Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

မပျော်ဘဲ ပျက်မယ့် Party Drugs

  • All Blogs
  • General Health
  • မပျော်ဘဲ ပျက်မယ့် Party Drugs
  • November 21, 2024 by
    Hsu Pyae Sone

    "မပျော်ဘဲ ပျက်မယ့် Party Drugs"


    အခုခေတ် ပါတီပွဲတွေမှာ ပျော်ကြမယ်ဆို လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ party drugs ဆိုတာကို အနည်းနဲ့အများတော့ ကြားဖူးကြမှာပါ။

    ဒီတိုင်းကြားလိုက်ရရင်တော့ နာမည်က ပျော်စရာကြီးလိုမျိုးပေးထားပေမယ့် အမှန်တကယ်မှာတော့ မူးယစ်ဆေးဝါးတွေပဲ ဖြစ်တာမလို့ အသိနဲ့ချင့်ချိန်ပြီး ရှောင်ကြဉ်နိုင်အောင် My-Medicine မှ မျှဝေပေးလိုက်ရပါတယ်…

    ယေဘုယျအားဖြင့်တော့ party drugs တွေကို အမျိုးအစား (3) မျိုး ခွဲခြားနိုင်ပါတယ်👇

    1️⃣ အာရုံကြောလုပ်ဆောင်မှုတွေ နှေးကွေးသွားပြီး လူကိုငြိမ်ကျသွားစေတဲ့ marijuana နဲ့ heroin တို့လို depressant drugs

    2️⃣ စိတ်ကြွစေတဲ့ cocaine နဲ့ ice တို့လို stimulant drugs

    3️⃣ ထင်ယောင်ထင်မှားဖြစ်စေတဲ့ LSD (acid) နဲ့ ecstasy တို့လို hallucinogen drugs

    သောက်လိုက်ရင် လူပျော်သွားတယ်၊ စိတ်ငြိမ်သွားတယ်ဆိုပြီး party drugs လို့ နာမည်ပေးထားကြပေမယ့် တကယ်တော့ သူ့ရဲ့ effect တွေကို တကယ်ခံစားရမှာမဟုတ်ပါဘူး🙅‍♀️

    ဘာလို့လဲဆိုတော့ ဒီဆေးတွေက လူကို တကယ်ပျော်တယ်၊ စိတ်ငြိမ်လာတယ်ထင်ရအောင် ခန္ဓာကိုယ်ကို လှည့်စားပြီး ဟော်မုန်းအတုတွေ ထုတ်ပေးတာမလို့ပါ။ ဒါကြောင့် တကယ်မပျော်ရတဲ့အပြင် ထင်ယောင်ထင်မှားတွေဖြစ်ပြီး ရေရှည်မှာ နှလုံးကျန်းမာရေး၊ စိတ်ကျန်းမာရေးတွေကိုပါ ထိခိုက်လာစေပါတယ်‼️

    ဒီဆေးဝါးတွေကို မှီဝဲမိမယ်ဆိုရင် Drug အမျိုးအစားပေါ်လိုက်ပြီး ဆိုးကျိုးအမျိုးမျိုးကို ခံစားရနိုင်ပေမယ့် ယေဘုယျအားဖြင့်တော့ - 

    ▪️ကိုယ်တွေပူလာတာ

    ▪️ကတုန်ယရင်ဖြစ်တာ

    ▪️အသက်ရှူကြပ်တာ

    ▪️စိတ်ရှုပ်ထွေးပြီး ရန်လိုတတ်တာ

    ▪️ခေါင်းကိုက်တာ စတာတွေကို ခံစားရနိုင်သလို 

    တကယ်လို့ ဆေးက ကိုယ်နဲ့မတည့်ဘူးဆိုရင် နှလုံးထိခိုက်တာ၊ လေဖြတ်တာနဲ့ ကိုမာဝင်တာ‌တွေ ဖြစ်တတ်ပြီး အသက်အန္တရာယ် စိုးရိမ်ရတတ်ပါတယ်‼️

    နောက်ပြီး ဒီဆေးဝါးတွေရဲ့  effect က ခဏပဲခံတာမလို့ effect ပြယ်သွားချိန်မှာဆိုရင်လည်း -

    ▪️ခေါင်းကိုက်တာ

    ▪️အိပ်မပျော်တာ

    ▪️ရင်တုန်တာ

    ▪️စိတ်တိုလွယ်တာ စတဲ့ လက္ခဏာတွေကို ထပ်မံခံစားရတတ်ပါသေးတယ်

    ရေရှည်မှာ မူးယစ်ဆေးစွဲသွားပြီဆိုရင် စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးတင်မကဘဲ နေ့စဉ်ဘဝမှာ လူမှုနေထိုင်မှုနဲ့ ပေါင်းသင်းဆက်ဆံရေးတွေကိုပါ အများကြီး ထိခိုက်နိုင်ပါသေးတယ်‼️

    ဒီလို အန္တရာယ်‌တွေကြောင့်ပဲ လူငယ်တွေအနေနဲ့ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲရမယ့် ပါတီပွဲတွေမှာ မပျော်ဘဲ ပျက်စေမယ့် party drugs တွေကို ရှောင်ရှားကြဖို့ My-Medicine မှ အသိပေးလိုက်ပါရစေ…

    ဆောင်းပါးလေးကိုအဆုံးထိဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။




    in General Health
    နားကြပ်အကြာကြီးတပ်ခြင်းနဲ့ နားကျန်းမာရေး