Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

မိုးတွင်း နဲ့ မှိုရောဂါ

  • All Blogs
  • Dermatology
  • မိုးတွင်း နဲ့ မှိုရောဂါ
  • June 12, 2025 by
    Hsu Pyae Sone

    ယခုလို ပူနွေး စိုထိုင်းတဲ့ မိုးရာသီမှာ ရာသီပေါ်အစားအစာတွေထဲက မှိုလေးတွေလည်း ပေါပေါများများ ဈေးထဲမှာ တွေ့ရသလို လူ့ခန္ဓာကိုယ်မှာလည်း အရေပြားမှိုစွဲတဲ့ မှိုရောဂါတွေ ပိုအဖြစ်များလာပါတယ်။ fungal infection လို့ခေါ်တဲ့ မှိုရောဂါဟာ ကိုယ်ခန္ဓာအနှံ့မှာ ဖြစ်နိုင်ပါတယ်။ အဖြစ်များတဲ့ နေရာတွေကတော့ ပေါင်ကြား ချိုင်းကြား ရင်သားအောက်နေရာ လက်ချောင်း ခြေချောင်းကြားတွေပဲ ဖြစ်ပါတယ်။ ကိုယ်ခံအားမကောင်းတဲ့သူတွေ ( ဥပမာ ဆီးချိုးသွေးချိုရောဂါရှိသူ၊ steroid အယောင်ကျဆေးပါတဲ့ စပ်ဆေးတွေ သောက်နေသူ ) တကိုယ်ရည်သန့်ရှင်းမှု အားနည်းသူတွေ၊ အရေပြားရောဂါ အခံရှိတဲ့ သူတွေမှာ အဖြစ်လွယ်ပါတယ်။

    ရာသီစိုထိုင်းတာကြောင့် အဝတ်အစားတွေ ခြောက်ဖို့ ကြန့်ကြာတာကလည်း အဝတ်အစားတွေကို မှိုစွဲစေပြီး အဲ့ဒီကတစ်ဆင့်  လူမှာလည်း ပွေးကွက်တွေ ဝဲရောဂါ စတာတွေ ဖြစ်နိုင်ပါတယ်။ သိသာတဲ့ လက္ခဏာတွေကတော့ အရေပြားရဲလာတာ ယားယံတာ နဲ့ အရေပြားပေါ်မှာ အဖက်လေးတွေ လန်လာတတ်ပါတယ်။ စိုစွတ်တဲ့ နေရာတွေ ရေခဏခဏ တက်တတ်တဲ့နေရာတွေ လျှောက်ရသွားရများတာကလည်း ခြေကြားဝဲ ဖြစ်စေတတ်ပါတယ်။ ခြေကြားဝဲကတော့ ခြေချောင်းကြား အရေပြား ကွဲအက်တာ၊ အရေလန်လာတာ၊ ယားယံတာတွေကို  ခံစားရပါမယ်။ ခြေသည်း လက်သည်းတွေ မှိုစွဲရင်လည်း အရောင်ပြောင်းတာ ကျွတ်ဆက်ကျိုးလွယ်တာ ဖြစ်စေပါတယ်။

    ကလေးတွေမှာတော့ ဦးရေပြားမှာပါ အနီကွက်တွေဖြစ်တာ၊ ယားတာ၊ အရေပြားတွေ အဖက်လန်ပြီး ဆံပင်တွေပါ ကွက်ပြီး ကျွတ်လာတဲ့ ဒက်ရောဂါလည်း ဖြစ်တတ်ပါသေးတယ်။ ညှင်းလို့ခေါ်တဲ့ အဖြူအစက်အကွက် အစုလေးတွေလည်း ဖြစ်တတ်ပါတယ်။ အမျိုးသမီးများမှာလည်း  မိန်းမကိုယ်ယားယံတာ၊ အဖြူဆင်းတာ၊  အနံ့နံတဲ့ အရေဆင်းတာ စတာတွေ ခံစားရတတ်ပါတယ်။

    မှိုရောဂါ မဖြစ်ရအောင် စိုထိုင်းစများတဲ့ နေရာတွေ ဖြစ်တဲ့ ပေါင်ကြား၊ ချိုင်းကြား၊ ခြေကြား၊ လက်ကြား စတဲ့နေရာတွေကို ခြောက်သွေ့အောင် ထားပါ။ အဝတ်အစားတွေကို ပေါ့ပါးချောင်ချိစွာ ဝတ်ဆင်ပါ။ အတွင်းခံအဝတ်အစားတွေကို နေသေချာပြပြီး စိုထိုင်းမှုလျော့အောင် မီးပူသေချာတိုက်ပြီးမှ ဝတ်ဆင်ပါ။ ရေစိုဝတ်/ရေစိုဖိနပ်များကို တက်နိုင်သမျှ မြန်မြန်လဲပါ။ မျက်နှာသုတ်ပဝါ၊ ခြေအိတ်၊ အတွင်းခံဘောင်းဘီ နှင့် အခြားသော တကိုယ်ရည်သုံး ပစ္စည်းများကို အခြားသူတွေနဲ့ လဲလှယ်မသုံးသင့်ပါဘူး။ တကိုယ်ရည် သန့်ရှင်းမှုကို အထူးဂရုစိုက်ပါ။ ပုံမှန်ရေချိုးပါ။ ဖုန်၊သဲ၊ မသန့်ရှင်းတဲ့ ရေနဲ့ ထိတွေ့ထားတဲ့ ခြေလက်များကို သန့်ရှင်းအောင် သေချာဆပ်ပြာနဲ့ ဆေးကြောပြီး ခြောက်သွေ့အောင်ထားပါ။ ကဲ..ဒါဆို ခုလိုဆောင်ရန်ရှောင်ရန်လေးတွေ သေချာလိုက်နာပြီး မိုးရာသီလေးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်ကျော်ကြရအောင်နော်။

     


    in Dermatology
    Aircon အခန်းထဲ အနေများသူတို့နှင့် အရေပြားပြဿနာများ