Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

ဆိုင်မှာခြေသည်းလက်သည်းလုပ်ရင်း HIVပိုး ကူးစက်နိုင်လား

  • All Blogs
  • Communicable Diseases
  • ဆိုင်မှာခြေသည်းလက်သည်းလုပ်ရင်း HIVပိုး ကူးစက်နိုင်လား
  • February 19, 2025 by
    Hsu Pyae Sone

    လူတယောက်ဟာ မျက်နှာလေးတခုပဲကွက်ပြီး လှနေလို့မရပါဘူး။ “မျက်နှာမှာ သနပ်ခါး၊ပေါင်မှာ သေးစီးကြောင်း” မဖြစ်ရလေအောင် တကိုယ်ရည်သန့်ရှင်းရေးအနေနဲ့ အနံ့အသက်ကင်းစင်ပြီး ဆံသားကစ ခြေဖျားအထိ သပ်ရပ်နေဖို့လိုအပ်ပါတယ်။ဒါပေမယ့် လှသထက်လှအောင် ဆိုင်တွေမှာ လက်သည်းခြေသည်းအလှပြုပြင်ရာမှာ တဆင့် တခြားရောဂါပိုးတွေ ကူးစက်နိုင်မလားဆိုတာ စတင်စိုးရိမ်လာကြပါတယ်။

    လက်သည်းခြေသည်းအလှဖန်တီးတဲ့ဆိုင်မှာ ဒေသပေါင်းစုံမှ လူမျိုးပေါင်းစုံ လာတဲ့အတွက် ဘာရောဂါတွေရှိနေမှန်းလည်းမသိရပါဘူး။လက်သည်း၊ခြေသည်းလုပ်တဲ့နေရာမှာ ဂျီးချွတ်၊ဖယောင်းသွင်း၊ပုံဖော်ဖန်တီးပြီးညှပ်ရာကနေ တဆင့် လက်/ခြေပန်းကုံးဖဲ့ပြီး လှပအောင် ပြုပြင်ရတဲ့ကိစ္စများလည်း ပါဝင်ပါတယ်။တခါတလေ အခန့်မသင့်တဲ့အခါ အသားပဲ့ခြင်း၊သွေးထွက်ခြင်းများအထိပါ ဖြစ်နိုင်ပါတယ်။အဲဒီအခါမှာ HIV ပိုးကူးစက်နိုင်ချေရှိမလားဆိုပြီး စတင်စိတ်ပူလာကြပါတယ်။

    ခြေသည်းလက်သည်းပြုပြင်ရာမှာ HIV ပိုးကူးစက်န်ုင်ပေမယ့် အချို့အခြေအနေတွေမှာပဲဖြစ်နိုင်ပါတယ်။အလှပြုပြင်ဖန်တီးတဲ့သူတွေက ဆိုင်ကိုလာတဲ့ဧည့်သည် တစ်ယောက်ပြီး တစ်ယောက်ပြောင်းမသွားပေမယ့် ထပ်တူညီတဲ့ ခြေလက်သန့်ရှင်းရေးကိရိယာကိုပဲ တူတူသုံးမိတဲ့အခါ ကူးနိုင်တဲ့အခြေအနေတွေက များသထက် ပိုများလာပါတယ်။

    1. ရှေ့မှာ ခြေသည်းလက်သည်းပြုပြင်ဖန်တီးထားမိတဲ့ ဧည့်သည်ရဲ့ သွေးထဲမှာ HIV ပိုးရှိနေတာကို မသိဘဲ အသားကို ညှပ်မိလိုက်လို့ သွေးထွက်သွားတဲ့အခါ အဲဒီပစ္စည်းနဲ့ပဲ နောက်တစ်ယောက်ကို တိုက်ရိုက်သုံးမိရင် ပိုးကူးစက်နိုင်ချေရှိပါတယ်။ 

    2. အကယ်၍ ဆိုင်မှာ အလှပြုပြင်မှုအတွက် အသုံးပြုတဲ့ ပစ္စည်းတွေ(scrub ဘူး၊lotion ဘူး၊ခြေသည်းနီ၊gel နဲ့ အခြောက်ခံစက်) ကို သန့်ရှင်းစွာ မသန့်စင်ဘဲ ပြန်လည်အသုံးပြုခဲ့ရင် သွေးမှ တဆင့်ပိုးကူးစက်နိုင်ပါတယ်။ 

    3.ဆိုင်ကဝန်ထမ်းတွေမှာ ဒဏ်ရာအနာတရရှိနေရင် ဂျီးချွတ်ပေးရင်းနဲ့ ဧည့်သည်ဆီကရောဂါပိုး ကူးစက်နိုင်ပါတယ်။

    ဆိုင်မှာရှိတဲ့ဝန်ထမ်းတွေကလည်းလက်သည်းခြေသည်းအလှပြုပြင်ရင်း ဧည့်သည်ဆီမှာ ဒဏ်ရာရပြီး သွေးထွက်သွားတဲ့အခါ ပစ္စည်းတွေကို သတိထားပြီး ပိုးသတ်ဖို့ကို သတိထားဖို့ လိုအပ်ပါတယ်။တချို့ရောဂါပိုးတွေ က ရေနွေးဆူဆူထဲ ထည့်ပြုတ်ရုံနဲ့ မလုံလောက်ပါဘူး။အထူးပြုလုပ်ထားတဲ့ ရောင်ခြည်ပါတဲ့ စက်နဲ့ ပိုးသတ်မှ အဆင်ပြေမှာ ဖြစ်ပါတယ်။

    သွေးနဲ့ ထိတွေ့ထားတဲ့ပစ္စည်းတွေကို တစ်ယောက်နဲ့ တစ်ယောက် ပြန်လည်အသုံးမပြုစေဖို့ သတိထားပေးစေချင်ပါတယ်။မိမိဆိုင်မှ တဆင့် HIV ကူးစက်မှုကို ကာကွယ်ဖို့၊ဧည့်သည်အချင်းချင်း ရောဂါကူးစက်မှု မဖြစ်စေဖို့၊ဝန်ထမ်းတွေဆီကိုလည်း ရောဂါမကူးစေဖို့ အရည်အသွေးမြင့် ပစ္စည်းနဲ့ စက်တွေ ကို အရည်အသွေးပြည့်မှီစွာ သေချာအသုံးပြုဖို့ လိုအပ်ပါတယ်။အလှပြုပြင်ရေးဆိုင်တွေဖက်ကလည်း သွေးကတဆင့် HIV မှ မဟုတ်ဘဲ တခြားရောဂါအများကြီး ကူးစက်နိုင်သေးတာမို့ လှပဖို့အပြင် ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့လည်း ကိုက်ညီအောင် ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။

    အကောင်းဆုံးကတော့ ဆိုင်တွေသွားတဲ့အခါ ကိုယ်ပိုင်ခြေသည်း၊လက်သည်းပြုပြင်တဲ့ ကိရိယာကို ယူသွားပြီးမှ အသုံးပြုခိုင်းတာ အကောင်းဆုံးပါပဲ။တကယ်လို့ ကိုယ်ပိုင်ပစ္စည်းမရှိရင်တော့ ကိုယ်သွားမယ့်ဆိုင်မှာ လက်သည်းခြေသည်းညှပ် က အစပြုလို့ စက်တွေနဲ့သေချာသန့်ရှင်းပြီး ပိုးသတ်ထားတာ သေချာလား သိရှိဖို့ အရင်စုံစမ်းထားသင့်ပါတယ်။ဒါမှသာ အလှအပအတွက် သန့်ရှင်းမှူကိုကြောက်လန့်တကြားစိုးတထိတ်ထိတ်မဖြစ်ရတဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။


    in Communicable Diseases
    အခုတလောသတိထားရမယ့် Human Metapneumovirus