Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

လေထုညစ်ညမ်းခြင်းဆိုတာ

  • All Blogs
  • General Health
  • လေထုညစ်ညမ်းခြင်းဆိုတာ
  • November 25, 2024 by
    Hsu Pyae Sone
    လေထုညစ်ညမ်းခြင်းဆိုတာ


    ဒီနေ့ခေတ်မှာ ကမ္ဘာကြီးပူနွေးလာရတယ်ဆိုတာ လူတိုင်းနဲ့ မစိမ်းတဲ့ စကားပါ။ တကယ်လည်း နွေရာသီတွေမှာ မခံမရပ်နိုင်အောင်ပူပြီး ဦးနှောက်သွေးကြောပြတ်တာမျိုးတွေ ဖြစ်တဲ့အပြင် ဆောင်းရာသီအေးတယ်ဆိုတာလည်း ခဏလောက်ပဲ ဖြစ်လာပါတယ်။ 

    ဒါတွေက လက်ရှိနေထိုင်တဲ့ ကမ္ဘာမြေကြီးရဲ့ ကျန်းမာရေးချို့တဲ့လာပြီး သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးနေရတယ်ဆိုတာကို ပြနေတဲ့ လက္ခဏာတွေပေါ့။ ဒီလက္ခဏာတွေထဲကမှ လူတိုင်းသတိမထားမိတဲ့တစ်ခုကတော့ လေထုညစ်ညမ်းမှုပါ။

    လေထုညစ်ညမ်းမှုဆိုတာ အကြမ်းဖျင်းအားဖြင့် နေ့စဉ်ရှုရှိုက်နေတဲ့ လေထဲမှာ အန္တရာယ်ရှိတဲ့ အရာတွေရှိနေခြင်းကို ဆိုလိုပါတယ်။ ဘယ်လိုအန္တရာယ်ရှိတဲ့ အရာတွေလဲဆိုတော့ ဖုန်မှုန့်နဲ့ တောမီးတို့လို သဘာဝဖြစ်ရပ်တွေကစလို့ စက်ရုံတွေ မော်တော်ယာဉ်တွေကထွက်တဲ့ ဓာတုပစ္စည်း၊ အမှုန်အမွှားနဲ့ အိုဇုန်း၊ ကာဗွန်မိုနောက်ဆိုဒ်တို့လို ဓာတ်ငွေ့တွေကို ရည်ညွှန်းတာပါ။


    ‌ဒါဆို လေထုညစ်ညမ်းမှုက ဘာကြောင့်ဖြစ်ရတာလဲ❓

    လေထုညစ်ညမ်းမှု ဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေ အများကြီးရှိပေမယ့် အဓိကကတော့ လောင်စာတွေ မီးရှို့တာ စက်မှုလုပ်ငန်းတွေ များလာတာ၊ ကား၊ ဆိုင်ကယ်စတဲ့ သယ်ယူပို့ဆောင်ရေးတွေ ကျယ်ပြန့်လာတာ စတဲ့ လူတွေရဲ့ လုပ်ရပ်ကနေ လေထုညစ်ညမ်းမှုကို သိသိသာသာ ဖြစ်စေနိုင်သလို မီးတောင်၊ တောမီးနဲ့ ဖုန်မှုန့်၊ သဲမုန်တိုင်း တို့လို သဘာဝဖြစ်ရပ်တွေကလည်း လေထုညစ်ညမ်းမှုကို ဖြစ်စေပါတယ်။


    ဘယ်လိုဆိုးကျိုးတွေရော ဖြစ်နိုင်လဲ❓

    လေထုညစ်ညမ်းလာတဲ့နောက်မှာတော့ ပတ်ဝန်းကျင်နဲ့ လူတွေပေါ် သက်ရောက်စေတဲ့ ဆိုးကျိုးတွေကလည်း အနောက်ကနေ တစီတတန်းတွေ ပါလာပါတော့တယ်👇

    🔹ချောင်းဆိုး၊ ရပ်ကြပ်၊ အသက်ရှူမဝတာကနေ ပန်းနာရင်ကြပ်နဲ့ လည်ချောင်းနာတာတို့လို အသက်ရှူလမ်းကြောင်း ပြဿနာတွေ

    🔹နှလုံးရောဂါ၊ သွေးတိုးနဲ့ လေဖြန်းတာတို့လို နှလုံးသွေးကြောဆိုင်ရာ ပြဿနာတွေ

    🔹ခေါင်းကိုက်၊ မူးဝေတာတို့လို အာရုံကြောဆိုင်ရာ ပြဿနာတွေ

    🔹ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ထိတွေ့မယ်ဆိုရင် ရင်သွေးမှာ မွေးရာပါ ချို့ယွင်းချက်နဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာတွေ ရှိလာနိုင်တဲ့အပြင်

    🔹အက်စစ်မိုးတွေရွာတာ၊ ကောက်ပဲသီးနှံတွေ ပျက်စီးတာတို့လို သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေကိုလည်း ဖြစ်စေပါတယ်။


    လေထုညစ်ညမ်းမှုကနေ ကာကွယ်နိုင်မယ့် နည်းလမ်းရှိလား❓

    ကမ္ဘာကြီးပေါ်မှာ နေနေသရွေ့ကတော့ လေထုညစ်ညမ်းမှုရန်ကနေ ရှောင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမယ့်လည်း ဒီလိုနေ့စဉ် ထိတွေ့နေရမယ့် လေထုညစ်ညမ်းမှုရန်ကနေ ကာကွယ်ဖို့ နည်းလမ်းတွေ ရှိနေသေးတာမလို့ အရမ်းစိတ်မပူပါနဲ့နော်…


    လေထုညစ်ညမ်းမှုကနေ ကာကွယ်ဖို့အတွက်👇  

    🔹အဓိကအချက်ကတော့ ဘယ်အချိန်မှာ အပြင်ထွက်ဖို့ ဘေးကင်းတယ်၊ ဘယ်အချိန်မှာ အိမ်ထဲမှာပဲ နေသင့်တယ်ဆိုတာ သိနိုင်ဖို့ ကိုယ်နေတဲ့နေရာရဲ့ pollution index (လေထုအရည်အသွေးညွှန်းကိန်း) ကို ခဏခဏ စစ်ပေးပါ။

    🔹အိမ်ထဲနေတဲ့အခါ လေသန့်စင်စက် (air purifier) များ သုံး‌ပေးပါ။

    🔹အပြင်ထွက်တဲ့အခါ mask တပ်ဖို့လည်း မမေ့ပါနဲ့။

    🔹လူအများကြီးရှိတဲ့နေရာတွေ ရှောင်ပေးပါ။

    🔹ကားမောင်းမယ့်အစား လမ်းလျှောက်တာ၊ စက်ဘီးစီးပေးတာတို့ကလည်း လေထုညစ်ညမ်းမှုရန်က ကာကွယ်ရင်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာလည်း ရောက်ပါတယ်။


    လေထုညစ်ညမ်းမှုဆိုတာ လူတိုင်း သိထားသင့်ပြီး အလေးအနက်ထားသင့်တဲ့ အကြောင်းအရာတစ်ခုပါ။ ဒီနေ့ခေတ်လို ကမ္ဘာကြီးပူနွေးလာတဲ့အချိန်မှာ လူတစ်ဦးချင်းစီရဲ့ ပတ်ဝန်းကျင်အပေါ် အလေးထားမှုက အရမ်းအရေးပါလာတာမလို့ လောင်စာတွေ လျှော့သုံးတာ၊ မလိုအပ်တဲ့ လျှစ်စစ်မီးတွေကို ပိတ်ထားတာ၊ ပလတ်စတစ်တွေ လျှော့သုံးတာတို့လို တာဝန်သေးသေးလေးတွေ လုပ်ဆောင်ပေးရင်း လေထုညစ်ညမ်းမှုကို လျှော့ချလိုက်ရအောင်နော်။🍃


    in General Health
    လက်စွယ်ငုပ်တာကိုသွားနဲ့ကိုက်နေတုန်းလား?