Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

သတိမမူရင် အသက်ဆုံးရှုံးနိုင်တဲ့ နားမှိုစွဲခြင်း

  • All Blogs
  • General Health
  • သတိမမူရင် အသက်ဆုံးရှုံးနိုင်တဲ့ နားမှိုစွဲခြင်း
  • September 6, 2024 by
    Hsu Pyae Sone

    သတိမမူရင် အသက်ဆုံးရှုံးနိုင်တဲ့ နားမှိုစွဲခြင်း


    နားထဲက တဆစ်ဆစ်ကိုက်တာတို့၊နားထဲက အူအူကြီးဖြစ်နေတာတို့၊နားထဲက ပြည်ထွက်တာတို့ ကြုံဖူးကြပါသလား။ဒါဆိုရင်တော့ သတိထားသင့်တဲ့ နားမှိုစွဲခြင်း လက္ခဏာတွေများ ဖြစ်နေမလား ကြည့်ကြည့်ကြရအောင်။နားမှိုစွဲခြင်းရောဂါ က မကုသဘဲ ပေါ့ပေါ့တန်တန်ထားရင် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်တဲ့ ရောဂါတခုပဲဖြစ်ပါတယ်။

    နားမှိူစွဲခြင်းဆိုသည်မှာ နားအတွင်းမှာ နာဖာချေး၊ဖုန်၊အမှုန်နဲ့ စိုထိုင်းမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ နားရောဂါတမျိုးဖြစ်ပါတယ်။အထူးသဖြင့် ရေကူးတဲ့သူတွေမှာ အဖြစ်ပိုများပါတယ်။ဖြစ်ရင်တော့ နားတဖက်ထဲမှာ အဖြစ်များပေမယ့် ရံဖန်ရံခါတော့ နား၂ ဖက်လုံးမှာ ဖြစ်တတ်တဲ့အထိ အခြေအနေဆိုးလှပါတယ်။ပူနွေးစိုစွတ်တဲ့ရာသီဥတုမှာနေထိုင်သူတွေ၊ဆီးချိုဝေဒနာရှင်တွေ၊ခုခံအားချတဲ့ steroid လို ဆေးမျိုးသောက်နေရသူတွေနဲ့ အရေပြားရောဂါခံစားရသူတွေမှာ ဖြစ်လေ့ရှိပါတယ်။

    နားမှိုစွဲတာက တခါတလေ ကာလကြာရှည်မပျောက်တဲ့အထိ ဖြစ်နိုင်တဲ့ရောဂါတခုလည်းဖြစ်နေပြန်ပါတယ်။နားမှိုစွဲရင်တော့ နားအူတာ၊နားပြည်ယိုတာ အပြင် နားအတွင်းအပြင် နီရဲခြင်း၊ယောင်ခြင်း၊ယားခြင်း၊နားထဲ တစ်ဆို့ဆို့ဖြစ်ခြင်းတို့သာမကဘဲ အကြားအာရုံပါထိခိုက်တဲ့အထိ အခြေအနေဆိုးလေ့ရှိပါတယ်။နားထဲကနေလည်း အဝါရောင်၊အစိမ်းရောင်၊အညိုရောင် အစရှိတဲ့ ပုတ်စော်နံတဲ့အရည်တွေ ထွက်တတ်ပါသေးတယ်။

    နားမှိုစွဲတယ် သံသယရှိရင်တော့ နား၊နှာခေါင်းဆရာဝန်ဆီသွားရောက်ပြသပြီး နားအတွင်းထဲကို မှန်ပြောင်းကြည့်ဖို့လိုအပ်ပါတယ်။နားထဲက နာဖာချေးတွေကို စက်နဲ့စုပ်ထုတ်ပေးပြီးတော့ ရောဂါအပေါ်မူတည်ပြီးသောက်ဆေးနဲ့ နားထဲအစက်ချဆေးတွေ ပေးမှာဖြစ်ပါတယ်။နားမှိုစွဲဖူးတဲ့သူက ထပ်ကာထပ်ကာဖြစ်တတ်တဲ့အတွက် နားကို ခြောက်သွေ့အောင်ထားရပါမယ်။ဒါ့အပြင် နားထဲ အမြုပ်ထဆေးများထည့်ခြင်း၊ကုတ်ခြင်း၊နားထဲ တုတ်တံဖြင့်ထိုးခြင်းတို့ကို ရှောင်ကြဉ်ရပါမယ်။နားမှိုစွဲခြင်းဟာ အခန့်မသင့်ရင် ဦးနှောက်ထိပါ ပျံ့နှံ့ပြီး အသက်သေစေနိုင်လို့ နားသန့်ရှင်းရေးကို အမြဲဂရုစိုက်ဖို့လိုအပ်ကြောင်း အသိပေးပါရစေ။ 

    ဆောင်းပါးလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါရစေ။ 

    မျက်စိကျန်းမာရေးနဲ့ပတ်သက်ပြီးအထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးတိုင်ပင်ပြသလိုပါကhttps://mymedicine.com.mm/r/ENT ကိုနှိပ်၍ရက်ချိန်းယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။



    in General Health
    သတိပြုစရာ ထိပ်ကပ်နာ