Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

မိုးရာသီမှာ အဆစ်အမြစ်နာတတ်သူတို့ အတွက် သက်သာစေမယ့် နည်းလမ်းများ

  • All Blogs
  • General Health
  • မိုးရာသီမှာ အဆစ်အမြစ်နာတတ်သူတို့ အတွက် သက်သာစေမယ့် နည်းလမ်းများ
  • July 29, 2025 by
    Hsu Pyae Sone

    ဆရာဝန်တွေရဲ့ clinical acumen ဆေးပညာရပ်ဆိုင်ရာအမြင်ရော၊ ရောဂါရှာဖွေတဲ့ နည်းလမ်းကောင်းများ advanced investigations တွေပါ ပိုမိုတိုးတက်လာတာနဲ့ အမျှ ရောဂါဆန်းတွေလည်း များစွာ ရှာတွေ့လာကြပါတယ်။ ယခုဆို လေးဘက်နာရောဂါအမျိုးအစားပေါင်း များစွာကို ရှာဖွေတွေ့နေရပြီး ရောဂါတိုင်းရဲ့ အဓိကလက္ခဏာထဲမှာ အဆစ်အမြစ်နာတာက တစ်ခုပါဝင်ပါတယ်။  

    ဒါ့အပြင် မိုးရာသီဖြစ်တာကြောင့် ကျန်းမာသန်စွမ်းတဲ့ သာမာန်လူတွေတောင် အဆစ်မြစ်နာတာကို ခံစားရပါတယ်။ ဘာကြောင့်ဖြစ်ရလဲ ဆိုရင် အေးပြီးစိုစွတ်တဲ့ လေထုက ကြွက်သားတွေကို တောင့်တင်းစေပြီး အဆစ်လေးတွေ ပတ်လည်ကို ရောင်ရမ်းစေပါတယ်။ဒါ့အပြင် မိုးရွာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လူတော်တော်များများက အအိပ်အနေများပြီး လှုပ်ရှားမှုနည်းတာတွေကလည်း ပိုပြီးနာကျင်မှုကို ခံစားရစေပါတယ်။ ရာသီကြောင့် လူကလည်း လေးလံထိုင်းမှိုင်းနေပြီး နာကျင်မှုအပေါ်ပိုပြီး ခံစားလွယ်လာပါတယ်။

    ခုကတော့ မိုးရာသီမှာ အဆစ်အမြစ်နာတတ်သူတို့ အတွက် သက်သာစေမယ့် နည်းလမ်းလေးတွေ ပြောပြပါမယ်။ အေးတာက အကြောင်းအရင်းတစ်ခုဖြစ်တာကြောင့် နွေးနွေးထွေးထွေးနေပါ။ ရေနွေးလေးစပ်ပြီး ရေချိုးလို့လည်းရပါတယ်။ နာတဲ့ အဆစ်လေးတွေကို ရေနွေးအိတ်ကပ်ပေးတာ ဆေးပူလေးလိမ်းပေးတာကလည်း ကြွက်သားကို ပြေလျော့စေပြီး နာကျင်မှုကို သက်သာစေပါတယ်။ ဂျင်းပြုတ်ရေနွေးနွေးလေး သောက်ပေးတာ၊ လိုအပ်ရင် အကိုက်အခဲပျောက်ဆေး အပျော့စား ပါရာစီတမော paracetamol လေး တစ်လုံးကို အစားစားပြီး သောက်ပေးပါ။  

    နာနေ တင်းနေပေမယ့် အငြိမ်နေလေ ပိုဆိုးလေပါ။ ဒါကြောင့် သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုကို အနည်းဆုံး ၁၅ မိနစ်- မိနစ် ၂၀ ခန့် လုပ်ပေးပါ။ မိုးအရမ်းများရင် မိမိအိမ်ထဲတင် ပတ်ပြီး လမ်းလျှောက်ပေးပါ။ လမ်းလျှောက်ရင်လည်း အပေါ်အလေးချိန်ကို ခြေဖဝါး၊ ခြေဖနောင့်၊ ခြေချင်းဝတ်လေးတွေက တောင့်ခံပေးရတာကြောင့် ဖနောင့်နဲ့ ခြေဖဝါးမနာရအောင် ဖိနပ်အထူလက်မဝက်ခန့် မချော်နိုင်သော ခုံအမျိုးအစားဖိနပ်ကို ရွေးချယ်စီးပါ။ အားကစားဖိနပ်စီးပြီး လျှောက်ရင်အကောင်းဆုံးပါ။  

    ရေဓါတ်ပြည့်ဝအောင် တစ်နေ့ ရေ ၃လီတာသောက်ပါ။ အရက်၊ ဘီယာ၊ ကလီစာ၊ ပင်လယ်စာနဲ့ အစို့အညှောက် (ဥပမာ - မျှစ်၊ပဲပင်ပေါက်) စတာတွေကို ဂေါက်၊ အဆစ်ရောင်ရောဂါသည်တွေ အထူးရှောင်ရပါမယ်။ အခုလို အစားအသောက် အပြုအမူလေးတွေ လိုက်နာဆောင်ရွက်ပြီး နာကျင်မှုတွေ ကင်းဝေးပါစေနော်။

    in General Health
    မိုးရာသီမှာ ဖျားနာလွယ်သူတို့အတွက် သဘာဝဆေးနည်းများ