Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

အချိုတွေစားတိုင်းဆီးချိုဖြစ်နိုင်လား

  • All Blogs
  • Diabetes
  • အချိုတွေစားတိုင်းဆီးချိုဖြစ်နိုင်လား
  • February 26, 2025 by
    Hsu Pyae Sone

    “ကျန်းမာခြင်းသည် လာဘ်ကြီးတပါး” ဟု ယူဆကြတဲ့အတိုင်း ယနေ့ခေတ်မှာ ကျွန်မတို့ရဲ့ စိတ်ကျန်းမာရေးနဲ့ ခန္ဓာကိုယ် ကျန်းမာရေးကိုအလေးပေးဂရုတစိုက်နေထိုင်ဖို့ ကြိုးစားလာကြပါတယ်။ဒါကြောင့်မို့လို့ ရောဂါဖြစ်စေမယ့် အမူအကျင့်တွေကို ရှောင်ရှားရင်း အဆီတွေ၊အငန်တွေကိုပါ လျှော့ချပြီးစားသောက်လာကြပါတယ်။

    ဒါဆိုရင် အချိုတွေ ရှောင်လိုက်တာနဲ့ ဆီးချိုမဖြစ်တော့ဘူးလား။အချိူတွေစားတိုင်းရော ဆီးချိုဖြစ်မှာလားပေါ့။ဆီးချိုရောဂါကိုလေ့လာကြည့်ရင် အမျိုးအစား(၁)ဆီးချိုနဲ့ အမျိုးအစား(၂)ဆီးချိုဆိုပြီး နှစ်မျိုးရှိတဲ့အနက် အမျိုးအစား(၁)ဆီးချို ဖြစ်ရခြင်း က သေချာမရှင်းလင်းပါဘူး။အဓိကအားဖြင့် ပန်ကရိယဆဲလ်များပျက်စီးခြင်းကြောင့်ဖြစ်တယ်လို့တွေ့ရှိရပါတယ်။အမျိုးအစား(၂) ဆီးချိုကတော့ မျိုးရိုးဗီဇ၊နေထိုင်မှုပုံစံ၊စိတ်ဖိစီးမှုများခြင်း၊ဟော်မုန်း၊သောက်ဆေးတွေနဲ့ အဝလွန်မှုကြောင့်ဖြစ်လေ့ရှိပါတယ်။

    ဒါကြောင့်မို့ လေ့လာတွေ့ရှိချက်များအရအချိုစားသုံးခြင်းနဲ့ဆီးချိုရောဂါဖြစ်နိုင်ခြေတို့ကြား ဆက်နွယ်မှုရှိပါတယ်။အထူးသဖြင့် အချိုဓာတ်များတဲ့ အစားအစာတွေ၊အအေးတွေကို မကြာခဏစားသုံးတတ်တဲ့သူတွေမှာ သွေးတွင်းသကြားဓာတ်များလာပြီး အင်ဆူလင်ကို ထိခိုက်စေနိုင်ပါတယ်။အဲဒီအခါမှာ သကြားဓာတ်ကို ပုံမှန်အခြေအနေရောက်တဲ့အထိ ထိန်းညှိနိုင်ဖို့ အင်ဆူလင်ကို လုံလောက်အောင် မထုတ်ပေးနိုင်တဲ့အခါ ဆီးချိုရောဂါဖြစ်နိုင်ခြေမြင့်တက်လာရပါတော့တယိ။

    ဒါပေမယ့် ဆီးချိုရောဂါဖြစ်ရခြင်း က  အချိုစားသုံးခြင်းတစ်ခုတည်းကြောင့်မဟုတ်ဘဲ အခြားအကြောင်းရင်းများလည်း ပါဝင်နိုင်ပါတယ်။ဒါကြောင့်မို့ ဆီးချိုရောဂါကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် အချိုဓာတ်လျှော့စားပါ။ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများစားပါ။ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ပါ။အချိုစားသုံးခြင်း ကဆီးချိုရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပေမယ့်လည်း ကျန်းမာရေးနှင့်ညီညွတ်တဲ့ နေထိုင်မှုပုံစံဖြင့် ကျွန်မတို့တွေ ကြိုတင် ကာကွယ်လို့ရပါတယ်။

    in Diabetes
    အဝလွန်ခြင်းနှင့်ဆီးချိုအန္တရာယ်