Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

Magic Mushroom ဆိုတာဘာလဲ

  • All Blogs
  • General Health
  • Magic Mushroom ဆိုတာဘာလဲ
  • September 10, 2024 by
    Hsu Pyae Sone

    Magic Mushroom ဆိုတာဘာလဲ?


    Shroom လို့ခေါ်ကြတဲ့ Magic Mushroom ဆိုတာ သာမန်မှို‌တွေလိုပါပဲ… ထူးခြားသွားတဲ့အချက်ကတော့ Psilocybin တိုတဲ့ ဓာတ်ပါဝင်နေတာပါ။

    ဒီ Psilocybin ဓာတ် ပါဝင်မှုကြောင့်လဲ စားမိပြီဆိုရင် ဦးနှောက်က ထင်ယောင်ထင်မှားတွေဖြစ်လာတတ်တာမလို့ Magic Mushroom လို့ တင်စားခေါ်ဝေါ်ကြတာပါ။

    ဒါဆို အခြားမူးယစ်ဆေးတွေလဲ ထင်ယောင်ထင်မှားဖြစ်တာပဲ၊ ဘာလို့ ဒါကိုမှ ပိုပြီးရွေးချယ်လာကြသလဲ ဆိုရင်တော့?


    - 15မိနစ်‌လောက်နဲ့ အာနိသင်မြန်မြန်ပြတတ်ပြီး 4-5နာရီလောက်ထိ effect ကြာတတ်လို့ပါ


    - မစားခင်က ခံစားနေရတာတွေကို အဆပေါင်းများစွာ တိုးမြင့်ပေးတာမလို့ စိတ်ခံစားချက်ကောင်းနေတဲ့သူဆို ပိုပြီးပျော်ရွှင်လာတာ၊ အူမြူးလာတာတွေ ခံစားရပါလိမ့်မယ်


    - ဒီအချက်ကြောင့်ပဲ လူ့လောကကြီးမှာ တစ်နေ့တစ်နေ့ စိတ်ညစ်စရာ၊ စိတ်ဓာတ်ကျစရာတွေပဲ တွေ့ကြုံနေရာ‌တဲ့အခါ လူငယ်တွေအနေနဲ့ Magic Mushroom ကို ထွက်ပေါက်တစ်ခုအဖြစ် အသုံးပြုလာကြပါတယ်


    - ဒါပေမယ့် စိတ်အခြေအနေမကောင်းနေချိန်မှာ စားမိပြီဆိုရင်တော့ ကယောင်ကတမ်းနဲ့ ထင်ယောင်ထင်မှားတွေဖြစ်လာပြီး အသက်အန္တရာယ်စိုးရိမ်ရလောက်တဲ့အထိ ပြုမူလာတတ်ကြပါတယ်


    အခုရက်ပိုင်းကြားနေရသလို Magic Mushroom စားပြီး တိုက်ပေါ်ကခုန်ချတယ်ဆိုတာမျိုးပေါ့… ဦးနှောက်က ပုံမှန်အတွေးတွေကို တကယ်လို့ထင်မှတ်ရလောက်တဲ့အထိ လှည့်စားပြီး ကယောင်ကတမ်းဖြစ်စေလာတတ်တာကြောင့်ပါ ။ ဒီလို ကောင်းကျိုးနဲ့ဆိုးကျိုး‌နဲ့ ဒွန်တွဲနေတဲ့အပြင် ဆိုးကျိုးအနေနဲ့ဆိုရင်‌လည်း မထင်မှတ်ထားဘဲ အသက်ဆုံးရှုံးစေနိုင်တဲ့အထိ အန္တရာယ်ဖြစ်စေတာမလို့ အသက်ကို ဉာဏ်စောင့်တဲ့အနေနဲ့ ရှောင်ရှားကြဖို့ အကြံပေးပါရစေနော်…

    ဆောင်းပါးလေးကို အဆုံးထိဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်။

    ပြီးတော့ ဆေးဝါးများဝယ်ယူရန်ဖြစ်​စေ၊ အထူးကုဆရာဝန်​ကြီးများနဲ့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုလျှင်ဖြစ်​စေ https://mymedicine.com.mm/r/gpကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။


    ..

    in General Health
    မပျော်ဘဲ ပျက်မယ့် Party Drugs