Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

နွေရာသီမှာ ဝမ်းပိုပျက်တတ်တာလား?

  • All Blogs
  • General Health
  • နွေရာသီမှာ ဝမ်းပိုပျက်တတ်တာလား?
  • May 12, 2025 by
    Hsu Pyae Sone

    စျေးထဲမှာ သရက်သီးမှည့်တွေ လှိုင်လှိုင်ပေါအောင် တွေ့ရတဲ့အခါ ပွင့်လင်းကာလနွေဦးရာသီကို ရောက်ရှိလာကြောင်း အလိုလိုသိရှိရပါတယ်။ဥဩငှက်ရဲ့တွန်သံနဲ့ လွမ်းမောဖွယ်ရာနွေကာလကိုကြိုဆိုနေသလို ဆေးရုံဆေးခန်းအသီးသီးမှာလည်း ဝမ်းပျက်ဝမ်းလျှောလူနာတွေ ပြုံလာကြပါပြီ။ဒါဟာနွေရာသီရောက်လို့ ဝမ်းပျက်တာလား၊ရောဂါပိုးအထူးအဆန်းတမျိုးကြောင့်လား။

    ရာသီဥတု ပူပြင်းလို့ ရေဓာတ်ဆုံးရှုံးပြီး ခန္ဓာကိုယ်ရဲ့ အစာခြေစနစ် အားနည်းသွားတာကလည်း အကြောင်းတစ်ခုဖြစ်ပါတယ်။ဒါဟာလည်း မိုးရာသီလိုပဲ နွေရာသီမှာလည်း ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ခြေ ပိုများပါတယ်။ဖြစ်ရတဲ့အကြောင်းအရင်းတွေကို ရှာဖွေကြည့်တဲ့အခါ နွေရာသီမှာ ပူပြင်းတဲ့အပူရှိပါတယ်။ဒီအပူရှိန် က ဘက်တီးရီးယား၊ဗိုင်းရပ်စ်နဲ့ မှိူအမျိုးမျိုးကို ပေါက်စေရုံသာမက ခြင်၊ယင်၊ကပ်ပါးကောင်နဲ့ ပိုးဟပ်တွေ သားဥလောင်းများ အကောင်ပေါက်တဲ့အချိန်လည်း ဖြစ်ပါတယ်။ဒါကြောင့်မို့ ဒီရာသီဥတုမှာ အစားအသောက်တွေကို သေချာမှန်ကန်စွာ မသိမ်းဆည်းပါက စားမိတဲ့သူမှာ ဝမ်းပျက် ဝမ်းလျှော ဖြစ်လွယ်ပါတယ်။

    နွေရာသီမှာ လမ်းဘေးအစားအစာများမှာ ပိုးပေါက်ပွါးမှူပိူများတတ်ပါတယ်။အထူးသဖြင့် အမှိုက်သေချာမစွန့်ပစ်ခြင်း၊လက်သေချာမဆေးခြင်း၊အစားအသောက်ပြင်ဆင်တဲ့နေရာမှာ ယင်တလောင်းလောင်း အုံနေခြင်း၊မီးပုံမှန်မရတဲ့အတွက် ရေခဲသေတ္တာထဲမှ အစားများ ပိုးပေါက်လွယ်ခြင်းတို့ကြောင့် ဝမ်းနူးလွယ်ပြီးဝမ်းပျက်ဝမ်းလျှောပိုဖြစ်စေနိုင်ပါတယ်။ဒါ့အပြင် နွေဦးကာလအလှူအတန်းလုပ်ကြရာမှာလည်းသန့်စင်တဲ့ရေ မရရှိခြင်းကြောင့် အစားအသောက်တွေကသာမက ရေကပါ အစာအဆိပ်သင့်ခြင်းနဲ့ ဝမ်းရောဂါပိုး (ဥပမာ - ကာလဝမ်းရောဂါ) ကူးစက်နိုင်ပါတယ်။

    ဒါကြောင့်မို့ နွေနေပူမှာ ပူအိုက်ရတဲ့အပြင် အိမ်သာနဲ့အခါခါမိတ်ဆက်ပြီး ချွေးထုတ်ခန်းထဲရောက်နေသလို မဖြစ်ရလေအောင် အစားအစာတွေကို သေချာကျက်အောင် ချက်ပြီး ပူပူနွေးနွေးစားပါ။လတ်ဆတ်သန့်ရှင်းတဲ့အစားအစာကို ရွေးချယ်ပါ။လမ်းဘေးစာ ရှောင်ပါ။သန့်စင်တဲ့ရေ (သို့) ကျိုချက်ထားတဲ့ရေကိုသာ သောက်ပါ။အစာမစားမီ၊ အိမ်သာတက်ပြီးတိုင်း ဆပ်ပြာနဲ့ စင်အောင်ဆေးပါ။တကယ်လို့ ဝမ်းလျှောတာ ၄၈ နာရီကျော်နေတာမျိုး၊ဆန်ဆေးရည်လိုသွားနေတာမျိုး၊ဝမ်းထဲ အချွဲနဲ့သွေးတွေပါတာမျိုးရှိနေရင်တော့ နီးစပ်ရာဆေးခန်း၊ဆရာဝန်နဲ့ပြသပြီး အမြန်ကုသမှူခံယူဖို့ လိုအပ်ပါတယ်။နွေနေပူမှာ ကျန်းမာရေးနဲ့ညီအောင် ဂရုတစိုက်နေထိုင်စားသောက်ကြပြီး ပျော်ရွှင်စရာသရက်သီးမှည့်ရာသီကို ဖြတ်သန်းနိုင်ကြပါစေ။


    in General Health
    ဆေးတွေမှာပါဝင်ပစ္စည်းအလားတူဆိုရင် အကျိုးသက်ရောက်မှုတူတူပဲလား