Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

Supplement တွေ တကယ်ပဲ လိုအပ်ပါသလား

  • All Blogs
  • General Health
  • Supplement တွေ တကယ်ပဲ လိုအပ်ပါသလား
  • September 5, 2024 by
    Hsu Pyae Sone

    Supplement တွေ တကယ်ပဲ လိုအပ်ပါသလား



    စျေးကွက်ထဲမှာ လွယ်လင့်တကူဝယ်ယူရရှိနေတဲ့ အားဆေးတွေဟာ ကျွန်မတို့နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေထဲမှာပါဝင်ပြီးသားဖြစ်တဲ့ vitamin နဲ့ mineral တွေပဲဖြစ်ပါတယ်။ဒါကြောင့်မို့ လူကြီးတချို့ဟာ ပါးစပ်ကစားနိုင်နေသရွေ့ အားဆေးလုံးဝ သောက်ဖို့မလိုဘူးလို့ ယူဆကြသလို တချို့ကလည်း အားဆေးပုံမှန်သောက်မှ ကျန်းမာမယ်လို့ ထင်တတ်ကြပါတယ်။ဒါဆိုရင် ဘယ်အယူအဆက ပိုမှန်နေပါသလဲ။

    ယနေ့ခေတ်မှာတော့ ငွေကြေးတတ်နိုင်တဲ့သူတွေဟာ ကောင်းနိုးရာရာ အားဆေးတွေကို တနေ့ ၁ မျိုးမှ ဆယ်မျိုးအထိ သောက်နေကြတာကို လေ့လာတွေ့ရှိရပါတယ်။ဒါတွေက တကယ်ပဲ မှန်ပါသလား။ကျွန်မတို့နေ့စဉ်ပုံမှန်စားသောက်နေတဲ့အစာအာဟာရတွေထဲမှာ လိုအပ်တဲ့ Vitamin နဲ့သတ္ထုဓာတ်တွေ ပြည့်စုံစွာပါဝင်ပြီးသားဖြစ်တဲ့အတွက် မလိုအပ်ဘဲ အားဆေးသောက်ခြင်းက ကောင်းကျိုးထက်ဆိုးကျိုးများကိုသာ ပိုဖြစ်စေပါတယ်။ယုံတမ်းစကားတွေအရ တချို့ supplement တွေက ကင်ဆာရောဂါကိုတောင် ပျောက်ကင်းစေနိုင်တယ်ဆိုပြီး ကြေညာထားကြလို့ လူနာတွေဟာ တကယ့်ကုသမှုအပိုင်းကိုမလုပ်ဘဲ အားဆေးပဲ ထိုင်သောက်နေကြတာကို ဝမ်းနည်းဖွယ်ရာ တွေ့ရှိရပါတယ်။

    ဒါပေမယ့် တချို့အခြေအနေတွေမှာတော့ ပါးစပ်ကစားရုံနဲ့ အာဟာရပြည့်ဝစွာမရနိုင်တဲ့အခါ အားဆေးကူရတဲ့အ​နေအထားတွေလည်းရှိပါတယ်။နာမည်ကြီးအားဆေးတွေထဲမှာ ပါဝင်လေ့ရှိတာကတော့ ဗီတာမင်ပေါင်းစုံ၊သံဓာတ်၊ကယ်လစီယမ်နဲ့ folic acid တို့ပဲဖြစ်ပါတယ်။ကျွန်မတို့ ထင်သာမြင်သာရှိတဲ့ ဥပမာ ကို ပြောရရင် 


    (၁)ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်းကို ဗိုက်ထဲကကလေးကျောရိုးပုံသဏ္ဍာန်မှန်စေရန်အတွက် folic acid တိုက်ကြပါတယ်။


    (၂)အအေးမိဖျားနာ ရာသီတုပ်ကွေးတခုခုဖြစ်လျှင်လည်း ခုခံအားကောင်းအောင် vitamin C ပါတဲ့ ရေဆူဆေးပြား သို့မဟုတ် အားဆေးတိုက်လေ့ရှိကြပါတယ်။


    (၃)သွေးဆုံးခါနီးနဲ့သွေးဆုံးသွားတဲ့အမျိုးသမီးတွေမှာ အရိုးပွနှုန်းလျော့ကျစေရန် vitamin D နဲ့ calcium ပါဝင်တဲ့အားဆေးများက စွမ်းဆောင်ပေးပါတယ်။


    (၄)နာတာရှည်အိပ်မပျော်တတ်သူများအတွက် အိပ်ပျော်တဲ့ဟော်မုန်းထုတ်မှူကို ကူညီပေးရန် melatonin က အားဖြည့်ပေးပါတယ်။


    (၅)ဝမ်းပျက်ဝမ်းလျှော လူနာများအတွက် အူလမ်းကြောင်းရဲ့ စနစ်ကို ပြန်လည်ထိန်းညှိရန် zinc နဲ့ folic acid ပါဝင်တဲ့ဆေးများ ညွှန်းသလို normal flora များ ပြန်အားဖြည့်ရန်အတွက် probiotic များ က တဖက်တလမ်းမှ ပါဝင်ပေးပြန်ပါတယ်။


    ကျွန်မတို့ လိုအပ်နေတဲ့ vitamin နဲ့ သတ္ထုဓာတ်တွေက နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေထဲပါပါနေပေမယ့် လိုသလောက် မရနိုင်တဲ့အခြေအနေတွေလည်းရှိပါတယ်။အဲဒီလို လိုအပ်နေတဲ့ကွက်လပ်လေးတွေကို supplement တွေက ဖြည့်စွမ်းပေးမှာပါ။ဒါပေမယ့် supplement တွေက နာတာရှည်ရောဂါတွေကို ပြန်ကောင်းစေနိုင်တဲ့အစွမ်း မရှိသလို အစားမစားဘဲ supplement ပဲ သောက်နေလို့လည်းမရတဲ့အကြောင်း အသိပေး လမ်းညွှန်လိုက်ရပါတယ်။

    ဆောင်းပါးလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါရစေ။အချိန်ပေးဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။



    in General Health
    အထိုင်များရင် ဒါတွေသတိထားပါ