုံးစွဲကြပါစို့။

    ဆောင်းပါးလေးကိုအဆုံးထိဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်။



    in General Health
    Beyond Immunity: The Multi-Faceted Benefits of Zinc