Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

ဘဝမှာ တခါလောက်တော့ စွံဖူးပြီလား

  • All Blogs
  • Eye Care
  • ဘဝမှာ တခါလောက်တော့ စွံဖူးပြီလား
  • September 6, 2024 by
    Hsu Pyae Sone

    ဘဝမှာ တခါလောက်တော့ စွံဖူးပြီလား 


    ခုတလော ရာသီတုပ်ကွေးကြောင့် မျက်စိနာတာ၊မျက်ကြည်လွှာရောင်တာတွေ အဖြစ်များတာ တွေ့လာရပါတယ်။ ဒီမျက်စိနာခြင်းမျိုးက အလုံးမဖြစ်ဘဲ မျက်လုံးထဲက မျက်သားတွေ နီရဲရောင်ရမ်းနေတာမျိုးဖြစ်ပြီး အခုပြောပြမယ့် မျက်စိစွံတာကတော့ မျက်ခွံအပေါ်မှာ အလုံးလေးဖြစ်နေတဲ့ chalazion or stye ကို ဆိုလိုခြင်းဖြစ်ပါတယ်။

    Chalazion ဆိုတာ မျက်ခွံပေါ်မှာရှိတဲ့ အဆီgland တွေပိတ်ခြင်းကြောင့် ဖြစ်နိုင်ပြီး အလုံးလေးက နာကျင်မှုမရှိပါဘူး။ Stye ကတော့ ပိုးဝင်ခြင်းကြောင့် ဖြစ်တတ်ပြီး မျက်တောင်မွှေးအိတ်တွေ ရောင်တာမျိုး၊မျက်ခွံမှာရှိတဲ့ ချွေး gland တွေ ရောင်တာမျိုးအထိ ဖြစ်တဲ့အပြင် မျက်လုံးထဲကမျက်သားတွေကလည်း နီရဲနာကျင်နေတတ်ပါတယ်။

    ဘယ်အချိန်မှာ မျက်စိ စွံတတ်ပါသလဲ

    -မျက်လုံးနဲ့မျက်တောင် တဝိုက် သန့်ရှင်းရေး အားနည်းခြင်း၊

    -မျက်နှာမသစ်ခြင်း၊

    -မျက်တောင်ကော့ဆေး၊အိုင်းလိုင်နာများကို သေချာမဖျက်ခြင်း၊

    -မျက်နှာပေါ်ရှိဖုန်၊ အမှုန်၊သနပ်ခါး၊မိတ်ကပ်များကို သေချာသန့်ရှင်းရေးမလုပ်ခြင်း၊

    -ညစ်ပတ်သောလက်နဲ့ မျက်လုံးပွတ်ခြင်း၊

    -ခေါင်းအုံး/မျက်နှာသုတ်ပုဝါ မသန့်ရှင်းတို့ကြောင့်လည်း ဖြစ်တတ်ပါတယ်။


     မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ

    မျက်ခွံတစ်ဝိုက်တွင် ဖုန်၊အမှုန်နဲ့ အညစ်အကြေးများ မရှိစေရန် ညအိပ်ယာဝင်ခါနီးတိုင်း မျက်နှာပုံမှန်သစ်ပေးရန် လိုအပ်ပါတယ်။မျက်နှာပုံမှန်သစ်တာအပြင် နောက်တချက်အနေနဲ့ မျက်ခွံနဲ့ မျက်တောင်မွှေး ကို ပါ သီးသန့် သန့်ရှင်းရေးလုပ်ပေးရပါမယ်။နားကြပ်တံထိပ်က ဂွမ်းလုံးလေးကို ရေကြက်သီးနွေးနဲ့ ဆွတ်ပြီး မျက်ခွံနဲ့ မျက်တောင်မွှေးပေါ် သန့်ရှင်းပေးရပါမယ်။မျက်နှာနဲ့ ထိစပ်နေမယ့် အိပ်ရာခင်း၊ခေါင်းအုံးသွက်၊မျက်နှာသုတ်ပုဝါတွေကို သေချာလျှော်ဖွတ်ပေးရပါမယ်။


    ဘာတွေရှောင်သင့်သလဲ

    မျက်လုံးကို လက်နဲ့ခဏခဏပွတ်ခြင်း၊စွံနေသောမျက်စိနဲ့ မျက်ခွံပေါ်ရှိအလုံးကို ကွမ်းရိုး၊ငပိရိုးတို့ဖြင့် ထိုးခြင်းကို လုံးဝတားမြစ်ထားပါတယ်။မိမိမျက်နှာသုတ်ပုဝါကို တခြားသူနဲ့မျှဝေသုံးစွဲခြင်းလည်း မပြုလုပ်သင့်ပါဘူး။

    တကယ်လို့ မျက်စိနာတယ်၊မျက်စိစွံတယ်၊မျက်ခွံပေါ်မှာ အလုံးလေးဖြစ်တယ်ဆိုရင်တော့ မျက်စိဆေးခန်းကိုသွားရောက်ပြီး မျက်စိဆရာဝန်နဲ့သေချာတိုင်ပင်ဆွေးနွေးပြီး ကုသရမယ်နော်။

    ပြီးတော့ ဆေးဝါးများဝယ်ယူရန်ဖြစ်​စေ၊မျက်စိအထူးကုဆရာဝန်​ကြီးများနဲ့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုလျှင်ဖြစ်​စေ  https://mymedicine.com.mm/r/eyesကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။





    in Eye Care
    ဖုန်း Screen များကြောင့် မျက်စိနာခြင်း