Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

အနမ်းတပွင့်ကနေ HIV ကူးစက်နိုင်လား?

  • All Blogs
  • Communicable Diseases
  • အနမ်းတပွင့်ကနေ HIV ကူးစက်နိုင်လား?
  • October 30, 2024 by
    Hsu Pyae Sone
    အနမ်းတပွင့်ကနေ HIV ကူးစက်နိုင်လား?


    အရှေ့တိုင်းမှာပဲဖြစ်ဖြစ် အနောက်နိုင်ငံတွေမှာပဲဖြစ်ဖြစ် ချစ်သူခင်သူအချင်းချင်း နမ်းရှုံ့ကြတာဟာ သဘာဝပဲဖြစ်ပါတယ်။ပါး ကို နမ်းတာ၊လက်လေးကို နမ်းတာ၊နဖူးကို နမ်းတာ နှင့် နှုတ်ခမ်းကို နမ်းတာ အစရှိသဖြင့် နေရာအမျိုးမျိုးကို အလေးထားအဓိပ္ပါယ်ဖွင့်ဆိုမှု့ အမျိုးမျို နှင့် နမ်းတတ်ကြပါတယ်။ ဒီအခါမှာတော့ ယနေ့ခေတ်ရဲ့ ကြောက်စရာကောင်းတဲ့ရောဂါတွေထဲက တခုဖြစ်တဲ့ HIV ပိုးကရော နမ်းရာကနေ ကူးနိုင်လားလို့ သိချင်လာကြပါတယ်။

    HIV/AIDS လို့ ခေါ်တဲ့ ခုခံအားကျဆင်းမှုကူးစက်ရောဂါဟာ စောစောမသိရင် အသက်ဆုံးရှုံးရတဲ့အထိ အန္တရာယ်ရှိတဲ့ရောဂါပဲဖြစ်ပါတယ်။သွေးနှင့် လိင်ဆက်ဆံရာကနေတဆင့် ကူးစက်နိုင်တဲ့ရောဂါဖြစ်ပြီး အထူးသဖြင့် ရောဂါပိုးရှိတဲ့သွေးသွင်းခြင်း၊ဆေးထိုးအပ်အတူတူသုံးစွဲခြင်း၊မုတ်ဆိတ်ရိတ်ဓားအတူတူသုံးခြင်း နှင့် လိင်ဆက်ဆံနည်း ပုံစံအမျိုးမျိုးကနေ ကူးစက်နိုင်ပါတယ်။

    ဒါဆိုရင် “HIV ရောဂါပိုးရှိသူနှင့် ထမင်းတူတူစားရင် ကူးနိုင်သလား” ဆိုတော့ မကူးနိုင်ပါဘူး။လက်ကိုင်မိရင် လည်း မကူးပါဘူး။နမ်းရှုံ့မိရင်လည်း မကူးပါဘူး။ဒါပေမယ့် နှုတ်ခမ်းချင်းနမ်းတဲ့နေရာမှာအရေပြားကပေါက်ပြဲနေမယ်၊သွေးထွက်နေတာမျိုးရှိမယ်ဆိုရင်တော့ ကူးဖို့ရာခိုင်နှုန်း အနည်းငယ်ရှိပါတယ်။ရိုးရိုးတန်းတန်းနမ်းတာတွေကတော့ ကူးစက်နိုင်တဲ့ Chance လုံးဝမရှိပါဘူး။

    နမ်းရာကနေ ကူးစက်နိုင်တဲ့ရောဂါကတော့ Infectious mononucleosis လို့  ခေါ်တဲ့အကျိတ်တွေကြီးတဲ့ ရေယုန်အနွယ်ဝင်ရောဂါတခုဖြစ်ပါတယ်။သွားရည်ကတဆင့် ကူးစက်တာဖြစ်တဲ့အတွက် တဖက်သားမှာရောဂါရှိနေရင်ကိုယ့်ဆီမှာပါ ကူးစက်နိုင်တဲ့အထိ ဖြစ်တတ်ပါတယ်။ဒါပေမယ့် HIV ရောဂါကတော့ နမ်းရာကနေ မကူးစက်နိုင်တဲ့အတွက် စိတ်ချလက်ချနမ်းလို့ရပါတယ်ရှင်။

    ဆောင်းပါးလေးကိုအဆုံးထိဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်ရှင်။



    in Communicable Diseases
    HIV ဆိုတာနဲ့ ကြောက်ဖို့ကောင်းတယ်လို့တွေးထားကြတုန်းလား