Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

ခဏခဏ သတိမေ့တတ်နေတာ ပုံမှန်လား

  • All Blogs
  • General Health
  • ခဏခဏ သတိမေ့တတ်နေတာ ပုံမှန်လား
  • September 5, 2024 by
    Hsu Pyae Sone

    ခဏခဏ သတိမေ့တတ်နေတာ ပုံမှန်လား


    ဆယ်ကျော်သက်အရွယ်တွေမှာတောင် သတိမေ့တတ်တာမျိုး ဖြစ်တတ်တဲ့အတွက် အသက်အရွယ်ကြီးလာလေလေ မေ့တဲ့အရေအတွက် များလာလေလေ ဖြစ်တာ သဘာဝပါပဲ။ဒါဆိုရင် ခဏခဏသတိမေ့တတ်တာ ပုံမှန်ပဲလား။

    အိပ်ရေးပျက်တဲ့အချိန်၊စိတ်ဖိစီးမှုများတဲ့အချိန်၊နာမကျန်းတဲ့အချိန် နဲ့ အလုပ်တွေ အရမ်းရှုပ်တဲ့အချိန်မှာ ကျွန်မတို့က သတိမေ့ခြင်းကို ခဏခဏ ဖြစ်လေ့ရှိပါတယ်။အသက်ကြီးလာတဲ့အခါမှာလည်း ဦးနှောက်က ပုံမှန်ထက် ကျုံ့သွားတဲ့အတွက် ကျွန်မသာ မက စာဖတ်သူတွေပါ ခုလက်ရှိကာလထက် ပိုပြီးတော့ သတိမေ့လွယ်ကြဦးမှာပါ။ငါ့သော့ကို ဘယ်နားထားမိလဲ က နေ စပြီး စကားလုံးအသစ်၊လေ့လာမှုအသစ်တွေကို မသင်ယူနိုင်တော့တဲ့အထိ သတိမေ့တာဟာ ဆိုးဝါးစေနိုင်ပါတယ်။

    ဒါပေမယ့် စိုးရိမ်စရာတခုကတော့ ရိုးရိုးသတိမေ့တာလား၊အသက်ကြီးတဲ့သူတွေမှာ ဖြစ်တတ်တဲ့ အယ်လ်ဇိုင်းမားရောဂါလားဆိုတာ ခွဲခြားနိုင်ဖို့ လိုအပ်ပါတယ်။အယ်လ်ဇိုင်းမားရောဂါဆိုတာ မေ့လျော့တတ်တဲ့ရောဂါ တခုဖြစ်ပါတယ်။အသက်ကြီးလာတာနဲ့အမျှ တဖြည်းဖြည်းချင်းပိုဆိုးလာတတ်ပြီး အစပိုင်းမှာ စကားလုံးတွေမမှတ်မိတာ၊လူတွေနာမည်ကို မမှတ်မိတာက စတင်ကာ နောက်ပိုင်းမှာတော့ နေ့စဉ်လှုပ်ရှားနေကျဖြစ်တဲ့ အဝတ်လဲတာ၊ဘီးဖီးတာကိုပါ ပြုလုပ်ဖို့အထိ ခက်ခဲသွားတာကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။အရှင်းပျောက်အောင် ကုသနိုင်တဲ့ဆေးမရှိပေမယ့် ပိုမဆိုးလာအောင် သောက်ဆေးနဲ့ ထိန်းလို့ရပါတယ်။

    ရောဂါလက္ခဏာစမပြခင် ၁၀-၁၅ နှစ်ဝန်းကျင်ကတော့ ပုံမှန်လူတွေအတိုင်းပဲ သွားလာလှုပ်ရှားလို့ ရနေဦးမှာပါ။ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ နိစ္စဓူဝ ကိစ္စတွေဖြစ်တဲ့ ပစ္စည်းအထားမှာတာနဲ့ လမ်းမမှတ်မိတာ ကို စသတိထားမိမှာဖြစ်ပါတယ်။ဒါပေမယ့် ဒီလိုဖြစ်တာတွေက ခဏပဲ ဖြစ်ပြီး ကနဦးအဆင့်မှာ ပြန်ကောင်းသွားတတ်ပါတယ်။ပိုဆိုးလာရင်တော့ ဖတ်ထားတဲ့စာတွေကို မမှတ်မိတာ၊လူနာမည်တွေကိုမေ့တာ နဲ့ ပွဲသွားဖို့ ရက်တွေကို မေ့တာအထိဖြစ်ပြီး တဖြည်းဖြည်း မှတ်ဉာဏ်မေ့တာထက်ပိုတဲ့ ဝေဒနာတွေကို စခံစားရလေ့ရှိပါတယ်။

    ဘာနေ့မှန်းမသိတာ၊နေ့နဲ့ညလွဲပြီး အိပ်စက်တာနဲ့ ရာသီဥတုနဲ့ မသင့်လျော်တဲ့ အဝတ်အစားတွေ ဝတ်တာနဲ့ ညညဆို ငုတ်တုတ်ထထိုင်နေတာတို့ ဖြစ်ပါတယ်။ဒီအဆင့်မှာ အတူနေမိသားစုတွေ စသတိထားမိပြီး ဝမ်းနည်းပြီပေါ့လေ။ဦးနှောက်ထဲက မှတ်ဉာဏ်ဆဲလ်လေးတွေ တဖြည်းဖြည်းပျက်စီးလာတာနဲ့အမျှ အချစ်ရဆုံးလူတွေရဲ့ အပြုအမူတွေ သံသယဖြစ်လာတာမျိုး၊နာမည်တွေ မေ့ကုန်တာမျိုး၊ရုပ်တွေ မမှတ်မိတော့တာမျိုး နဲ့ ကိုယ့်ဘဝကိုယ် အားငယ်ပြီး စိတ်ဓာတ်ကျနေတာမျိုးပါ ဖြစ်နေတတ်ပါတယ်။

    ဒီလိုနဲ့ နောက်ဆုံးအဆင့်မှာတော့ မှတ်ဉာဏ်ပိုင်းဆိုင်ရာသာမက ခန္ဓာကိုယ်ပိုင်းဆိုင်ရာလည်း အားနည်းနေပြီး အိပ်ရာပေါ်နာတာရှည်လဲနေတာမျိုး၊အိပ်ရာပူနာပေါက်တာ၊အဆုတ်ရောင်ရောဂါဖြစ်တာ၊သီးတာနဲ့ ဆီးဝမ်းမထိန်းနိုင်တာမျိုးအထိပါ ဖြစ်နိုင်ပါတယ်။ဒါကြောင့်မို့ ငယ်ရွယ််သူတွေ သတိခဏခဏမေ့ရင်တော့ ကိစ္စမရှိပေမယ့် လူကြီးတွေ သတိမေ့တဲ့အခါ ရောဂါလား၊ပုံမှန်လားဆိုတာကို သတိပြုခွဲခြားပေးဖို့ လိုအပ်ပါတယ်။

    ဆောင်းပါးလေးကိုအဆုံးထိအချိန်ပေးဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။


    in General Health
    ကော်ဖီသရဲလေးတွေ သိထားဖို့