Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

နှလုံးအဆို့ရှင်ကျယ်ခြင်းအကြောင်း

  • All Blogs
  • Cardiology
  • နှလုံးအဆို့ရှင်ကျယ်ခြင်းအကြောင်း
  • August 27, 2024 by
    Hsu Pyae Sone

    နှလုံးအဆို့ရှင်ကျယ်ခြင်းအကြောင်း


    နှလုံးအဆို့ရှင်လေးတွေက နှလုံးရဲ့ အခန်းတွေထဲ သွေးအဝင်အထွက်လုပ်ဖို့ ထိန်းချုပ်ပေးနေတဲ့ အဆို့လေးတွေပါ

    ဒီလို နှလုံးအဆို့ရှင်လေးတွေ ကျယ်လာတဲ့အခါ၊ အဆို့မလုံတော့တဲ့အခါတွေမှာ သွေးက လိုအပ်တဲ့နေရာကို မရောက်တော့တဲ့အပြင် မရောက်သင့်တဲ့နေရာတွေကိုပါ ရောက်သွားတတ်ပါတယ်

    ဘယ်လိုအခြေအနေတွေမှာ နှလုံးအဆို့ရှင်ကျယ်တာမျိုးဖြစ်တတ်လဲဆိုတော့ -

    •  မွေးရာပါ နှလုံးချို့ယွင်းချက် သို့မဟုတ် မွေးရာပါ နှလုံးဆိုင်ရာ ပြဿနာများ
    •  နှလုံးအဆို့ရှင်ရဲ့ အဖွင့်အပိတ်ကို ကူညီပေးတဲ့ တစ်သျှူးကြိုးများ ပျက်စီးနေခြင်း
    •  ပိုးဝင်လို့ လည်ချောင်းနာခြင်းကနေ ဆက်ဖြစ်တဲ့ အဆစ်ရောင်အဖျားရောဂါ (Rheumatic fever)
    •  နှလုံးအတွင်းဆုံးလွှာ ရောင်ရမ်းခြင်း (Endocarditis)
    •  နှလုံးဖောက်ခြင်း
    •  သွေးကြောကျဉ်းရောဂါရှိခြင်း


    နှလုံးအဆို့ရှင်ကျယ်ကြောင်း သိနိုင်တဲ့ လက္ခဏာတွေကတော့ -

    •  အသက်ရှုကြပ်ခြင်း
    • နှလုံးတုန်ခြင်း (အထူးသဖြင့် ဘယ်ဘက်ကို စောင်းအိပ်တဲ့အခါ နှလုံးထဲမှာ တဖျပ်ဖျပ်ခုန်နေတဲ့ ခံစားချက်ကို သတိထားမိတာ)
    •  ခြေလက်များ ရောင်ရမ်းခြင်း
    •  ပင်ပန်းနွမ်းနယ်ခြင်း

     နှလုံးအဆို့ရှင်ကျယ်တာကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးမှန်မှန်သောက်ပြီး လူနေမှုပုံစံပြောင်းလဲလိုက်ရုံနဲ့ ကုသလို့ရနိုင်ပါတယ်။ ဒါပေမယ့် အခြေအနေအရမ်းဆိုးရွားလာရင်တော့ အဆို့ရှင်ကို အစားထိုးခွဲစိတ်မှုပြုလုပ်ရတဲ့အထိလည်း ဖြစ်တတ်ပါတယ်

    ဒါကြောင့် နှလုံးနဲ့ပတ်သက်ပြီး ကိုယ့်မှာ မတင်မကျဖြစ်နေတဲ့ လက္ခဏာလေးတွေရှိရင် မပေါ့ဆဘဲ ချက်ချင်းဆေးစစ်ကြည့်ပါလို့ အကြံပေးပါရစေ။

    ဆေးရုံဆေးခန်းထိသွားဖို့ အချိန်မရှိသေးဘူးဆိုရင်လည်း My-Medicine မှာ အွန်လိုင်းကနေပဲ နှလုံးအထူးကုဆရာဝန်ကြီးများ၊ သမားတော်ကြီးများနဲ့ တိုင်ပင်လို့ရတာကို သတိရလိုက်ပါနော်!

    ပြီးတော့ ဆေးဝါးများဝယ်ယူရန်ဖြစ်​စေ၊ အထူးကုဆရာဝန်​ကြီးများနဲ့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုလျှင်ဖြစ်​စေhttps://mymedicine.com.mm/r/Cardioကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။


    in Cardiology
    သိထားသင့်တဲ့နှလုံးသွေးကြောကျဉ်းရောဂါ