Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

ရနံ့ကုထုံးတွေကကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူပြုလဲ

  • All Blogs
  • General Health
  • ရနံ့ကုထုံးတွေကကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူပြုလဲ
  • November 28, 2024 by
    Hsu Pyae Sone
    ရနံ့ကုထုံးတွေကကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူပြုလဲ


    ရနံ့ကုထုံးဆိုတာ ပန်း၊ပင်လယ်လေနံ့၊စန္ဒကူး၊လိမ္မော်ခွံနံ့ အစရှိသော ပုံစံအမျိုးမျိုးသော အဆီနဲ့ ရနံ့တို့ကို စိတ်ကျန်းမာရေး၊အာရုံလန်းဆန်းရေး၊ပင်ပန်းနွမ်းနယ်မှုပပျောက်ရေးနဲ့ အိပ်ပျော်စေရေးစသဖြင့် ရည်ရွယ်ချက်ပေါင်းစုံဖြင့် ယနေ့ခေတ်မှာတွင်ကျယ်စွာ အသုံးပြုလာကြသော အရာတခုပဲဖြစ်ပါတယ်။

    ရနံ့ကုထုံးကို လေထုထဲမှာတဆင့်ရနံ့ပေးပြီး စိတ်ဖိစီးမှု လျော့အောင်ပြုလုပ်ကြသလို ခန္ဓာကိုယ်မှာလိမ်းကျံပေးခြင်းဖြင့်လည်း အမျိုးမျိုးအသုံးပြုကြပါတယ်။ရနံ့တွေက ဦးနှောက်ထဲကို နှိုးဆွတဲ့အနေနဲ့ ရောက်ရှိသွားတဲ့အခါ စိတ်ကြည်လင်လန်းဆန်းစေသလို နှလုံးခုန်နှုန်း၊ သွေးဖိအားနဲ့ အသက်ရှူတဲ့ လေပြွန်တွေကို အကောင်းဆုံး လည်ပတ်စေပြီး ဟော်မုန်းတွေကိုလည်း သေချာထိန်းညှိပေးနိုင်ပါတယ်။ဒါကြောင့်မို့ ထူးထူးခြားခြားပဲ ရနံ့ကုထုံးက စိတ်ကျန်းမာရေးသာမက ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်း အများကြီး အကျိုးရှိစေကြောင်းကို လေ့လာတွေ့ရှိလာရပါတယ်။

    ရေမွှေးအနေနဲ့သာမက အနှိပ်ခန်းတွေ၊spa တွေနဲ့ နောက်ဆုံး ဖယောင်းတိုင်လေးတွေမှာပါ ရနံ့ကုထုံးအနေနဲ့အသုံးပြုလို့ရအောင် ပြုလုပ်ထားခြင်း အဓိကအကြောင်းပြချက်ကတော့ နေ့စဉ်နဲ့အမျှ ဘဝအမောတွေများလှတဲ့ဘဝကြီးမှာ ရနံ့ကုထုံးက ခံစားနေရတဲ့ စိတ်ဖိစီးမှုတွေရော စိုးရိမ်ပူပန်မှုတွေကိုပါ ပြေလျော့သက်သာစေလို့ပဲ ဖြစ်ပါတယ်။လာဗင်ဒါနံ့၊စပါးလင်နံ့ နဲ့ ပူစီနံ့ရွက်ပါဝင်တဲ့ အမွှေးရနံ့ကုထုံးတွေက ညဖက်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပြီး ကာလကြာရှည်ခေါင်းတခြမ်းကိုက်ဝေဒနာကို ခံစားနေရသူတွေအတွက် အထူးသင့်လျော်ပါတယ်။နှလုံးရောဂါရှိသူတွေနဲ့ မီးဖွားပြီးစ မိခင်တွေမှာဆိုရင် သွေးဖိအားကို ထိန်းညှိပေးလို့ မလိုလားအပ်ဘဲ သွေးပေါင်ချိန်တက်ခြင်းကနေ ကာကွယ်ပေးပါတယ်။

    ခန္ဓာကိုယ်မှာ ယောင်ရမ်းခြင်းနဲ့ အဆစ်အမြစ်ကိုက်ခဲခြင်းတို့အတွက်လည်း ယူကလစ်ဆီနဲ့ စမုံစပါးအနွယ်ဝင်ရနံ့ကုထုံးတွေက ထိရောက်စွာကုသပေးနိုင်ပါတယ်။ထူးခြားတဲ့အချက်အနေနဲ့ ဘက်တီးရီးယားပိုးမွှားတွေ အအေးမိပိုးအမျိုုးမျိုးကသက်သာပျောက်ကင်းအောင် ကုသပေးနေပြီး ထိပ်ကပ်နာနဲ့ ဓာတ်မတည့်သူများအတွက်လည်း ရနံ့ကုထုံးပါတဲ့ ရေငွေ့ကိုရှူပေးခြင်းအားဖြင့် သက်သာစေနိုင်ပါတယ်။ဒါကြောင့်မို့ ယနေ့ခေတ်မှာ ရနံ့ကုထုံးတွေဟာ စိတ်ခံစားမှုနဲ့ မှတ်ဉာဏ်အတွက် အကျိုးရှိရုံသာမက ကျန်းမာရေးအတွက်လည်း တဖက်တလမ်းက အသုံးဝင်လို့ တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြခြင်းပဲဖြစ်ပါတယ်။

    ဆောင်းပါးလေးကိုအဆုံးထိဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်။


    in General Health
    HPV Vaccine ထိုးပြီးကာကွယ်နိုင်သောရောဂါများ