Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

အတွေ့များတဲ့ မြေပဲနှင့်ဓာတ်မတည့်ခြင်း

  • All Blogs
  • General Health
  • အတွေ့များတဲ့ မြေပဲနှင့်ဓာတ်မတည့်ခြင်း
  • December 9, 2024 by
    Hsu Pyae Sone

    ကျွန်မတို့ ဆေးရုံဆေးခန်းသွားတဲ့အခါ ဘာဆေးနဲ့မတည့်တာရှိလဲဆိုပြီး အမေးခံရဖူးတာ သတိထားမိကြမယ်ထင်ပါတယ်။ဒီလိုပဲ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရော အစားအစာနဲ့ ဓာတ်မတည့်တဲ့သူတွေကို ကြုံဖူးကြလား။တချို့က ပင်လယ်စာတွေဖြစ်တဲ့ ဂုန်း၊ခရု၊ကမာ၊ပုဇွန်တွေနဲ့ မတည့်တာဖြစ်ပြီး တချို့ကတော့ ရိုးရှင်းတဲ့ မြေပဲလို အရာနဲ့ ဓာတ်မတည့်တာတွေလည်းရှိပါတယ်။

    မှတ်မှတ်ရရ ငယ်ငယ်တုန်းက ကျွန်မညီမလေးနဲ့ ကျွန်မရေခဲမုန့်တူတူစားနေကြတုန်း အငယ်မက ရုတ်တရက် ယားပြီး ပြာတက်ကာ တရွှီရွှီမြည်လာပါတယ်။အဲဒီအချိန်ကျမှ ရေခဲမုန့်ထဲမှာပါတဲ့မြေပဲနဲ့ဓာတ်မတည့်မှန်းသိတာပါ။မြေပဲနဲ့ ဓာတ်မတည့်တာက အဖြစ်အများဆုံး အစားအစာ ၉ မျိုးထဲမှာတမျိုးအပါအဝင်ဖြစ်ပါတယ်။ထူးဆန်းတာက မြေပဲနဲ့မတည့်ပေမယ့်လည်း တခြားပဲအမျိုးမျိုးကို စားလို့ရပါသေးတယ်။

    မြေပဲနဲ့ဓာတ်မတည့်သူဟာ တခြားဆေးတွေဓာတ်မတည့်ဘဲ သောက်မိ/ထိုးမိတဲ့သူလိုပဲ အသက်အန္တရာယ်ဆုံးရှုံးရတဲ့အထိ ဖြစ်နိုင်ပါတယ်။စစချင်း ယားမယ်၊ပါးစပ်နဲ့လျှာတဝိုက်ထုံတာ၊နာတာဖြစ်လာမယ်၊ပြန်အန်တာမျိုး၊ပျို့တာမျိုးနဲ့ ဗိုက်အောင့်တာမျိုးတွေလည်း ဖြစ်န်ိုင်တဲ့အပြင် နှာရည်ကျတာကနေ အသက်ရှူမဝဘဲ ပြာနှမ်းလာတဲ့အထိ ဖြစ်တတ်ပါသေးတယ်။နောက်ဆက်တွဲအနေနဲ့ သွေးပေါင်ချိန်ကျပြီး သွေးခုန်နှုန်းတွေမြန်ကာ သတိလစ်သွားနိုင်ပါတယ်။

    မြေပဲနဲ့ ဓာတ်မတည့်တာကို စားရင်းနဲ့မှ သိဖို့များပါတယိ။ဒါပေမယ့် ယနေ့ခေတ်မှာတော့ အစားအစာတွေနဲ့ ဓာတ်တည့်/မတည့်ကို အရေပြားပေါ်မှာ ကြိုတင်စမ်းသပ်စစ်ဆေးလို့ရနေပါပြီ။ဓာတ်မတည့်ခြင်းဖြစ်တဲ့အခါမှာလည်း ဆေးရုံဆေးခန်းကိုအမြန်သွားရောက်ပြီး ရောဂါပြင်းထန်မှုအလိုက် အသက်ကယ်ဆေးထိုးရတဲ့အထိဖြစ်နိုင်ပါတယ်။ဒါကြောင့်မို့ လူကြီး၊လူငယ်၊ကလေးတွေပါမကျန် မြေပဲနဲ့ဓာတ်မတည့်ရင် သတိထားပြီး ရှောင်ကြဉ်နိုင်ဖို့ ရေးသားလိုက်ရပါတယ်ရှင်။



    in General Health
    ကျန်းမာလန်းဆန်းတဲ့ နေ့သစ်တိုင်းအတွက် ဘီကိုဇင့်(Becozinc)